နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာ့ခ် ဂီဟီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာပဲ ခရစ္စတယ်ပဲလေ့စ်ရဲ့ အင်္ဂလန် နောက်ခံလူ မာ့ခ် ဂေးဟီကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို TEAMtalk ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီး လစ်ဗာပူးလ်က ဒီနွေမှာ ခံစစ်ပိုင်း အတွက် ဂျိုဝဲလ် မက်တစ်ပ်ကို လက်လွတ်ထားခဲ့ရသလို အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်ရဲ့ အနာဂတ် အခြေအနေတွေ ကလည်း မရေမရာ ဖြစ်နေတာပါ။ ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ်က ဗဟိုခံစစ် ကစားသမားသစ် တစ်ဦး မဖြစ်မနေ ခေါ်ယူ အားဖြည့်နိုင်ဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဗဟိုခံစစ် နေရာ အတွက် အီတလီနဲ့ အတူ ယူရို ၂၀၂၄ မှာ တောက်ပခဲ့တဲ့ ဘိုလော့ဂ်နာ ခံစစ်မှူး ကာလာဖီအိုရီနဲ့ လိုင်လီ ခံစစ်မှူး လီနီ ယိုရို ကိုလည်း ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီ နောက်ခံလူ ကာလာဖီအိုရီက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်ခဲ့သလို ယိုရို ကလည်း မန်ချက်စတာယူနိုက်တက်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

 
ဒါ့အပြင် ဂီဟီက ယူရို ၂၀၂၄ မှာ အင်္ဂလန်နဲ့ အတူ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လက်ရှိမှာ လစ်ဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပြီ ဖြစ်ပါတယ်။
ခံစစ်ပိုင်း အတွက် ကစားသမား တစ်ဦး ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်

ဒါကြောင့် လစ်ဗာပူးလ်က အင်္ဂလန်နဲ့ အတူ ယူရို ၂၀၂၄မှာ ဆောက်ဂိတ် စိတ်ကြိုက် အသုံးပြုခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂီဟီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ မာ့ခ် ဂီဟီဟာ ၂၀၂၁ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ် အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ ပြီးတော့ လက်ရှိ အီးဇီး ပြီးရင် ခရစ္စတယ်ပဲလေ့စ်ရဲ့ တန်ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ ဂီဟီက ခံစစ် ဘယ်ညာ နှစ်ဖက်စလုံးမှာ အားသန်တဲ့ ဗဟို ခံစစ်ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် ဂီဟီက ယူရို ၂၀၂၄ မှာ အင်္ဂလန်နဲ့ အတူ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် လက်ရှိမှာ လစ်ဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ဂီဟီလို အသင်း အတွက် အရေးပါတဲ့ ကစားသမားကို အသင်း ကနေ အလွယ်တကူ လက်လွှတ်သွားလိုခြင်း မရှိတာတော့ သေချာပါတယ်။ ဒါ့အပြင် ဂီဟီ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရမှာသာ ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပြီး လစ်ဗာပူးလ် ဘက်ကတော့ ဂီဟီ အတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၅)သန်းနဲ့ စတင် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ လစ်ဗာပူးလ်ဟာ နည်းပြသစ် ခေါ်ယူထားပေမယ့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာတော့ ကစားသမားသစ် ခေါ်ယူထားခဲ့ခြင်း မရှိသေးပါဘူး။ ကစားသမား အထွက် အနေနဲ့တော့ ဂိုးသမား အက်ဒရီယန်ကို ရီးရဲလ်ဘက်တစ် ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားရပြီး အာရိုယို ကိုတော့ ဘားဂိုးစ်၊ ကယ်ဗင် ရမ်ဆေး ကိုတော့ ဝီဂန် အသင်းထံ အငှားချထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်