နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂီမာရေးစ်ကို ခေါ်ယူဖို့ ပြောင်းလဲ စဉ်းစားလာတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်း ကတော့ နယူးကာဆယ် ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံတွေ အနေနဲ့ ဂီမာရေးစ်ကို ခေါ်ယူရေး အေးဂျင့် ဖြစ်သူနဲ့ ချိတ်ဆက်လျက် ရှိကြောင်း တိကျတဲ့ သတင်း အရင်းအမြစ်တွေအရ သိရပါတယ်။

မန်စီးတီးဟာ အစောပိုင်းမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတားနဲ့ ပုဂ္ဂိုလ်ရေး ဆိုရင် သဘောတူညီချက် ရရှိထားခဲ့ပေမယ့် လောင်းကစားဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ် ဆိုပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့ တရားဝင် တရားစွဲဆိုခြင်း ခံထားရပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ပက်ကေးတား အစား ဘရာဇီးလ် အသင်းဖော် ဂီမာရေးစ်ကို စဉ်းစားလာတာ ဖြစ်နိုင်ပါတယ်။ ပက်ကေးတားဟာ ပပ်ဂွာဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်ပြီး မန်စီးတီး ကွင်းလယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်လာလိမ့်မယ် ဆိုပြီးတောင် တင်စားခံထားရသူ ဖြစ်ပါတယ်။

မန်စီးတီးဟာ နှစ်စဉ် နှစ်တိုင်းလိုလို ကစားသမား ခေါ်ယူ ဖြည့်တင်းမှုတွေ ပြုလုပ်တတ်တဲ့ အသင်း ဖြစ်ပြီး လာမယ့် နွေရာသီမှာလည်း ကစားသမား သစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီး ကွင်းလယ်မှာ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ကိုဗာချစ်၊ ဒီဘရွန်းနား၊ နူးနက်စ် တို့လို ကစားသမား ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဂီမာရေးစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘရွန်းနားနဲ့ နူးနက်စ် တို့ဟာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် ဒီကစားသမား နှစ်ဦး နေရာမှာ အစားထိုးဖို့ ဂီမာရေးစ်ကို ကြိုးစားလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ အနေနဲ့ ကွင်းလယ် ခံစစ် နေရာမှာသာမက ဗဟိုကွင်းလယ် နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာ နယူးကာဆယ် ဘက်က သူတို့ရဲ့ ကစားသမားကို အလွယ်တကူ လက်လွှတ်ခံသွားဖို့ မရှိပဲ စာချုပ်ဖျက်သိမ်းကြေး အဖြစ် ပေါင် သန်း ၁၀၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဖာဘရီစီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂီမာရေးစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် ဇွန်လ နောက်ဆုံးပတ် အထိ သက်ရောက်မှု ရှိနေမယ်လို့ သိရပါတယ်။

ဂီမာရေးစ်ကို မန်ချက်စတာစီးတီး မတိုင်ခင်က အာဆင်နယ်နဲ့ ပီအက်စ်ဂျီ တို့က တော်တော်လေး စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးက များပြားလွန်းနေတာကြောင့် လက်လျှော့သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဂီမာရေးစ်ကို မန်စီးတီး တစ်သင်းတည်းကသာ ဆက်လက် ကြိုးပမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

ဂီမာရေးစ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၃၇ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၇ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားသူ ဖြစ်ပါတယ်။ လက်ရှိအချိန် ဂီမာရေးစ်ဟာ နယူးကာဆယ် အတွက် ပြိုင်ပွဲစုံမှာ ၁၀၇ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်