နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူတန်ကို အက်တီဟတ်မှာ ဂိုးပြတ်တီးမယ့် မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာစီးတီး – လူတန်တောင်း

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ကတော့ မန်စီးတီး အတွက် လွယ်ကူတယ်လို့ ပြောလို့ ရပြီး လူတန်တောင်းကို အက်တီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ 

မန်စီးတီးဟာ အရေးကြီးတဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ မကစားခင် လူတန်တောင်းလို အသင်းငယ်လေးနဲ့ ကစားရမှာမို့လို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ မန်စီးတီးဟာ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အပေါ်က ၂ သင်းနဲ့လည်း ၁ မှတ်ပဲ ကွာဟပါတယ်။ မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသလို ၁၁ ပွဲနိုင်၊ ၅ ပွဲ သရေကျထားပါတယ်။ မန်စီးတီးဟာ ဒီပွဲပြီးရင် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် အဓိက ကစားသမား တချို့ ချန်လှပ်ပြီး လူတန်ကို ရင်ဆိုင်လာနိုင်ပါတယ်။

လူတန်တောင်း ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွာနေတဲ့ ဘုန်းမောက်ကို အိမ်ကွင်းမှာ အနိုင်ရပြီး အဖိုးတန် ၃ မှတ် ရခဲ့ပါတယ်။ လူတန်ဟာ လက်တလော တန်းဆင်းဇုန်ထဲ ရောက်နေပြီး အဆင့် ၁၆‌ နေရာက အဲဗာတန်နဲ့ ၂ မှတ်သာ ကွာဟနေလို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား အင်အားနဲ့ တစ်ဦးချင်း ခြေစွမ်းတွေ အရ မန်စီးတီးလို အသင်းရဲ့ အိမ်ကွင်းမှာ လူတန်တို့ မထင်မှတ်တာတွေ လုပ်ပြနိုင်စွမ်း မရှိပါဘူး။ လူတန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၂ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၁၀ ပွဲ ရှုံးထားလို့ စိတ်ပျက်စရာ အခြေအနေပါပဲ။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်စီးတီး ဘက်က နေသန် အေခီနဲ့ ကိုင်လီ ဝေါလ်ကာတို့ လွဲချော်ဖို့ ရှိပြီး ဖိုဒန်က ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ သိရပါတယ်။

လူတန် မှာတော့ တွမ် လော့ခ်ယာ၊ နာကမ်ဘာ၊ အန်ဒါဆန်၊ ဘရောင်း၊ အိုရှို၊ အဒီဘာယို၊ ပေါ့တ်စ်၊ အော့ဂ်ဘီနီ၊ ဘဲလ်၊ လိုကွန်ညာ တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အာကန်ဂျီ၊ စတုန်းစ်၊ ရိုဒရီ၊ ကိုဗာချစ်၊ အဲလ်ဗာရက်ဇ်၊ ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ ဟာလန်း

လူတန်တောင်း – ကာမင်းစကီး၊ မန်ဂီ၊ ဘာကီ၊ ကာဘိုရေး၊ ဘာကလေ၊ ကလာ့ခ်၊ ဒေါ့တီ၊ ဟာရှီရိုကာ၊ ချောင်၊ တောင်ဆန်၊ မောရစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂ ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ၂ ကြိမ် စလုံး မန်စီးတီးက အနိုင်ရခဲ့ပါတယ်။ ပထမအကျော့ လူတန် အိမ်ကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလား မှာလည်း လူတန် အိမ်ကွင်းမှာပဲ မန်စီးတီးက ၂-၆ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။ လူတန် ကတော့ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၁.၀၉၈ ဆ၊ လူတန်တောင်း နိုင်ရင် ၁၄ ဆ၊ သရေ ဆိုရင်တော့ ၈.၅၀ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီးက နှစ်လုံး အရှုံး ၃ လုံး အရှုံးတွေ အထိ ပေါက်နေပြီး ဂိုးပေါင်း ကလည်း ၄ လုံး လောက်က စဖွင့်ထားတာပါ။ လက်ရှိ ခြေစွမ်းအရ မန်စီးတီးတို့ လူတန်ကို ဂိုးပြတ် အနိုင်ယူနိုင်စွမ်း ရှိတယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဂိုးပြတ်လည်း သွင်းမှာပါ။ တစ်ချက် ရှိတာက ဒီပွဲပြီးရင် မန်စီးတီးက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိလို့ ကစားအား ချွေတာလာရင်တော့ အနည်းငယ် စိုးရိမ်စရာ ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ ဂိုးပေါ်ကိုပဲ ရွေးချယ်ထားရမှာပါ။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၀ လူတန်တောင်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်