နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ကစားသမားတွေ အများဆုံး အရွေးချယ်ခံခဲ့ရတဲ့ ၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရဲ့ နေရာလိုက် အဆိုးရွားဆုံး ၁၁ ယောက် စာရင်း

ESPN က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရဲ့ စိတ်ပျက်စရာ အကောင်းဆုံး နေရာ အလိုက် ကစားသမား ၁၁ ဦး စာရင်း မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမား အများဆုံး ပါဝင်နေပြီး ဘယ်သူတွေ ဘာကြောင့် ရွေးချယ်ခံခဲ့ရသလဲ ဆိုတာ ပြန်လည် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။


ဂိုးသမား – ကီပါ အရစ်ဇာ ဘလာဂါ (ချဲလ်ဆီး)

ကီပါ အရစ်ဇာဘလာဂါ ကတော့ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ဂိုးသမား ဖြစ်ပေမယ့် ဒီရာသီ အက်ဒ်ဝက်ဒ် မန်ဒီရဲ့ နောက် ဒုတိယ ဂိုးသမား အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် စပိန် ဂိုးသမားဟာ ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲ အများစု မှာသာ ပွဲထွက်ခွင့်ရထားသလို ပါဝင် ကစားခွင့်ရချိန်တွေ မှာလည်း အမှားအယွင်းတွေ ရှိခဲ့တာကြောင့် ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ မှတ်မှတ်ရရ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီ ဖမ်းဖို့ သက်သက် ဝင်ရောက်လာခဲ့ပေမယ့် တစ်လုံးမှ မကာကွယ်နိုင်ခဲ့သလို သူကိုယ်တိုင် ကန်သွင်းရမယ့် အလှည့်မှာလည်း မိုးပေါ်ထောင်ကန်ခဲ့ပြီး ချဲလ်ဆီးကို ဆုဖလားနဲ့ ဝေးစေခဲ့သူ ဖြစ်ပါတယ်။


ဘယ်နောက်ခံ – အာရွန် ဝမ်ဘစ်ဆာခါ (မန်ချက်စတာယူနိုက်တက်)

နောက်တန်း ညာအစွန်နေရာ အတွက် ကိုတော့ မန်ချက်စတာယူနိုက်တက်က ဝမ်ဘစ်ဆာခါ ရွေးချယ်ခံခဲ့ရပြီး ပေါင်သန်း ၅၀တန် ကစားသမားဟာ ရန်းညက်ခ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့သူ ဖြစ်ပါတယ်။ ဘစ်ဆာခါ အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲ ၂၀ သာ ကစားခဲ့ရပြီး သူပါဝင်ကစားခဲ့တဲ့ ပွဲ ၂၀ မှာ ယူနိုက်တက်တို့ ၇ ပွဲသာ အနိုင်ရပြီး ၉ ပွဲ အထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရန်းညက်ခ် အနေနဲ့ ပုံမှန် ခြေစွမ်းခဲ့တဲ့ ဘစ်ဆာခါ နေရာမှာ အေစီမီလန်က ပြန်လာတဲ့ ဒါးလ်လော့တ်ကို အစားထိုး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။


ဗဟိုခံစစ် – ဟယ်ရီ မက်ဂွိုင်းယား (မန်ချက်စတာယူနိုက်တက်)

ပါမှ ပါပါ့မလားလို့ မတွေးပါနဲ့။ မပါမဖြစ်ကို တကူးတက ထည့်ပြီး ဖော်ပြရမယ့် ကစားသမားပါ။ ယူနိုက်တက် ပရိသတ်တွေ ချစ်စနိုးနဲ့ ဂေါင်းကြီးလို့ ခေါ်တဲ့ ဟယ်ရီမက်ဂွိုင်းယား အကြောင်းနဲ့ ပတ်သတ်လို့တော့ အထွေအထူး ပြောစရာ လိုမယ် မထင်ပါဘူး။ ယူရို ၂၀၂၀ မှာ အီတလီကို ရှုံးပြီး နောက်ပိုင်း ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားတဲ့ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ် ထိပ်သီး အသင်း တစ်သင်းမှာ ဆက်ကစားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အထိ ခြေစွမ်းပါ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ ကွင်းတွင်း ခြေစွမ်းနဲ့ အပြုအမူတွေဟာ ဘောလုံး ပရိသတ်တွေ အကြား လှောင်ရီစရာပါ ဖြစ်ခဲ့ပြီး တချို့ ပရိသတ်တွေ ဆိုရင် သူ့ရဲ့ အိမ်ကိုပါ ဗုံးခွဲ တိုက်ခိုက်မယ် ဆိုပြီး ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ဆားဗီးယား
နော်ဝေး
1X2 နော်ဝေး @ 3.00
ဆားဗီးယား အာရှ အကျောပေး -0.50 @ 2.31
ဂိုး‌အောက် 2.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဗဟိုခံစစ် – ရာဖေးလ် ဗာရန်း (မန်ချက်စတာယူနိုက်တက်)

ရာဖေးလ် ဗာရန်း ကတော့ ယူနိုင်တက် ပရိသတ်တွေ တော်တော်လေး မျှော်လင့်ခဲ့ကြပေမယ့် ဒဏ်ရာပြသနာတွေနဲ့ လုံးပန်းနေခဲ့ရလို့ ဂျင်း ဆိုပြီး ဖြစ်သွားခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ အနေနဲ့ ပွဲထွက်ခွင့်ရချိန်မှာ အတတ်နိုင်ဆုံး ကြိုးစား ကစားခဲ့ပေမယ့် ပွဲဆက်ပြတ်မှုကြောင့် ဟယ်ရီ မက်ဂွိုင်းယာနဲ့ရော လင်ဒီလော့ဖ်နဲ့ပါ အတွဲအဖက်မမိ ဖြစ်ခဲ့ရသူပါ။ ယူနိုက်တက်တို့ ဗာရန်း အတွက် ပေါင်သန်း ၄၀ အထိ ပေးချေခဲ့ရပေမယ့် ပြင်သစ် ခံစစ်မှူး အနေနဲ့ ၂၂ ပွဲသာ ကစားနိုင်ခဲ့သလို မိနစ် ၁၈၀၀ ဝန်းကျင်သာ ပွဲထွက်ခဲ့ရလို့ ယူနိုက်တက်တို့ တန်းဆင်းသွားတဲ့ ဘန်လေ ထက် ပေးဂိုးတွေ များခဲ့ရတာ ဖြစ်ပါတယ်။


ညာနောက်ခံ – ဂျူနီယာ ဖီယာပို (လိဒ်စ်ယူနိုက်တက်)

ဘာစီလိုနာ အသင်း ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျူနီယာ ဖီယာပို ကလည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်ခဲ့ရတဲ့ ကစားသမားလို့ပဲ ဆိုရပါမယ်။ ဘက်တစ်မှာ ကစားခဲ့စဉ်က ဘာစီလိုနာနဲ့ လစ်ဗာပူးလ်တို့ အပြိုင်လုခဲ့ရတဲ့ အထိ နာမည်ကြီးခဲ့ပေမယ့် လိဒ်ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာတော့ ပုံမှန် ပွဲထွက်ခွင့်မရခဲ့သလို သူပါဝင်ကစားခဲ့တဲ့ ၂၄ ပွဲမှာ နိုင်ပွဲ ၅ ပွဲသာ ရခဲ့ပြီး ရှုံးပွဲ ကတော့ ၁၆ ပွဲ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးမပေးရတဲ့ ပွဲကလည်း ၁ ပွဲသာ ရှိခဲ့ပြီး နည်းပြဟောင်း ဘီရဲယ်ဆာရဲ့ မှားယွင်းတဲ့ ခေါ်ယူမှုလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။


ကွင်းလယ် – ပေါလ်ပေါ့ဘာ (မန်ချက်စတာယူနိုက်တက်)

တချို့က ကင်ဆာ၊ တချို့က ကိုယ်ပျောက်လူသား ဆိုပြီး ယူနိုက်တက် ပရိသတ်တွေ နာမည်ပေးထားတဲ့ ပြင်သစ် ကွင်းလယ်လူ‌ ပေါလ်ပေါ့ဘာ ကလည်း ဒဏ်ရာ ပြသနာတွေနဲ့ပဲ အချိန်ကုန်နေရခဲ့ပြီး အသင်း အတွက် ကောင်းသော သက်ရောက်မှု မရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ကြံခိုင်မှု ပြန်လည် ပြည့်ဝဖို့ အတွက် ဒူဘိုင်းမှာ မကြာခဏ သွားရောက် လေ့ကျင့်ခန်း ဆင်းနေခြင်းက ပရိသတ်တွေ အတွက် မျက်စိ စပါးမွှေးစူးစရာ ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။


ကွင်းလယ် – အန်ဂိုလို ကန်တေ (ချဲလ်ဆီး)

အန်ဂိုလိုကန်တီ ကလည်း ပေါ့ဘာနဲ့ အတူ ဗဟိုကွင်းလယ်မှာ ရွေးချယ်ခံခဲ့ရပြီး သူကလဲ အခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာနဲ့ လုံးပန်းနေရသူပါ။ ချယ်လ်ဆီး တို့ရဲ့ ခြေစွမ်း သိသိသာသာ ကျဆင်းသွားခြင်းဟာ ကန်တီ မပါဝင်နိုင်ခဲ့လို့ ဖြစ်ကြောင်းကို နည်းပြ သောမတ်စ် တူချယ် ကိုယ်တိုင် မကြာသေးတဲ့ အချိန်ကပဲ ဝန်ခံထားခဲ့ပါသေးတယ်။ သူပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၁၄ ပွဲ နိုင်ပြီး ၄ ပွဲသာ ရှုူံးနိမ့်ထားခြင်းက ချဲလ်ဆီးမှာ ကန်တေ ဘယ်လောက် အရေးပါသလဲ ဆိုတာ ပြသနေတဲ့ အဓိက အချက်တစ်ချက် ဖြစ်ပါတယ်။


ကွင်းလယ် – ဘရူနို ဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)

ကွင်းလယ် ဖန်တီးရှင် နေရာ မှာတော့ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ် ရွေးချယ်ခံခဲ့ရပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ရောက်ရှိလာခြင်းဟာ ပေါ်တူဂီ ဖန်တီးရှင် အတွက် တော်တော်လေး ရိုက်ခတ်မှု ပြင်းထန်ခဲ့တယ်လို့ သုံးသပ်နေကြပေမယ့် တချို့ပွဲတွေမှာ သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် အသင်း နစ်နာခဲ့တယ် ဆိုတာ ကတော့ ငြင်းဆန်လို့ မရပါဘူး။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ၂၈ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပြိုင်ပွဲစုံ ၁၀ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ၆ ဂိုးပဲ ဖန်တီးပေးထားခဲ့ပါတယ်။


တိုက်စစ် – မားကပ်စ် ရက်ရှ်ဖို့ဒ် (မန်ချက်စတာယူနိုက်တက်)

တိုက်စစ် မှာလည်း နောက်ထပ် ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ပါဝင်နေခဲ့ပြီး ကစားသမားရဲ့ ကွင်းတွင်း အမူအရာနဲ့ မျက်နှာသွင်ပြင်ကို ကြည့်တာနဲ့ သိနိုင်တယ်လို့ ESPN က ဖော်ပြခဲ့ပြီး သူ့အနေနဲ့ ယုံကြည်မှု အပြည့်အဝ ပြန်ပေးနိုင်မယ့် မန်နေဂျာ တစ်ဦး လိုအပ်နေတယ်လို့လည်း သုံးသပ်ထားပါတယ်။


တိုက်စစ် – ရိုမယ်လူ လူကာကူ (ချဲလ်ဆီး)

အင်တာမီလန်နဲ့ အတူ စီးရီးအေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ပုံမှန် ပွဲထွက်ခွင့်တောင် မရခဲ့လို့ သူ့အတွက် ပေးချေခဲ့ရတဲ့ ပေါင် သန်း ၁၀၀ နီးပါးဟာ အလာဟသ ဖြစ်သွားခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။
ချဲလ်ဆီး အတွက် တစ်ရာသီလုံးမှ ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့ ရိုမယ်လူ လူကာကူ

ဗဟိုတိုက်စစ် နေရာ မှာတော့ ချဲလ်ဆီးရဲ့ တကျော့ပြန် ကစားသမား လူကာကူကို ရွေးချယ်ထားပါတယ်။ အင်တာမီလန်နဲ့ အတူ စီးရီးအေမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ ပုံမှန် ပွဲထွက်ခွင့်တောင် မရခဲ့လို့ သူ့အတွက် ပေးချေခဲ့ရတဲ့ ပေါင် သန်း ၁၀၀ နီးပါးဟာ အလာဟသ ဖြစ်သွားခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ မှတ်မှတ်ရရ လူကာကူ အနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဘောလုံး ၇ ချက်သာ ထိခဲ့လို့ ကြီးမားတဲ့ ဝေဖန်ထိုးနှက်မှုတွေ ခံခဲ့ရပါသေးတယ်။ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ကြမ်းမယ်လို့ ထင်ခဲ့ရတဲ့ ဘယ်ဂျီယံ တိုက်စစ်မှူး ကတော့ ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးသာ ရခဲ့ပြီး အချိန်ရှိတိုင်း အင်တာမီလန်ကို ပြန်ဖို့ပဲ တဖွဖွ‌ ပြောနေခဲ့သူလည်း ဖြစ်ပါတယ်။


တိုက်စစ် – အလက်ဇန္တား လာကာဇက် (အာဆင်နယ်)

အူဘာမီယန်း စွန့်ခွာသွားတဲ့နောက် အသင်းခေါင်းဆောင် တာဝန်ယူပြီး ဂန်းနား လူငယ်တွေကို လက်တွဲ ခေါ်ခဲ့ရတဲ့ လာကာဇက် ကလည်း မထင်မှတ်ပဲ ခြေစွမ်း ပျောက်ဆုံးသွားခဲ့သူ ဖြစ်ပါတယ်။ ကိုယ်တိုင် ဂိုးသွင်းဖို့ထက် အသင်းလိုက် ကစားခြင်း အတွက် ပေးဆပ်ခဲ့ရတဲ့ လာကာဇက် ဟာ တစ်ရာသီလုံးမှာ ၄ ဂိုးသာ သွင်းနိုင်ခဲ့ပြီး သူပါဝင်ကစားခဲ့တဲ့ ၃၃ ပွဲမှာ ၁၇ ပွဲနိုင်ပြီး ၁၀ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ရာသီကုန်ခါနီး မှာတော့ လာကာဇက် အနေနဲ့ လူငယ် တိုက်စစ်မှူး အန်ကတ်တီးယားကို နေရာဖယ်ပေးခဲ့ရပြီး အရံခုံ မှာသာ အချိန်ကုန်ခဲ့ရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်