နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေချင်တဲ့ မက်ဂွိုင်းယား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကတော့ လာမယ့် ဘောလုံးရာသီ အသင်းမှာ ဆက်ရှိနေဖို့ လိုလားကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အနေနဲ့ ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲ ဖြစ်လာခဲ့ရင်တောင် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေချင်တာ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇွန်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်နဲ့ စာချုပ်ကိစ္စပါ ဆွေးနွေးနေပြီလို့ သတင်းထွက်နေပါတယ်။ တချို့ သတင်းတွေ မှာ‌တော့ မက်ဂွိုင်းယားဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာရနိုင်ချေ ရှိကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒဏ်ရာ ပြသာနာကြောင့် အနားယူနေရတဲ့ မက်ဂွိုင်းယားက လာမယ့် နွေရာသီမှာ လင်ဒီအော့ဖ်၊ ရာဖေးလ် ဗာရန်း တို့နဲ့ အတူ ယူနိုက်တက်နေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ယူနိုက်တက်မှာ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့ရင်တောင်မှ အသင်းမှာ ဆက်နေသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ်က နောက်ခံလူ တစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဖူလ်ဟမ်က အဒါရာဘိုင်အိုယိုကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားကို ဆက်ထိန်းထားဖို့ ပြင်နေတဲ့ ယူနိုက်တက်

အသက် (၃၁) နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ် ကစားသမား ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် အတွက် ပြိုင်ပွဲစုံ (၃၁) ပွဲ အထိ ပါဝင် ကစားပေးထားခဲ့ပြီး (၄) ဂိုးသွင်းကာ ဂိုး ဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားပါတယ်။ မက်ဂွိုင်းယားဟာ ရှေ့ယခင် ရာသီတွေမှာ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ စွမ်းဆောင်ရည်တွေ ကတော့ အသိအမှတ်ပြုချင်စရာ ဖြစ်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဗာရန်းနဲ့ အီဗန်စ် တို့ကို လက်လွတ်လိုက်ရတဲ့ ယူနိုက်တက်က ခံစစ်ပိုင်းမှာ မက်ဂွိုင်းယား ကိုတော့ အသင်းမှာ ဆက်ထိန်းသွားဖို့ ရှိနေတာပါ။

လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မက်ဂွိုင်းယားက ယူနိုက်တက် အသင်းမှာပဲ ဆက်ရှိဖို့ အတွက်ရော သူရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အတွက်ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်သွား ဖို့ ရှိနေတယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်က လက်စတာစီးတီး ကနေ ယူနိုက်တက်ဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ခြေစွမ်းပိုင်း အတက်အကျတွေနဲ့ အတူ သူ့ရဲ့ အလွဲအလွဲ အချော်အချော် ဖြစ်မှုတွေကြောင့် မကြာခဏဆိုသလို ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရသူပါ။ အသင်းခေါင်းဆောင် လက်ပတ်လည်း ပြန်သိမ်းခံခဲ့ရတဲ့ မက်ဂွိုင်းယားက ဒီရာသီမှာတော့ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာခဲ့တာ တွေ့ရပါတယ်။

တစ်ဆက်တည်းမှာပဲ ပရီးမီးယားလိဂ် ကလပ်က နောက်ခံလူ တစ်ဦး ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဖူလ်ဟမ်က အဒါရာဘိုင်အိုယိုကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား ကိုတော့ ချဲလ်ဆီး ကလည်း အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်