လက်ရှိ တူရကီ ကလပ် ဖီနာဘာချီ နည်းပြ ဟိုဆေး မော်ရင်ဟို အနေနဲ့ သူ့ရဲ့ နည်းပြဘဝ အဆုံးမသတ်ခင် အင်္ဂလန်ကို ပြန်လာလိုကြောင်း Sky Sports ရုပ်သံနဲ့ အင်တာဗျူးမှာ ဖြေကြားလာခဲ့ပါတယ်။ မော်ရင်ဟို အနေနဲ့ အစောပိုင်း ကလည်း လာမယ့် အနာဂတ်မှာ ဥရောပ၀င်ခွင့် မရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းငယ်တွေ ကိုသာ ကိုင်တွယ်သွားချင်တော့ကြောင်း ခနဲ့ကာ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျွန်တော့်မှာ အင်္ဂလန် ကလပ် သုံးသင်း ရှိခဲ့ပါတယ်။ အင်္ဂလန်မှာ မတူညီတဲ့ ကာလ ၄ ခုမှာ ကျွန်တော် နည်းပြ လုပ်ခဲ့ပါတယ်။ ကျွန်တော် ဒီနိုင်ငံကို ချစ်မြတ်နိုးပါတယ်။ ပြီးတော့ ကျွန်တော့် လူမှုရေး အမြင်ဘက်က ကြည့်ရင် ဒီလို မြို့များစွာမှာ နေထိုင်ခဲ့ရလို့ အများကြီး ကံကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် မိသားစု ကတော့ လန်ဒန်မှာ နေထိုင်ပါတယ်။ လန်ဒန်ဟာ အိမ်ပါပဲ။ ဒါကြောင့် တစ်နေ့ကျရင် ကျွန်တော် ပြန်လာမှာပါ။ ဘယ်သူမှ အလိုမရှိခဲ့ရင်လည်း တစ်နေ့နေ့မှာ ကျွန်တော် ပြန်ပါလိမ့်မယ်။ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ဘူး ဆိုရင် နောက်ထပ် နှစ်နှစ်လောက်မှာ ဖြစ်မယ် ဆိုတာ သိသာ ရှင်းလင်းပါတယ်။ ဒီရာသီနဲ့ နောက်ရာသီပေါ့။” လို့ ပြောကြားခဲ့သည်။
မော်ရင်ဟို ကတော့ လက်ရှိ ကလပ် ဖီနာဘာချီနဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုထားပါတယ်။ မော်ရင်ဟိုက အင်္ဂလန်ကို ပြန်လာချိန်မှာ တန်းဆင်းဇုန် အတွက် တိုက်ပွဲဝင်ရမယ့် အသင်း ကိုင်တွယ်လိုခြင်း မရှိလို့လည်း နောက်ပြောင် ပြောကြားထားခဲ့ပါသေးတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပရီးမီးယားလိဂ် ကလပ်ဟောင်း ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ အနီကတ် ပြသခံရပြီးနောက် အခုလို ပြောကြားခဲ့သေးတာ ဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျွန်တော် လုပ်ဆောင်ရမယ့် အကောင်းဆုံးအရာ ကတော့ ဖီနာဘာချီ ကနေ ထွက်ခွာဖြစ်ချိန်မှာ ဥရောပ ပြိုင်ပွဲတွေကို မကစားရတဲ့ ကလပ် အသင်းဆီ သွားဖို့ပါပဲ။ ဒါကြောင့် လာမယ့် ၂ နှစ် အတွင်းမှာ နည်းပြ တစ်ဦး လိုအပ်နေတဲ့ အင်္ဂလန်ရဲ့ အောက်ခြေက အသင်း တစ်သင်းသင်း ဆီကို ကိုင်တွယ်ဖို့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ။ ဒီအနီကတ် အကြောင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို ဆက်မပြောချင်တော့ပါဘူး။ ပွဲအကြောင်း ကိုပဲ ပြောသွားချင်ပါတယ်။ အခု အနီကတ်ကို အယူခံဝင်လိုက်မယ် ဆိုရင် ကျွန်တော် ၆ လ လောက် အထိပါ ပွဲပယ်ခံနေရပါဦးမယ်။ ရိုးမားနဲ့ ဆီဗီလာ ဗိုလ်လုပွဲ နောက်ပိုင်း ကတည်းက အနီကတ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှကို မလုပ်ဆောင်တော့တာပါ။” လို့ ဆိုပါတယ်။
အဲဒီနောက် မော်ရင်ဟိုက“ဒါကြောင့် ကျွန်တော့် အနေနဲ့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးရာမှာ နေတာက ကျွန်တော့် အတွက် အနာဂတ် ပိုကောင်းမယ် ထင်ပါတယ်။ ဒါမှ ကျွန်တော်လည်း စိတ်ရှုပ်စရာတွေနဲ့ မကြုံရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဟိုဆေး မော်ရင်ဟိုဟာ ဒိုင်လူကြီးတွေနဲ့ ပတ်သတ်လာရင် အမြဲတမ်း စောဒကတက်သူ ဖြစ်တာကြောင့် မကြာခဏဆိုသလို အနီကတ် ပြသခံရသူ ဖြစ်ပါတယ်။ ထူးခြားချက် ကတော့ အနီကတ် ပြသခံခဲ့ရတဲ့ ပွဲအများစုက ဥရောပ ပွဲစဉ်တွေမှာ ဖြစ်ပြီး ရိုးမား နည်းပြ အဖြစ် တာဝန်ယူခဲ့စဉ်တုန်း ကလည်း ရိုးမားနဲ့ ဆီဗီလာ တို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲစဉ်မှာပါ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ မော်ရင်ဟိုရဲ့ ပြောကြားချက်အရ ဆိုရင် သူ့အနေနဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေကို ပြန်လည် ကိုင်တွယ်တာထက် အသင်းငယ်တွေကိုသာ ကိုင်တွယ်ဖို့ များနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.