နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်မက်တွေ အမှန်တကယ် ဖြစ်လာပြီလို့ ဆိုလိုက်တဲ့ ယူနိုက်တက် ကစားသမားသစ် အူဂါတီ | ပရီးမီးယားလိဂ်

မန်ဝဲလ် အူဂါတီ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ နောက်ဆုံး ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။ ဥရုဂွေး ကွင်းလယ် ခံစစ်ကစားသမား မန်ဝဲလ် အူဂါတေးဟာ မကြာသေးတဲ့ ရက်ပိုင်း ကပဲ ယူနိုက်တက် ကစားသမား အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီး သူရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း အသင်းနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ နောက်ခံလူတွေ ဖြစ်တဲ့ လီနီ ယိုရို၊ မီသိုင်းယက်စ် ဒီလစ်ဂျ်၊ မက်ဇရာရီနဲ့ တိုက်စစ် ကစားသမား ဇီယက်ခ်ဇီး တို့ကို ခေါ်ယူပြီးနောက် ကွင်းလယ် ခံစစ်ပိုင်း အတွက် အူဂါတီကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အူဂါတီ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို စောစောစီးစီး ရရှိခဲ့ပေမယ့်လည်း နွေရာသီ ဈေးကွက် ပိတ်ခါနီး ရောက်မှပဲ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အူဂါတီကို စပိုတင်းလစ္စဘွန်းမှာ ကစားနေစဉ် ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီက လက်ဦးမှု ရယူနိုင်ခဲ့ပြီး လက်ရှိ အချိန်မှသာ ပီအက်စ်ဂျီ ကနေ ပြန်လည် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အူဂါတီ အတွက် အပိုဆုကြေး အပါအဝင် ယူရို သန်း ၆၀ အထိ အသုံးပြုကာ ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

 
လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ရာသီ အဖွင့် ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲ ရှုံးထားတဲ့ အထိ ရုန်းကန်နေရပြီး အဆင့် ကလည်း ၁၄ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။
အဖွင့် ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲ ရှုံးထားတဲ့ ယူနိုက်တက်

လက်ရှိမှာ ကွင်းလယ် ခံစစ်ကစားသမား ကက်စ်မဲရိုးရဲ့ ခြေစွမ်းပိုင်းတွေ သိသိသာသာ ကျဆင်းလာချိန်မှာ အူဂါတီလို အရည်အသွေးမြင့် ကစားသမားကောင်း တစ်ဦးကို ခေါ်ယူ ဖြည့်တင်းနိုင်ခဲ့တာက ယူနိုက်တက် အတွက် တော်တော်လေးကို အကျိုးရှိခဲ့ရပါတယ်။ အခုလို ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ရတဲ့ အူဂါတီက “ဒီကလပ်နဲ့ ဒီကွင်းကြီးတွေက ဒဏ္ဍာရီဆန်လောက်အောင် ကြီးကျယ် ခမ်းနားလှပါတယ်။ ယူနိုက်တက် ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကလပ်တွေ ထဲက တစ်သင်း ဖြစ်ပါတယ်။ နောက်ပြီး ကြီးမားတဲ့ ကလပ် တစ်ခု ဖြစ်တယ် ဆိုတာကို ကျွန်တော်တို့ အားလုံး သိကြပါတယ်။ အခုတော့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတဲ့ ကျွန်တော်ရဲ့ စိတ်ကူး အိမ်မက်တွေက တကယ် ဖြစ်လာခဲ့ပါပြီ။”

“အခု ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက် ကျွန်တော် အကြာကြီး စောင့်ဆိုင်းနေရတာကြောင့်ပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အူဂါတီက ယူနိုက်တက်မှာ သူရဲ့ စီနီယာ တောင်အမေရိက ကစားသမား ဖြစ်တဲ့ အန်တိုနီယို ဗလင်စီယာ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ်နဲ့ ချဲလ်ဆီးဆီ အငှားနဲ့ ထွက်သွားတဲ့ ဂျေဒန် ဆန်ချိုရဲ့ ကျောနံပါတ် ၂၅ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ရာသီ အဖွင့် ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲ ရှုံးထားတဲ့ အထိ ရုန်းကန်နေရပြီး အဆင့် ကလည်း ၁၄ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကလည်း ရာထူး ကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီး ဆောက်ဂိတ်နဲ့ အစားထိုးခံရမယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်