နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာလာကို အသင်းမှာ ဆက်ရှိနေစေချင်တဲ့ လစ်ဗာပူးလ် အသင်းဖော်များ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ် ကစားသမား ကိုဒီ ဂက်ခ်ပိုက မိုဟာမက် ဆာလာကို ပိုင်ဆိုင်ထားခဲ့တာက အသင်း အတွက် အလွန် ကံကောင်းတဲ့ ကိစ္စ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဂက်ခ်ပိုက မိုဟာမက် ဆာလာကို အသင်းမှာ ကာလရှည်ကြာ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ဂက်ခ်ပိုက “ဆာလာရဲ့ စွမ်းဆောင်မှုတွေကို မြင်နေရတာ အရမ်းကို ကောင်းပါတယ်။ သူသွင်းထားတဲ့ ဂိုးအရေအတွက်၊ သူ့ရဲ့ ဖန်တီးမှုတွေနဲ့ သူ ကစားနေတဲ့ နည်းလမ်းတွေက အရမ်းပဲ ကောင်းပါတယ်။ သူက ပွဲကစားနေရင်း တိုက်စစ် ကစားဖော်တွေ၊ ကွင်းလယ် ကစားသမားတွေ ကိုပါ ဂိုးသွင်းနိုင်အောင်ရော ဂိုးဖန်တီးပေးနိုင်အောင်ပါ ဆွဲခေါ်နိုင်သူ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက်ရော သူ့အတွက်ပါ ဆာလာကို အခုလိုမျိုး အကြာကြီး စွမ်းဆောင်ပေးစေချင်ပါတယ်။ သူ့ကို ပိုင်ဆိုင်ထားတာက ကျွန်တော်တို့ အတွက် ကံကောင်းမှု ဖြစ်ပြီး သူရဲ့ အသင်းဖော် ဖြစ်ခွင့်ရတဲ့ အပေါ် ကျွန်တော် ဂုဏ်ယူပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

လစ်ဗာပူးလ်ဟာ အသင်းရဲ့ ဂန္ထဝင် နည်းပြ ယာဂန် ကလော့ပ် ထွက်ခွာသွားတဲ့နောက် ပထမဦးဆုံး ရာသီမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူခဲ့ခြင်း မရှိပေမယ့်လည်း ကစားသမားဟောင်းတွေနဲ့ပဲ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နည်းပြသစ် အာနေး ဆလော့တ် စတင် ကိုင်တွယ်တဲ့ အခုရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ၂၂ ပွဲ အနိုင်ရထားပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ သာမက ချန်ပီယံလိဂ် မှာလည်း ခြေစွမ်းပြနေပြီး ၆ ပွဲ ကစားရာမှာ ၆ ပွဲစလုံး အနိုင်ရထားပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်က ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဒါ့အပြင် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ သာမက ချန်ပီယံလိဂ် မှာလည်း ခြေစွမ်းပြနေပြီး ၆ ပွဲ ကစားရာမှာ ၆ ပွဲစလုံး အနိုင်ရထားပါတယ်။
နည်းပြသစ် အာနေး ဆလော့တ်နဲ့ ရလဒ်တွေ ကောင်းနေတဲ့ လစ်ဗာပူးလ်

ဒီလို လစ်ဗာပူးလ်တို့ ရလဒ်ကောင်းနေခြင်း အတွက် အဓိက ခြေစွမ်းပြနေသူ ကတော့ အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာ ဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၉ ဂိုး သွင်းပြီး ဖန်တီးမှု ကလည်း ၁၅ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မိုဆာလာဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ခရစ္စမတ်မတိုင်မီ ကတည်းက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ခုစလုံးမှာ ဆယ်ဂဏန်း ပြည့်မြောက်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် စံချိန် မှတ်တမ်းကောင်း ရရှိထားပါတယ်။ 

ဒါပေမယ့်လည်း ဆာလာက ဒီရာသီ အကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအထိလည်း စာချုပ်သစ် အတွက် ဆွေးနွေးမှုတောင် မပြုလုပ်ရသေးပါဘူး။ ဒီအခြေအနေမှာ လစ်ဗာပူးလ် တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုက ဆာလာလို ကစားသမားမျိုး ပိုင်ဆိုင်ထားခြင်းဟာ အသင်း အတွက် ကံကောင်းပြီး ၎င်းကို အသင်းမှာ အကြာကြီး ဆက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အသင်းနဲ့ ဒီရာသီ အကုန်မှာ စာချုပ် သက်တမ်းကုန်ဆုံးမယ့် မိုဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ အာနိုးလ် တို့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်