နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီ အသင်းမှာ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ ဆက်ရှိနေဖို့ အပြည့်အ၀ မျှော်လင့်ထားပြီး လုပ်ဆောင်စရာ ရှိတာတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆာလာဟာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိပြီး ဒီအခြေအနေကို ဆော်ဒီအာရေးဗီးယား ကလပ်တွေက စောင့်ကြည့်နေသလို ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဆော်ဒီ ကလပ်တွေ အနေနဲ့ ဆာလာကို ယာဂင် ကလော့ပ်ခေတ် ကုန်ဆုံးချိန်မှာ အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ကလော့ပ်နဲ့ လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေကြောင့် လစ်ဗာပူးလ် ကနေ ဆာလာ ထွက်ခွာဖွယ် ရှိတယ် ဆိုတဲ့ ကောလဟာလတွေ ပိုမို ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော် The Athletic ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ ဆာလာကို လက်လွှတ်ဖို့ စိတ်ကူး မရှိဘူးလို့ သိရပါတယ်။

အမှန်တကယ်လည်း အသက် ၃၁ နှစ် အရွယ် အီဂျစ် အသင်းခေါင်းဆောင်က အန်ဖီးလ် ကနေ ခပ်မြန်မြန် ထွက်ခွာဖို့ ဆန္ဒမရှိကြောင်း အစောပိုင်းမှာ ကတည်းက ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပါတယ်။ ကလပ် တာဝန်ရှိသူတွေ ဘက်ကလည်း ဆာလာကို အသင်းမှာ ဆက်နေဖို့ စိတ်အားထက်သန်လျက် ရှိပြီး ဒီနွေရာသီမှာ ထွက်ခွာဖို့က မဖြစ်နိုင်သလောက် ရှိနေတယ်လို့တောင် ပြောလို့ ပါတယ်။

ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေ ကလည်း ဆာလာရဲ့ လက်ရှိ ဆန္ဒအရ လစ်ဗာပူးလ်မှာ အနည်းဆုံး နောက်ထပ် တစ်ရာသီ ထပ်မံ ကုန်ဆုံးချင်နေတယ် ဆိုတာကို နားလည်ပြီး လာမယ့် ၂၀၂၅ ကျမှသာ အပြောင်းအရွှေ့ အတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့လည်း ဖော်ပြလျက် ရှိပတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်မှသာ ခေါ်ယူရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့လည်း ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် အဲ့ဒီအချက်ကို ထည့်သွင်း စဉ်းစားဖွယ် ရှိနေတာပါ။ ဆာလာဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဆာလာဟာ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃၄၆ ပွဲ ကစားပြီး ဂိုး ၂၁၀ အထိ သွင်းယူထားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မာဆေးလ်ဆိုဒ် ကလပ်နဲ့ အတူ ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား အားလုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၉ ပွဲကစားပြီး ၁၇ ဂိုး သွင်းကာ ၉ ဂိုး ဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။

ဆာလာရဲ့ အနာဂတ်ဟာ ရာသီအကုန်မှာ လစ်ဗာပူးလ် နည်းပြသစ် ဖြစ်လာမယ့် အာနေး ဆလော့တ် အပြင် အခုနွေရာသီမှာ အားကစား ဒါရိုက်တာ အဖြစ် စတင် တာဝန်ယူခဲ့တဲ့ ရစ်ချက်ဒ် ဟူ့ဂျ်နဲ့လည်း သက်ဆိုင်နေပါတယ်။ လစ်ဗာပူးလ်ဟာ ဆလော့တ်ကို ဖီယင်နော့ဒ် ကနေ လျော်ကြေးတစ်ရပ် ပေးချေပြီ ကာလရှည် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်ဟာ လစ်ဗာပူးလ်ရဲ့ နည်းပြသစ် အဖြစ် တရားဝင် အတည်မပြုရသေးပေမယ့်လည်း သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ကလပ် နည်းပြ ဖြစ်လာတော့မှာ ဖြစ်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဆလော့တ် ရောက်ရှိလာမှုဟာ လစ်ဗာပူးလ်ရဲ့ ကလပ် အတွင်း သိသာထင်ရှားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်ပေမယ့် ဆာလာ လိုမျိုး အဓိကကျတဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ထိန်ထားဖို့က ဦးစားပေး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထရန့် အလက်ဇန္တား အာနိုးလ်၊ ဗာဂျယ် ဗန်ဒိုက်ခ် တို့ဟာ အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရသေးပေမယ့်လည်း လစ်ဗာပူးလ် ဘက်က မကြာခင် ကြိုးပမ်းသွားဖို့ ရှိတယ်လို့လည်း သတင်းတွေ အရ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်