နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖော်ကောင်လုပ်ခဲ့တဲ့ မာတစ်ကို သစ္စာဖောက်လို့ ကင်ပွန်းတပ်ပေးလိုက်တဲ့ နဗီးလ် | ပရီးမီးယားလိဂ်

ရာနှုန်းပြည့် တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ ဒိတ်ဒိတ်ကြဲ မန်ချက်စတာယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီ နဗီးလ် ကတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

“ယူနိုက်တက် ကစားသမားတွေနဲ့ ပတ်သက်လို့ ကျွန်တော် ညင်ညင်သာသာ ပြောဆိုနေတာ တစ်နှစ်လောက် ရှိပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အသင်းရဲ့ ပိုင်ရှင် အပြောင်းအလဲတွေနဲ့ အခက်အခဲတွေ အကြားမှာ ကစားသမားတွေက အောင်မြင်မှုရဖို့ ရုန်းကန်နေရပါတယ်”

“အသင်းနဲ့ ပတ်သက်တာတွေကို ကြားရတာ သိပ်တော့ မကောင်းလှပါဘူး။ ပိုင်ရှင် အပြောင်းအလဲကို မကြာခင်မှာပဲ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က မာတစ်ရဲ့ အင်တာဗျူးမှာ ကြားခဲ့ရတဲ့ စကားတွေက ကျွန်တော့်ကို စိတ်ပျက်စေပါတယ်”

“ဘောလုံးလောကမှာ အကြီးမားဆုံး သစ္စာဖောက်မှုက အဝတ်လဲခန်းထဲက အကြောင်းတွေကို ကစားသမားတွေ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်စားလှယ်တွေက မီဒီယာတွေဆီ ပြန်ပြောတဲ့ ကိစ္စပါ။ ဒါဟာ အဝတ်လဲခန်းထဲက နည်းပြနဲ့ အသင်းဖော်တွေကို အထင်သေးတာပဲ ဖြစ်ပါတယ်။ အရိုးသားဆုံး ပြောရရင် မာတစ်ရဲ့ လုပ်ရပ်က လုံးဝကို ခွင့်မလွှတ်နိုင်စရာပါ”

“ဒီအကြောင်းတွေ ထပ်ထွက်လာချိန်မှာ ကျွန်တော်က ဒီသောက်တလွဲကောင်တွေက နောက်ထပ် နည်းပြ တစ်ယောက်ကို အထုတ်ခံရအောင် ထပ်လုပ်နေပြန်ပြီလို့ ကျွန်တော် တွေးခဲ့တာပါ”

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
ပဲရစ် စိန့် ဂျာမိန်း
1X2 ပဲရစ် စိန့် ဂျာမိန်း @ 1.88
ဂိုးအောက် 3.00 @ 1.82
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တစ်ဦးပဲ ဖြစ်တဲ့ နီမန်ဂျာ မာတစ်က အင်တာာဗျူး တစ်ခုမှာ ချဲလ်ဆီး ကစားသမားတွေနဲ့ ယူနိုက်တက် ကစားသမားတွေကို နှိုင်းယှဉ်ခဲ့တယ်၊ ချဲလ်ဆီး ကစားသမားတွေက ပရော်ဖက်ရှင်နယ်ဆန်တယ်၊ ထရိန်နင်ကို နောက်မကျဘူး ဆိုပြီး ပြောခဲ့တယ်၊ ဒါပေမယ့် ယူနိုက်တက် မှာတော့ ပေါလ် ပေါ့ဘာ၊ ဂျေဒန် ဆန်ချို တို့က စပြီး နောက်ကျတတ်လို့ ဒဏ်ငွေဆောင်တဲ့ စနစ်လုပ်ထားရတယ်လို့ ပြောပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့၊ နှစ်သင်းစလုံးရဲ့ ခေါင်းဆောင် ကစားသမား စာရင်းတွေ အထဲမှာလည်း ပါခဲ့ဖူးတဲ့ မာတစ် ဒါမျိုး ဖွင့်ချတာ ကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ယူနိုက်တက် ကစားသမား အချို့ စည်းပျက်ကမ်းပျက် ဆိုတာ အများစုက သိထားပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးရဲ့ အကြောင်းကို အတွင်းသိ၊ အဆင်းသိ ဖြစ်ခဲ့ဖူးတဲ့ မာတစ်က အခုလိုမျိုး ဖွင့်ချလိုက်တာ ချဲလ်ဆီး ကစားသမားတွေနဲ့ ယှဉ်ပြီး ယူနိုက်တက် ကစားသမားတွေကို Role ချလိုက်တာပါပဲ။ လက်ရှိမှာ အသင်းတွင်း စည်းလုံးမှု အားနည်းနေတဲ့ အသင်းဟောာင်း အတွက် မာတစ်ရဲ့ ပြောစကားတွေက တော်တော်လေးကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ မကောင်းတဲ့ ဘက်ကနေ ပိုသက်ရောက်ဖို့က ပိုများနေတာပါ။

နဗီးလ် ဆိုတဲ့ လူမျိုး ကလည်း သူ့အသင်းက လူတွေကို ပျစ်ပျစ်နှစ်နှစ် ပြောရင် ပြောမယ်၊ ဒါပေမယ့် အပြင်လူက ဒီလိုမျိုး စည်းကျော်တဲ့ ပုံစံမျိုးတွေနဲ့ ဝေဖန်လာတယ် ဆိုရင် နည်းနည်းလေးမှ လက်ခံတဲ့ လူမျိုး မဟုတ်ပါဘူး။ ဒီလိုပြောလို့ နဗီးလ်က နောက်ကျတာမျိုးကို ကာကွယ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ “ကာရင်တန်ကို သွားတဲ့အချိန်မှာ ကျွန်တော် နောက်ကျခဲ့တာကို မှတ်မိပါသေးတယ်။ နှစ် (၂၀) အတွင်းမှာ တစ်ကြိမ်တည်း နောက်ကျခဲ့တာပါ။ တော်တော်လေး ဆိုးရွားတဲ့ မီးပွိုင့်မှာ ပိတ်မိနေခဲ့ပြီး ကျွန်တော် ဒီ့ပြင်က တစ်ခါမှ နောက်မကျဖူးပါဘူး”

“ဖုန်းခေါ်စရာ ရှိတဲ့လူတွေကို ခေါ်ပြီး အကြောင်းကြားထားပြီး ကျွန်တော် တော်တော်လေး စိတ်ပျက်ရပါတယ်။ ကျွန်တော် သတ်မှတ်ထားတဲ့ စံနှုန်းအရတော့ အသင်းဖော်တွေကို စောင့်ရအောင် လုပ်တာက လေးစားမှု မရှိဆုံး လုပ်ရပ်ပါပဲ” လို့ ပြောကြားခဲ့ပါသေးတယ်။ မာတစ်ကို နဗီးလ် ပြန်လည် တုံ့ပြန်ခဲ့တာက မှန်ကန်တယ်လို့ ဆိုနိုင်ပါတယ်။ အသင်း အခြေအနေ မကောင်းချိန်မှာ ဒီလိုမျိုး မကောင်း သတင်း ထွက်လာတာက ဘာကောင်းကျိုးမှ မရှိတာ အမှန်ပါပဲ။ တခါတလေမှာ ကစားသမားတွေ အနေနဲ့လည်း အချိန်အခါကို ကြည့်ပြီးတော့ ပြောတတ်ဆိုတတ်ဖို့ လိုသေးတယ် ဆိုတာကို ဒီကိစ္စမှာ မြင်တွေ့ခဲ့ရတာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်