နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီနွေရာသီမှာ နောက်ထပ် ဈေးကြီးတဲ့ ခေါ်ယူမှု ပြုလုပ်သွားမှာ မဟုတ်ကြောင်း ပြောလာတဲ့ အာတေးတား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက အင်္ဂလန် ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီ မှာတော့ အာဆင်နယ်က နောက်ထပ် ဈေးကြီးတဲ့ ခေါ်ယူမှု ပြုလုပ်သွားမှာ မဟုတ်ကြောင်း နည်းပြ မီခဲလ် အာတေးတားက ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဒီကလန် ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ကစားသမား ကလည်း သူ့ အတွက် ဂန်းနားတွေနဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ အထင်ကြီးစရာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ရိုက်စ် က အာဆင်နယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၅၁ ပွဲ ကစားပြီး ၇ ဂိုး သွင်းကာ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ ရိုက်စ်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အာတေးတား ကတော့ မနှစ်က ရိုက်စ်ကို စံချိန်တင်ကြေး ပေးပြီး ခေါ်ယူခဲ့သလိုမျိုး ဒီနှစ်မှာ လုပ်ဆောင်သွားမှာ မဟုတ်ပဲ လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ အတွက် ကျေနပ် ပျော်ရွှင်မိကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ ရိုက်စ်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
ရိုက်စ်ကို ပေါင်သန်း ၁၀၀ ကျော် ပေးကာ ခေါ်ယူထားတဲ့ အာဆင်နယ်

အမေရိကန်မှာ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်မှာ အာတေးတားက “ဒီလိုမျိုး ထပ်လုပ်ဖို့ ကျွန်တော်တို့ မမျှော်လင့်ထားပါဘူး။ ဒါက လက်တွေ့ပါပဲ။ ဈေးကွက်မှာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ တိုးတက်လာတဲ့ အရာတွေကိုလည်း ပြသပြီးပါပြီ။ ဖေဖေါ်ဝါရီ၊ မတ်နဲ့ ဧပြီလတွေမှာ ကျွန်တော်တို့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အသင်းကို အားကောင်းအောင် လုပ်ပါမယ်။ အခုလက်ရှိထိ ကျွန်တော်တို့ ရထားတဲ့ အတွက် စုဖွဲ့မှု အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်။

အာဆင်နယ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မနှစ်က ဘရန့်ဖို့ဒ် ကနေ အငှားနဲ့‌ ခေါ်ယူထားတဲ့ ဒါးဗစ် ရာယာကို အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီး လူငယ် ဂိုးသမား ဆတ်ဖို့ဒ်ကို အေဂျက်စ် ကနေ ခေါ်ယူခဲ့ပါတယ်။ အခု နောက်ဆုံး အနေနဲ့တော့ အီတလီ ခံစစ် ကြယ်ပွင့် ရီကာဒို ကာလာဖီအိုရီကို ဘိုလော့ဂ်နာ ကနေ ပေါင် ၃၉ သန်းနဲ့ ခေါ်ယူပြီး တရားဝင် မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့တော့ ရှိနေသေးပြီး မီခဲလ် မာရင်နို၊ ဖေဘီယန် ရူအစ်ဇ်၊ ဇူဘီမန်ဒီ တို့လို ကစားသမားတွေကို ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

ကာလာဖီအိုရီဟာ နည်းပြ မီခဲလ် အာတေးတား လက်ထက် ၁၁ ဦးမြောက် ခံစစ် ကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး ဒီနည်းပြ လက်ထက် မှာတော့ အာဆင်နယ်က ခံစစ်ပိုင်း အတွက် အကြမ်းဖျင်း ပေါင် သန်း ၂၄၀ သုံးစွဲထားပြီး ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေ အရ ဆိုရင် အာဆင်နယ်ဟာ သူတို့ရဲ့ ဟေးလ်အန့် အကယ်ဒမီထွက် ကွင်းလယ်လူ စမစ်ရိုးဝ်ကို ဖူလ်ဟမ် အသင်းထံ ပေါင် ၂၇ သန်း + ၇ သန်းနဲ့ ရောင်းချထားခဲ့ပြီး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လူငယ် ကစားသမားတွေနဲ့ အတူ လိုကွန်ဂါ၊ နူနို တာဗာရက်စ် တို့ကို လက်လွှတ်ထားခဲ့ပြီး တိုက်စစ်မှူး အက်ဒီ အန်ကတ်တီးယား ကလည်း အသင်းပြောင်းရွှေ့ဖို့ များနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်