နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုနေးကို အဲရစ်ခ်ဆင်နဲ့ အလိုက်ပေး ခေါ်မယ့် ယူနိုက်တက်၊ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးသွားမယ့် စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ပေါင်သန်း ၆၀နဲ့ ခေါ်ယူရန် ကမ်းလှမ်းထားတယ်လို့ စပိန် သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုနေးကို ခေါ်ယူဖို့ အတွက် ယူနိုက်တက် ဘက်က ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင်ကို ဘရန့်ဖို့ဒ် အနေနဲ့ ပြန်လည် ခေါ်ယူနိုင်တဲ့ အခွင့်အရေးလည်း ပေးထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်မှာ ပြင်ဆင်မှု များစွာ ပြုလုပ်ဖို့ ရှိပြီး အဲရစ်ခ်ဆင် ကလည်း အသင်း ကနေ ထွက်ခွာခွင့်ပေးထားတဲ့ စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဟာ လိုင်လီ ဗဟိုခံစစ်မှူး လီနီယိုရိုကို ခေါ်ယူချင်နေပေမယ့် သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ကို ပေးချေဖို့တော့ လက်ရွံနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စပိန် ကလပ်ဟာ ဒီကစားသမားကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မကြိုးပမ်းသေးပဲ အစားထိုး အနေနဲ့ အလာဗက်စ်ကို အငှားချတဲ့ ရာဖာ မာရင်ကို ပြန်လည် ခေါ်ယူမယ့် သဘောမှာ ရှိနေတယ်လို့ စပိန် နာမည်ကြီး သတင်းစာ မာကာက ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ယူနိုက်တက်ရဲ့ ကစားသမား ပစ်မှတ် စာရင်းထဲမှာ ပြောင်းရွှေ့ကြေး မြင့်မားတဲ့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်ခ်တာ ဂိုကီးရက်စ်၊ ဘင်ဖီကာက ယာအို နီးဗက်စ် အပြင် ပေါ်တို တိုက်စစ်မှူး အီဗန်နီလ်ဆင်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဗစ်တာ ဂိုကီးရက်စ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ လူနင်

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့ ထိပ်တန်း ဦးစားပေး ခေါ်ယူမှု အဖြစ်တော့ တိုက်စစ်မှူး တစ်ဦးနဲ့ ကွင်းလယ်လူ တစ်ဦး အင်အားဖြည့်တင်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ စပါးမှာ အားကိုးရတဲ့ အဓိက တိုက်စစ်မှူး ရှိမနေပဲ ရစ်ချာလီဆင် ကလည်း ပုံမှန် ခြေစွမ်း မရှိတာကြောင့် ဆွန်ဟောင်မင်ကို အထောင်ထား ကစားနေရတာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် ဂိုးသမား အန်ဒရီ လူနင် ကတော့ အခုနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိနေသူ ဖြစ်ပါတယ်။ ဒီယူကရိန်း ဂိုးသမားကို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေပြီး ခေါ်ယူဖို့လည်း ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီး အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတားကို ပပ် ဂွာဒီယိုလာရဲ့ ကလပ်အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ရရှိခဲ့တဲ့ သတင်းတွေ အရ ပက်ကေးတားဟာ လောင်းကစားကိစ္စတွေကြောင့် FA ရဲ့ စစ်ဆေးခြင်းခံရဖွယ် ရှိပြီး သူ့ရဲ့ မန်စီးတီးနဲ့ အပြောင်းအရွှေ့က အဲ့ဒီ ကိစ္စတွေ အပေါ်မှာ မူတည်နေတယ်လို့လည်း သိရပါတယ်။ ဂွာဒီယိုလာ ကတော့ သူ့ရဲ့ တောင့်တင်းတဲ့ ကွင်းလယ်ကို ပက်ကေးတားနဲ့ ပြီးပြည့်စုံစေချင်တဲ့ သဘောမှာ ရှိပြီး ကစားသမားနဲ့လည်း သဘောတူညီမှု ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါးက အီမာဆင် ရွိုင်ရယ်ကို ထပ်မံ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒီကစားသမားကို စီးရီးအေ ထိပ်သီး အေစီမီလန် ကလည်း စိတ်ဝင်စားနေပြီး ဘေယန်မြူးနစ် ကလည်း ကစားသမားရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နေတယ်လို့ The Sun က ဖော်ပြလာပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်