နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နူညက်ဇ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်သွားချင်နေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူညက်ဇ် အတွက် ယခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းလာမှုများကို လက်ခံစဉ်းစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

အသက် ၂၅ နှစ် အရွယ် နူညက်ဇ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ Add-ons ကြေး အပါအဝင် ပေါင် ၈၅ သန်း နီးပါး ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ လစ်ဗာပူးလ် အတွက် ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယမြောက် ရာသီ မှာလည်း ၅၄ ပွဲ ကစားကာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နူညက်ဇ်က နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ နေရာရရှိဖို့ ပိုမို ရုန်းကန်လာရပြီး မိုဟာမက် ဆာလာ၊ လူးဝစ် ဒီးယက်ဇ်၊ ကိုဒီ ဂက်ခ်ပိုနဲ့ ဒီယိုဂို ဂျိုတာ တို့က တိုက်စစ်ပိုင်းမှာ နေရာ ပိုရနေကြတာ ဖြစ်ပါတယ်။

အဓိက ကတော့ နူညက်ဇ်ဟာ တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ်ကို အရောက် မှာတော့ တိုက်စစ် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို အပိုင်အခွင့်အရေးတွေ ဖြုန်းတီးတတ်သလို အံ့အားသင့်စရာကောင်းတဲ့ သူ့ရဲ့ လွဲချော်မှုတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ လစ်ဗာပူးလ်က တိုက်စစ်ပိုင်း အတွက် ဖရန့်ဖတ်မှာ ခြေစွမ်းပြနေတဲ့ အီဂျစ် ကစားသမား အိုမာ မာမွတ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီးတော့ ဒါဝင် နူညက်ဇ်ကို ရောင်းချလို့ ရတဲ့ ငွေကို ပြန်လည် အသုံးချသွားဖွယ် ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ လစ်ဗာပူးလ်ဟာ ဒါဝင် နူညက်ဇ်ကို ပေါင် သန်း ၅၀ နှင့် ၆၀ ကြား ရရှိရင် ရောင်းထုတ်ဖို့ ရှိပြီး သူ့ကိုတော့ နယူးကာဆယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ် အရွယ် နူညက်ဇ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ Add-ons ကြေး အပါအဝင် ပေါင် ၈၅ သန်း နီးပါး ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။
Add-ons ကြေး အပါအဝင် ပေါင် ၈၅ သန်း နီးပါး လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ နူညက်ဇ်

ဒါ့အပြင် လစ်ဗာပူးလ်ရဲ့ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဖက်ဒရစ်ကို ခီယေဇာ ကလည်း အသင်း ကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ နည်းပြ အာနေး ဆလော့တ်ဟာ ခီယေဇာကို ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပြီးတော့ အရန်ခုံမှာသာ အချိန်ကုန်နေစေတာကြောင့် အီတလီသားက အသင်း ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် အီတလီ လက်ရွေးစင် ကစားသမား ခီယေဇာဟာ လက်ရှိ ရာသီမှာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၂၃ မိနစ်သာ ပါဝင် ကစားခွင့်ရထားသူ ဖြစ်ပါတယ်။ 

ဒါ့အပြင် ခီယေဇာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လစ်ဗာပူးလ် အတွက် နောက်ဆုံး ကစားထားခဲ့ပြီး အဲဒီ နောက်ပိုင်း အရန်ခုံမှာသာ ထိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ခီယေဆာက လစ်ဗာပူးလ်မှာ ပွဲထွက် ကစားခွင့် မရ ဖြစ်နေတဲ့ အပေါ် စိတ်ပျက်လျက် ရှိပြီး လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ အသင်း ပြောင်းဖို့ အလိုရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်