ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ်မှူး မာ့ခ် ဂီဟီ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ပြိုင်ဘက် လစ်ဗာပူးလ် အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မာ့ခ် ဂီဟီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် လာမည့် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီ မှာတော့ လန်ဒန် ကလပ်နဲ့ လမ်းခွဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဂီဟီကို ပရီးမီးယားလိဂ် ကလပ် တစ်ခု ပဲ ဖြစ်တဲ့ နယူးကာဆယ်က ပြီးခဲ့တဲ့ နွေရာသီမှာ ၃ ကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ်က ကမ်းလှမ်းမှုတိုင်းကို ပယ်ချခဲ့သလို၊ ကစားသမား ကိုယ်တိုင် ကလည်း ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ရရှိမယ့် အသင်းဆီ ကိုသာ ပြောင်းရွှေ့လိုနေကြောင်းလည်း သိရပါတယ်။
လက်ရှိ မှာတော့ ဂီဟီကို ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ ကစားသမား ကလည်း အန်ဖီးလ်ကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေ ကတော့ ဂီဟီရဲ့ အပြောင်းအရွှေ့က တန်ဖိုးကြီးမားတဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိကြောင်းလည်း သုံးသပ်နေကြပါတယ်။
ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ မာ့ခ် ဂီဟီဟာ ၂၀၂၁ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ ပြီးတော့ လက်ရှိ အီးဇီး ပြီးရင် ခရစ္စတယ်ပဲလေ့စ်ရဲ့ တန်ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဆွမ်ဆီးမှာ နှစ်ရာသီ နီးပါး ကစားခဲ့ဖူးတဲ့ မာ့ခ် ဂီဟီက ပဲလေ့စ် မှာတော့ ၄ ရာသီမြောက် အဖြစ် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဂီဟီက လက်ရှိ ရာသီမှာတော့ ခရစ္စတယ်ပဲလေ့စ် အတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူပေးထားပါတယ်။
သတင်းတွေအရ ဆိုရင်တော့ ပဲလေ့စ် က ဂီဟီလို အသင်း အတွက် မရှိမဖြစ် အရေးပါနေတဲ့ ကစားသမားမျိုးကို အသင်း ကနေ အလွယ်တကူ ရောင်းထုတ်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ လစ်ဗာပူးလ်ဟာ ဂီဟီကို ဒီရာသီ မစတင်ခင် ကတည်း စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အဲဒီ အချိန် ကတည်း ပဲလေ့စ်ဟာ ဂီဟီ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှာသာ ရောင်းထုတ်သွားဖို့ ရှိနေကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်းက လစ်ဗာပူးလ်ဟာ ဂီဟီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ စတင် ကမ်းလှမ်းသွားဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
လက်ရှိမှာ လစ်ဗာပူးလ်က သူတို့ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်ခ်ကို စာချုပ်သက်တမ်း တိုးရဖို့ ရှိနေပြီး အခုချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒီအခြေအနေက စောင့်ကြည့်ချင်စရာ ဖြစ်ပြီး အသင်း ဘက်ကတော့ ဗန်ဒိုက်ခ်ကို စာချုပ်သက်တမ်းတိုးဖို့ ကိစ္စ အတွက် စိုးရိမ်ခြင်း မရှိကြောင်း ပြောဆိုထားပါတယ်။ အကယ်၍ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်သာ ဗန်ဒိုက်ခ်ကို သက်တမ်း မတိုးဖြစ်ခဲ့ရင်တော့ မာ့ခ် ဂီဟီကို ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.