နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပေါ် မူတည်နေတဲ့ မန်စီးတီးရဲ့ ကံကြမ္မာ

မန်ချက်စတာစီးတီး ကတော့ ဘဏ္ဍာရေး မျှတစွာ ကစားရေး (FFP) စည်းမျဉ်း ချိုးဖောက်ခဲ့မှုတွေ ရှိတယ် ဆိုပြီး လူသိရှင်ကြား ဖော်ထုတ်ခံလိုက်ရပါပြီ။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ၄ နှစ်ကြာ စုံစမ်း ထောက်လှမ်းခဲ့ပြီးနောက်မှာ ခိုင်မာတဲ့ အချက်အလက်တွေနဲ့ အတူ ထုတ်ပြန်ခဲ့ပြီး မန်စီးတီးကို အရေးယူဖို့ အတွက် လုပ်ဆောင်သွားမယ့် အလားအလာတွေလည်း အများကြီး ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ဒီလို စည်းကမ်း ချိုးဖောက်မှု အတွက် နောက်ဆုံး ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အသင်းက ချယ်လ်ဆီး ဖြစ်ပြီး နည်းပြ ဖရန့်ခ် လမ်းပတ် လက်ထက်မှာ ကစားသမား အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။

သတင်းတွေအရ ဆိုရင်တော့ မန်စီးတီးက အချက်ပေါင်း ၁၀၀ ကျော် ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါက မနည်းလှတဲ့ အရေအတွက်ပါ။ ဒီအတွက် သူတို့ ချမှတ်ခံရနိုင်တဲ့ ပြစ်ဒဏ်တွေ ကတော့ အနိမ့်ဆုံး အဆင့် ငွေဒဏ်၊ ရမှတ် လျှော့ချခံရတာ၊ တန်းဆင်းရနိုင်တာနဲ့ ဆုဖလားတွေ ပြန်လည် လွှဲပြောင်းပေးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ငွေဒဏ်လောက်နဲ့ ပြီးသွားရင် ကိစ္စ မရှိပေမယ့် အခြား ပြစ်ဒဏ်တွေ ဆိုရင်တော့ သူတို့ အသင်းရဲ့ ခိုင်မာတဲ့ ဖောင်ဒေးရှင်းတွေက တော်တော်လေးကို ယိုင်နဲ့ သွားဖို့ ရှိနေပါတယ်။

ပြီးတော့ အားကစားလောကရဲ့ အမြင့်ဆုံး ခုံရုံး ဖြစ်တဲ့ CSA မှာလည်း အယူခံဝင်ခွင့် မရလို့ ဆုံးဖြတ်ချက် မှန်သမျှဟာ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အပေါ်မှာပဲ မူတည်နေပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းဆင်းရနိုင်သလို ဆုဖလားတွေလည်း ပြန်လည် အပ်နှံရနိုင်ချေ ရှိနေတဲ့ မန်စီးတီး

ရမှတ် အလျှော့ခံရမယ် ဆိုရင် ဒီရာသီမှာ သူတို့ ရပ်တည်မှုက ဇယား အောက်ကို ရောက်သွားမှာ ဖြစ်ပြီး လာမယ့် ရာသီမှာ ဥရောပ ဝင်ခွင့် ရဖို့ အတွက်ပါ မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာခဲ့မယ် ဆိုရင် ကစားသမားသစ်တွေ ခေါ်ယူတဲ့ နေရာမှာ အခက်တွေ့တော့မှာ ဖြစ်ပြီး ဒီဒဏ်ကို သူတို့တွေ ဘောလုံးရာသီ တစ်ရာသီ၊ နှစ်ရာသီလောက် အထိ ခံရဖွယ် ရှိပါတယ်။ ပြီးတော့ ရှိရင်းစွဲ ကစားသမားတွေ အသင်း ကနေ ထွက်ခွာမယ် ဆိုရင်လည်း တားဆီးဖို့ မလွယ်ကူတော့တာပါဘူး။ တချို့ ကစားသမားတွေနဲ့ စာချုပ်မှာ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် မရရင် ထွက်ခွာခွင့် ပေးရမယ်ဆိုတဲ့ သဘောတူညီချက်တွေ ရှိနိုင်တာမို့ ဒါတွေကို မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တန်းဆင်းရတာ ဆိုရင်တော့ သူတို့ အတွက် ဂုဏ်သိက္ခာပါ ကျဆင်းသွားတော့မှာပါ။ စီးရီးအေမှာ ဂျူဗင်တပ်စ်တို့ လုပ်ပွဲကြောင့် တန်းဆင်းခဲ့ရတုန်းက သူတို့ရဲ့ ကစားသမားတွေက လိုက်ပြီး ကစားပေးသလိုမျိုး မန်စီးတီး ကစားသမားတွေ လိုက်ကစားပေးဖို့ ကတော့ မသေချာလှပါဘူး။ ဖြစ်နိုင်ချေ များတာက အဓိက ကစားသမားတွေ အသင်းကနေ အလျှိုလျှို ထွက်သွားပြီး နောက်ဆုံးမှာ လူငယ်တွေနဲ့ အားပြုရမယ့် အခြေအနေတောင် ရောက်သွားနိုင်ပါတယ်။ ချက်ချင်း တန်းပြန်တက်နိုင်ခဲ့ရင်တောင် သူတို့ ပြန်ပြီး တည်ဆောက်ရဦးမှာပါ။ ပြီးရင်တော့ သူတို့တွေ ရရှိခဲ့တဲ့ အမှတ်ပေးဖလားတွေကို သက်ဆိုင်ရာ ဘောလုံး ရာသီတွေမှာ ဒုတိယနေရာ ရခဲ့တဲ့ အသင်းတွေဆီ လွှဲပေးရမယ် ဆိုရင်တော့ မန်စီးတီးရဲ့ ဖလားပြတိုက်ထဲမှာ ပြောင်သလင်းခါသွားမယ့် အရေးလည်း ရှိနေပါသေးတယ်။

သတင်းတွေအရ ဒီကိစ္စကို စစ်တပ် ထောက်လှမ်းရေးတွေပါ ဝင်ရောက် ကိုင်တွယ်နေပြီး ခိုင်မာတဲ့ အချက်တွေလည်း ရရှိထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ အားကစားလောကရဲ့ အမြင့်ဆုံး ခုံရုံး ဖြစ်တဲ့ CSA မှာလည်း အယူခံဝင်ခွင့် မရလို့ ဆုံးဖြတ်ချက် မှန်သမျှဟာ ပရီးမီးယားလိဂ် အဖွဲ့ချုပ် အပေါ်မှာပဲ မူတည်နေပါတယ်။ UEFA က သူတို့ကို ပြစ်ဒဏ် ချမှတ်တုန်းက CSA မှာ အယူခံဝင်လို့ အောင်မြင်ခဲ့သလိုမျိုး လမ်းစဉ်ကို သူတို့ လိုက်လို့ မရတော့ပါဘူး။ မန်စီးတီး တာဝန်ရှိသူတွေ ဘက်ကတော့ သူတို့အမှားမလုပ်ခဲ့ဘူးလို့ တုံ့ပြန်ထားပေမယ့် အချက်အလက် ခိုင်မာမှုတွေ ရှိနေခဲ့ရင်တော့ ကျိန်းသေပေါက် ပြစ်ဒဏ်တွေ ရင်ဆိုင်ရပြီး ဘယ်လောက်ထိ ပြင်းထန်မလဲ ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်