နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘူအမ်မိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ ပါဝင်လာတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ မိုဟာမက် ဆာလာကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလာရဲ့ ဆုံးဖြတ်ချက်ပေါ်လည်း မူတည်နေတာကြောင့် လစ်ဗာပူးလ်က တစ်ဖက်မှာလည်း သူ့ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် ညာတောင်ပံ ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိပြီး အဲဒီ အထဲမှာ ဘရန့်ဖိုဒ်က ဘရိုင်ယန် အမ်ဘူအမ်မိုလည်း ပါဝင်နေကြောင်း သိရပါတယ်။ 

ဒီသတင်း ကိုတော့ The Sun က ဖော်ပြလာခဲ့တာ ဖြစ်ပြီးတော့ လစ်ဗာပူးလ် အနေနဲ့ ဘယ်ကစားသမားကို အရ ခေါ်ယူသွားနိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ်ရှိ အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် ဆာလာဟာ လစ်ဗာပူးလ်ကို စတင် ရောက်ချိန်ကတည်းက လက်ရှိအချိန်ထိ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားပေမယ့် လက်ရှိ ဒီရာသီ အကုန် မှာတော့ သူနဲ့ လစ်ဗာပူးလ်တို့ အကြားက စာချုပ်သက်တမ်း ကလည်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒီရာသီဟာ မိုဟာမက် ဆာလာက အတွက် လစ်ဗာပူးလ် ကစားသမား ဘဝ နောက်ဆုံး ရာသီ ဖြစ်သွားနိုင်ပြီး အီဂျစ်သားက လက်ရှိ ဘောလုံး ရာသီမှာတော့ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းကာ ၁၀ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဆာလာကို အလွတ်နဲ့ လက်လွှတ်ရဖို့ထက် စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုဖို့ ကိုသာ ပိုမို အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ဆာလာကို အလွတ်နဲ့ လက်လွှတ်ရဖို့ထက် စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုဖို့ ကိုသာ ပိုမို အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။
ဆာလာ နေရာ အတွက် ရေရှည်အစားထိုးဖို့ စီစဉ်နေတဲ့ လစ်ဗာပူးလ်

ဒီလိုမျိုး မိုဟာမက် ဆာလာကို စာချုပ် သက်တမ်းတိုးဖို စီစဉ်နေချိန် တစ်ဖက် မှာလည်း လစ်ဗာပူးလ်က ညာတောင်ပံ ကစားသမား အများအပြားကို ချိန်ရွယ်လျက် ရှိပြီး ဒီထဲမှာ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းပြ ကစားသမား အမ်ဘူအမ်မိုလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အမ်ဘူမိုဟာ ဘရန့်ဖိုဒ်ရဲ့ အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီးတော့ အိုင်ဗန် တိုနေး မရှိချိန်မှာ ဘရန့်ဖိုဒ် အတွက် အရေးအကြီးဆုံး တိုက်စစ် ကစားသမား ဖြစ်လာခဲ့သူပါ။ အမ်ဘူအမ်မိုက ဒီရာသီ ပရီးမီးယားလိဂ် မှာ ၈ ဂိုး အထိ သွင်းယူပေးထားပါတယ်။ 

ပြင်သစ်-ကင်မရွန်း နွယ်ဖွား ကင်မရွန်း လက်ရွေးစင် ကစားသမား အမ်ဘူအမ်မို ကတော့ ညာတောင်ပံနဲ့ အထောင် တိုက်စစ် အပြင် နောက်ချန် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ၃ ရာသီကျော်ကြာ ကျင်လည်ထားပြီး သူ့ကိုတော့ လစ်ဗာပူးလ် လိုပဲ အာဆင်နယ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အမ်ဘူမို ဟာ ဘရန့်ဖိုဒ်နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ၁ နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်