နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇူဘီမန်ဒီကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖွယ် ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးလေး ဂျော်ရွှာ ဇီယက်ဇ်ဇီးကို စီးရီးအေ ကလပ် ဘိုလော့ဂ်နာ ကနေ ခေါ်ယူထားသလို ဗဟိုခံစစ် နေရာ အတွက်လည်း လိုင်လီက လီနီ ယိုရိုကို ခေါ်ယူထားပါတယ်။ ယူနိုက်တက်ဟာ ဒီကစားသမား နှစ်ဦး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ကျော် သုံးစွဲထားပေမယ့် အခြားသော နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်က အဓိက အားဖြင့် ကွင်းလယ်ပိုင်းနဲ့ ဘယ်/ညာ ခံစစ် နှစ်ဖက်ကို အင်အားဖြည့်တင်းဖို့ ရှိနေတယ်လို့ သိထားရပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ INEOS က နောက်ထပ် ဗဟိုခံစစ် ကစားသမား တစ်ဦးနဲ့ ကွင်းလယ် ကစားသမား တစ်ဦးကို အဲရစ်ခ် တန်ဟက်ဂ် အတွက် ထပ်မံ ခေါ်ယူပေးသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဗဟိုခံစစ် အတွက် ဆိုရင်တော့ ယူနိုက်တက်က မားသီးယက်စ် ဒီလစ်ဂျ်၊ ဂျရတ် ဘရန့်ဝိတ်သ်နဲ့ အန်တိုနီယို ဆေးလ်ဗား တို့ကို စိတ်ဝင်စားနေပြီး ကွင်းလယ် အတွက် ကတော့ မန်ဝဲလ် အူဂါတီနဲ့ ဆိုဖရန် အမ်မရာ ဘတ်ကိုတော့ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့်လည်း အခုအခါမှာတော့ ယူနိုက်တက်က ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ ဇူဘီမန်ဒီကို စာချုပ်ပါ လျော်ကြေးငွေ ယူရို သန်း ၆၀ (ပေါင် ၅၁ သန်း) ပေးပြီး ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လအစောပိုင်းမှာ Sport Bild ဂျာနယ်လစ် ခရစ္စတီယန် ဖော့ခ်က “အာဆင်နယ်ဟာ (မာတင် ဇူဘီမန်ဒီ) အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးချေပြီး ခေါ်ယူဖို့ အမှန်တကယ် ပြင်ဆင်ထားခဲ့တယ်” လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်က ဇူဘီမန်ဒီ အတွက် စိတ်ဝင်စားမှုကို ရုတ်သိမ်းခဲ့ပြီး အခြား ကွင်းလယ်လူတွေကိုပဲ ပစ်မှတ်ထား စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနို ကလည်း ယူနိုက်တက်က အခုနွေရာသီမှာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ရိုမာနိုက ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့က ခက်ခဲပြီး စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆၀ ရှိကြောင်း၊ ကစားသမား ကလည်း အသင်း ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေခြင်း မရှိကြောင်း သူဟာ ရီးရဲလ်ဆိုစီဒက်မှာ အမြဲတမ်း ပျော်ရွှင်နေကြောင်း။ သူ့မြို့၊ သူ့နိုင်ငံမှာ ကစားနေတာကြောင့် ဇူဘီမန်ဒီကို ခေါ်ယူဖို့ မလွယ်ကူကြောင်း ပြောကြားထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရိုမာနိုက ရွေးချယ်စရာတွေ အများကြီး ရှိနေပြီး သေချာတာ ကတော့ မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်မှာ တစ်ခုခု လုပ်ဖို့ စဉ်းစားနေတယ် ဆိုပြီးလည်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်