လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ အီလွန် မက်စ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကိုတော့ ဝယ်ယူချင်နေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ် ပိုင်ရှင် FSG ဘက်ကတော့ အသင်းက ရောင်းချဖို့ မဟုတ်ကြောင်း အမေရိကန် ဘီလျံနာရဲ့ စိတ်ဝင်စားနေမှုကို ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း CBS Sports က ဖော်ပြလာခဲ့ပါတယ်။
Times Radio နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သတင်းထောက်က အီလွန် မက်စ် အနေနဲ့ လစ်ဗာပူးလ်ကို ဝယ်ယူဖို့ စိတ်ဝင်စားသလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အီလွန် မက်စ်ရဲ့ ဖခင် ဖြစ်တဲ့ အာရိုးလ် မက်စ်က “အဲဒီ အတွက် ကျွန်တော် ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ သူတို့ (လစ်ဗာပူးလ် အသင်း ပိုင်ရှင်) စျေးမြှင့်ကြလိမ့်မယ်။” လို့ ရယ်မောကာ ဖြေကြားထားခဲ့ပါတယ်။ သတင်းထောက်က ဆက်လက် မေးမြန်းခဲ့ရာ အာရိုးလ် မက်စ်က “ဟုတ်ပါတယ်။ ဒါပေမယ့် ဒါက သူ လစ်ဗာပူးလ်ကို ဝယ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ ဝယ်ချင်ရင် ဝယ်ပါလိမ့်မယ်။ လစ်ဗာပူးလ်ကို လူတိုင်း ဝယ်ချင်မှာပါ။ ကျွန်တော်ရောပဲ ဝယ်ချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အီလွန် မက်စ် အနေနဲ့ လစ်ဗာပူးလ်ကို ဝယ်ယူဖို့ ဘာကြောင့် စိတ်ဝင်စားတာလဲလို့ မေးမြန်းခဲ့ရာမှာ အာရိုးလ် မက်စ်က “သူ့ရဲ့ အဖွားက လစ်ဗာပူးလ်မှာ မွေးတာပါ။ လစ်ဗာပူးလ်မှာ ကျွန်တော်တို့ ဆွေမျိုးတွေ ရှိပါတယ်။ Beatles က ကျွန်တော်တို့ ဆွေမျိုးတွေနဲ့ ကြီးပြင်းခဲ့ပြီး သူတို့ အကြောင်း သိခွင့်ရတာလည်း ကံကောင်းပါတယ်။ ဒီတော့ လစ်ဗာပူးလ်ကို ကျွန်တော်တို့ သံယောဇဉ် ရှိပါတယ်။” လို့ ဆိုခဲ့ပါတယ်။ အီလွန် မက်စ်က ၂၀၁၁ ခုနှစ် အသက် ၈၇ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူ့ရဲ့ အဖွားဟာ သူ့အတွက် အရေးပါသူ ဖြစ်ကြောင်း ပြောဆိုထားခဲ့ပါသေးတယ်။
အီလွန် မက်စ်ဟာ သူ့ရဲ့ အဘွား ဖြစ်သူဟာ လစ်ဗာပူးလ်မြို့မှာ ကြီးပြင်းလာခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ် ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း မက်စ်ရဲ့ ဖခင် ဖြစ်သူ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် ဒေါ်လာ ၄၁၈ ဘီလီယံ ချမ်းသာ ကြွယ်ဝတဲ့ အီလွန် မက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတ ရာထူးကို ရယူမယ့် ဒေါနယ် ထရန့်ရဲ့ ညာလက်ရုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အီလွန် မက်စ်က ကမ္ဘာကျော် ကုမ္ပဏီတွေ ဖြစ်တဲ့ Tesla၊ SpaceX၊ Xနဲ့ အခြားသော ကုမ္ပဏီ များစွားကို ပိုင်ဆိုင်ထားပြီး တစ်ဖက် မှာလည်း ဘောလုံးလောကကို ဝင်ရောက်ဖို့ မျက်စိကျလာပြီး လစ်ဗာပူးလ်ကို ဝယ်ယူဖို့ စိတ်ဝင်စားလာခဲ့တာ ဖြစ်နိုင်ပါတယ်။ အာနေး ဆလော့တ်ရဲ့ လစ်ဗာပူးလ်ဟာ ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေသလို ချန်ပီယံလိဂ် မှာလည်း ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.