နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခီယေဇာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ချိတ်ဆက်ထားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဂျုဗင်တပ်စ် ဘယ်တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ဒီနွေရာသီမှာ အရ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ်ဟာ အီတလီ ကစားသမား အတွက် ဆက်သွယ် ချဥ်းကပ်မှုတွေ စတင် လုပ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဖက်ဒရစ်ကို ခီယေဇာဟာ အခုနွေရာသီ ဈေးကွက် အတွင်းမှာ ဂျုဗင်တပ်စ် ကနေ သေချာပေါက် ရောင်းထုတ်ခံရမယ့် ကစားသမား ဖြစ်ပြီး မကြာသေးခင်ကလည်း ဘာစီလိုနာ နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့သေးတာ ဖြစ်တယ်။ ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ်က ခီယေဇာကို စိတ်ဝင်စားလာတာကြောင့် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး ဂျူဗင်တပ်စ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို ၁၅ သန်းလောက် အလိုရှိနေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ ကစားသမားသစ် ခေါ်ယူထားနိုင်ခြင်း မရှိသေးပဲ အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ပဲ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ လစ်ဗာပူးလ်က အသင်းရဲ့ အဓိက ဂိုးသမား အလီဆွန်ရဲ့ နေရာမှာ အစားထိုးဖို့ ဗလင်စီယာ ဂိုးသမား ဂျော်ဂျီ မာမက်ဒက်ရှ်ဗီလီကို ခေါ်ယူဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာတော့ လစ်ဗာပူးလ်ဟာ အီတလီ လက်ရွေးစင် ဘယ်တောင်ပံ ကစားသမား ခီယေဇာကို ခေါ်ယူဖို့ နီးစပ်လျက် ရှိပြီး မကြာခင်မှာ ခေါ်ယူသွားနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် နည်းပြသစ် သီယာဂို မော့တာ ကတော့ ခီယေဇာဟာ သူ့ရဲ့ အစီအစဉ်မှာ မပါဝင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားခဲ့ပြီးတော့ ကစားသမား အနေနဲ့ ကလပ် အသစ် ရှာဖွေဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ခီယေဇာဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ သွင်းဂိုး ၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးတော့ ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာ ပုံစံကောင်း တစ်ခုနဲ့ ပြန်လည် မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ် မော့တာ ကတော့ မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်တဲ့ အီတလီသားကို အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းလိုခြင်း မရှိပဲ ရောင်းထုတ်ဖို့သာ စဉ်းစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခီယေဇာဟာ ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနိုင်ခဲ့သလို ဂျူဗင်တပ်စ် ကစားသမား ဘဝ အစပိုင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောရိုး အရွတ် ဒဏ်ရာရရှိခဲ့ချိန်မှာတော့ ခီယေဇာ တစ်ယောက် ရုန်းကန်ခဲ့ရပြီး ဘောလုံး ပြန်ကစားနိုင်ချိန်မှာလည်း ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အသင်းပြောင်းရဖို့ ရှိနေတဲ့ ခီယေဇာကို ဘာစီလိုနာ အပြင် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း အသည်းအသန် ခေါ်ယူချင်နေပြီ ဖြစ်ပါတယ်။ ခီယေဇာဟာ ကွင်းလယ်နဲ့ တောင်ပံ နေရာစုံမှာ ကစားနိုင်သလို အထောင်တိုက်စစ် မှာလည်း အံဝင်အောင် ကစားနိုင်သူ ဖြစ်တာကြောင့် ထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားနေတာ မထူးတော့ မထူးဆန်းပါဘူး။ ဘာစီလိုနာ ကတော့ ဘီလ်ဘာအိုရဲ့ စပိန် ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ပထမဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားနိုင်တာကြောင့် ခီယေဇာ ဘက်ကို မျှားဦးလှည့်လာတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်