နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်းနဲ့ ဂိုးပြတ် နိုင်ပွဲ ဆက်ခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၄ – ၀ ဆောက်သမ်တန်

အာဆင်နယ်ကို ၄ ဂိုးပြတ် အနိုင်ရထားတဲ့ လစ်ဗာပူးလ်တို့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာလည်း အကောင်းဆုံး ခြေစွမ်းတွေနဲ့ အတူ ဆောက်သမ်တန်ကို ၄-၀ ရလဒ်နဲ့ ထပ်ပြီး အနိုင်ရသွားခဲ့ပြန်ပါတယ်။ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပြီး အဓိက ပြိုင်ဘက်တွေ ပွဲကြပ်နေမှုကို အခွင့်အရေး ယူနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက ထုံးစံ အတိုင်း ၄-၃-၃ နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ညာနောက်ခံ နေရာမှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ရော်ဘတ်ဆန်နဲ့ ဗဟိုခံစစ်မှာ ကိုနာတေးတို့ ပါဝင်လာတာက လွဲရင် လူစာရင်း အပြောင်းအလဲ သိပ်မလုပ်ခဲ့တာ တွေ့ရပါတယ်။ ဆောက်သမ်တန် ကတော့ ၃-၄-၃ ကစားကွက် နဲ့ကိုမှ စတူးဝပ် အမ်းစထရောင်း ကလွဲရင် အက်ဒမ်စ်၊ ဝက်ဒ်ပရောက်စ်၊ လစ်ဗာရာမန်တို၊ ရိုမီယူ၊ ဘက်ဒ်နာရက်ခ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။

ဆောက်သမ်တန် ကတော့ ၂၀၁၅ နောက်ပိုင်း အန်ဖီးလ်ကွင်းမှာ ဂိုးပြတ် ရှုံးတဲ့ အစဉ်အလာဆိုး အောက်ကနေ ရုန်းမထွက်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၄ နေရာ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်

ထင်ထားတဲ့ အတိုင်းပဲ ဆောက်သမ်တန်တို့ လစ်ဗာပူးလ်ရဲ့ High Pressingကို ပွဲအစထဲက ဘယ်လိုမှ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့လို့ ပွဲချိန် ၂ မိနစ် မှာတင်ပဲ ဂျိုတာရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ အဲ့နောက် အိမ်ရှင် တို့ကပဲ တောက်လျောက် တိုက်စစ် ဆင်နေခဲ့တာကြောင့် စိန့်တို့ ခံစစ် မှာပဲ ပိတ်ဆို့ ကစားနေခဲ့ရပါတယ်။ တောင်ပံ နှစ်ဖက်က မာနေးနဲ့ ဆာလာကို ဆောက်သမ်တန် နောက်တန်းက ဆယ်လီဆူနဲ့ ဘက်ဒ်နာရက်ခ်တို့ တော်တော်လေး ထိန်းချုပ်ရ ခက်ခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်က ရိုမီယူ၊ ဝက်ဒ်ပရောက်စ်နဲ့ ဘရိုဂျာ၊ အက်ဒမ်စ် တို့ပါ ခံစစ် အထိ ဆင်းကူခဲ့ ရပါတယ်။ ပွဲချိန် ၃၂ မိနစ် မှာတော့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပြီး ဒီဂိုး ကိုလည်း ဒီယိုဂို ဂျိုတာ ကပဲ နေရာယူ မှန်မှန်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၅ မိနစ် အကြာ မှာတော့ ဆောက်သမ်တန် နောက်ခံလူတွေ ရှုတ်ရှတ်ခက်နေတဲ့ ကြားက သီယာဂိုက အမှတ်မထင် ဧရိယာထိပ် ကနေ အားပြင်းပြင်းနဲ့ ကန်သွင်းခဲ့ရာ ဘောလုံးက လမ်းကြောင်း ပြောင်းပြီး ဂိုးထဲ ဝင်သွားခဲ့လို့ မက်ကာသီလည်း ဘယ်လိုမှ မကာကွယ်နိုင်ပဲ တတိယဂိုး ခွင့်ပြုပေးလိုက် ရပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာတော့ ကလော့ပ်ရဲ့ အသင်းက အနိုင်ဂိုးတွေကို ထိန်းကစားလာလို့ ဧည့်သည် အသင်း အခွင့်အရေး တချို့ ပြန်ရခဲ့ပေမယ့် အလီဆွန်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။ လစ်ဗာပူးလ် အတွက် စတုတ္ထမြောက် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ ဆောက်သမ်တန် ကစားသမားဟောင်း ဗန်ဒိုက်ခ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း လက်ကျန် ပွဲချိန်တွေမှာ လစ်ဗာပူးလ်က ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားသွားခဲ့လို့ ပွဲက စိတ်ဝင်စားစရာ မကောင်းတော့သလို သွင်းဂိုး တွေလည်း ထပ်ပြီး မမြင်ခဲ့ရပါဘူး။ ၄-၀ ရလဒ် နဲ့ပဲ ပွဲပြီးဆုံးခဲ့လို့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ပေးဂိုး မရှိ ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်း ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုနဲ့ အတူ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ယာယီ တက်လှမ်းထားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်လောက် အတိုင်းအတာ အထိ ခြိမ်းခြောက်နိုင်ပြီလဲ ဆိုတာ အလုပ်နဲ့ သက်သေပြသွားခဲ့တဲ့ နောက်ထပ် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ ဒီရာသီမှာ အလှည့်ကျ ပွဲထွက်ခွင့် စနစ်ကို ပြောင်းလဲ အသုံးပြုခဲ့ပေမယ့် အသင်းရဲ့ ဟန်ချက် လုံးဝ ပျက်မသွားခဲ့တာ တွေ့ရပါတယ်။ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပိုပြီး တည်ငြိမ်လာသလို ပွဲပန်းမှုနဲ့ ဒဏ်ရာ ပြသနာတွ ကိုလည်း အထိရောက်ဆုံး ဖြေရှင်းထားနိုင်ခဲ့တဲ့ လစ်ဗာပူးလ် အနေနဲ့ ဒီခြေစွမ်း ကိုသာ ဆက်ပြီး ထိန်းထားနိုင်ခဲ့မယ် ဆိုရင် ဆုဖလားတိုင်းကို မျှော်လင့်လို့ ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဆောက်သမ်တန် ကတော့ ၂၀၁၅ နောက်ပိုင်း အန်ဖီးလ်ကွင်းမှာ ဂိုးပြတ် ရှုံးတဲ့ အစဉ်အလာဆိုး အောက်ကနေ ရုန်းမထွက်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၄ နေရာ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဆောက်သမ်တန် ကတော့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လက်စတာစီးတီးကို အိမ်ကွင်း စိန့်မေရီမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်