နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်စာလုပ်လာတဲ့ ချဲလ်ဆီးကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

တစ်ဖက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ အဝေးကွင်း ဂိုးပြတ်နိုင်ပွဲတွေ ရခဲ့ချိန် မန်စီးတီးတို့ ခြေချော်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတို့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အိမ်စာ ကောင်းကောင်း လုပ်လာခဲ့တဲ့ ချဲလ်ဆီးကြောင့် ခက်ခဲခဲ့ရပြီး ရိုဒရီရဲ့ ဂိုးသာ မကယ်ရင် ရှုံးနိမ့်သွားနိုင်တဲ့ အခြေအနေထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး မန်စီးတီး ဘက်မှာ ဝေါလ်ကာ၊ ဒီးရာ့စ်၊ အေခီ၊ အာကန်ဂျီ၊ ရိုဒရီ၊ ဒီဘရွန်းနား၊ အဲလ်ဗာရက်ဇ်၊ ဒိုခု၊ ဖိုဒန်နဲ့ ဟာလန်းတို့ ပါဝင်ခဲ့ကြပါတယ်။ ချဲလ်ဆီး မှာတော့ ပီထရိုဗစ်၊ ဂူစတို၊ ချေးဝဲလ်၊ ကိုးဝဲလ်၊ ဒီဆာဆီ၊ ကိုင်စီဒို၊ ဖာနန်ဒက်ဇ်၊ ဂယ်လာဟာ၊ စတာလင်၊ ပါးလ်မားနဲ့ နီကလပ်စ် ဂျက်ဆန်တို့ ပွဲထွက်ခဲ့ကြပါတယ်။

ချဲလ်ဆီး ကတော့ ရမှတ် ၃၅ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အဆင့် ၅ နေရာက စပါးနဲ့လည်း ၁၂ မှတ် အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီး

ထုံးစံ အတိုင်း မန်စီးတီးက ပွဲစကတည်းက ပြိုင်ဘက်ကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပေမယ့် တစ်ချက်တစ်ချက်မှာ လွတ်ထွက်သွားတဲ့ ချဲလ်ဆီးရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ အဓိက ကတော့ ရှေ့အရမ်း တက်လွန်းတဲ့ နေသန် အေခီရဲ့ အားနည်းချက်ကို ပိုချက်တီနို အနေနဲ့ အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ မန်စီးတီးတို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါတောင် နီကလပ်စ် ဂျက်ဆင်နဲ့ စတာလင်တို့သာ မဖြုန်းတီးခဲ့ကြရင် ချဲလ်ဆီးတို့ အစောထဲက ဂိုးပြတ် ဦးဆောင်နိုင်ခဲ့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဟာလန်း တစ်ယောက် အပိုင် ခေါင်းတိုက် အဆုံးသတ်ခွင့်တွေ ရခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။

ပွဲကစားချိန် မိနစ် ၄၀ ကျော်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး တန်ပြန် တိုက်စစ် ကနေ ဂျက်ဆန် ဖန်တီးပေးလိုက်တာကို စတာလင်က ဝေါလ်ကာကို တစ်ချက်လှည့်ထွက်ပြီး လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ မန်စီးတီးတို့ ချေပဂိုး ရဖို့ ကြိုးပမ်းခဲ့ရသလို ချဲလ်ဆီးရဲ့ ထက်မြတ်နေတဲ့ တန်ပြန် တိုက်စစ်ကို တားဆီးဖို့ ကြိုးပမ်းရင်း အလုပ် ရှုပ်နေခဲ့ရပါတယ်။ ကံကောင်းတာက ပွဲချိန် မိနစ် ၈၀ ကျော်မှာ ရိုဒရီက သူ့ရဲ့ ထုံးစံ အတိုင်း ပြန်အံထွက်လာတဲ့ ဘောလုံးကို ကန်ချက် ခပ်ပြင်းပြင်းနဲ့ အဆုံးသတ်ခဲ့လို့ မန်စီးတီးတို့ သရေ ၁ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ချဲလ်ဆီး ကလည်း ပိုချက်တီနိုသာ ခံစစ် လုံးဝ ပြောင်းမကစားလိုက်ရင် မန်စီးတီးကို တန်ပြန် တိုက်စစ်နဲ့ အနိုင်ယူနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
PSV
ဒေါ့မွန်
1X2 ဒေါ့မွန် @ 2.93
ဂိုးပေါ် 3.00 @ 2.12
ဂိုးပေါင်း 0-1 @ 4.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပြီး လစ်ဗာပူးလ်နဲ့ ၄ မှတ် ကွာဟသွားခဲ့သလို အာဆင်နယ်နဲ့လည်း ၂ မှတ် ကွာဟခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ထက် တစ်ပွဲလျော့ ကစားထားတာကြောင့် ချန်ပီယံဆု အတွက်တော့ မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ရမှတ် ၃၅ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး အဆင့် ၅ နေရာက စပါးနဲ့လည်း ၁၂ မှတ် အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ ကြားရက်မှာ ဘရန့်ဖို့ဒ်နဲ့ ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ လစ်ဗာပူးလ်နဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်