နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်အရှုံးထက် နှစ်သင်းပေါင်း သွင်းဂိုး အများကို ပိုပြီး မျှော်လင့်ထားချင်ပါတယ် | လစ်ဗာပူးလ် – အာဆင်နယ်(ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – အာဆင်နယ်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အစောဆုံးနဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများမှာ အသာရခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီတစ်ကြိမ် တွေ့ဆုံမှု မှာရော ခြေတက်နေတဲ့ အာဆင်နယ်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

လာလီဂါ

ဂရာနာဒါ

ရီးယဲလ်မက်ဒရစ်

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

 

လစ်ဗာပူးလ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်း ကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ဆင်းပေးခဲ့ရလို့ အခုပွဲကနေ မဖြစ်မနေ အနိုင် ၃ မှတ် ရှာဖွေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပြင် ခရာဘောင် ဖလား ပွဲစဉ်တွေပါ ဆက်တိုက် ကစားထားရလို့ လစ်ဗာပူးလ်တို့ ပွဲပန်းနေပုံရပြီး ဒဏ်ရာရ ကစားသမား များနေတာ ကလည်း နည်းပြ ဂျာဂျင် ကလော့ပ် အတွက် ခေါင်းကိုက်စရာ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲစဉ်တွေ ကစားချိန်မှာ ကစားသမား တချို့ အနားရထားလို့ အခုပွဲမှာ အားအင်အပြည့်နဲ့ ပွဲထွက်လာနိုင်တဲ့ အခြေအနေ ရှိပါတယ်။v ဒါ့အပြင် ဒီပွဲပြီးရင် ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိပေမယ့် ရှုံးထွက်အဆင့်ကို တက်ရောက်ပြီးသား ဖြစ်လို့ သေချာပေါက် အာရုံစိုက်လာမယ့် သဘောမှာ ရှိနေပါတယ်။ နောက်ဆုံး သတင်းတွေ အရ ဆိုရင်တော့ လစ်ဗာပူးလ်ရဲ့ အဓိက ကစားသမား ၈ ဦးလောက် ဒဏ်ရာပြသနာ ရှိနေပြီး စာရင်း အရ ဆိုရင် ကာတစ် ဂျုံးစ်၊ အောရီဂီ၊ ဟာဗေး အဲလီယော့တ်၊ ဂျိမ်းစ်မီလ်နာ၊ ဂိုမက်ဇ်၊ ဟန်ဒါဆင်၊ နာဘီကေတာ၊ ဖေမီနိုတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ကတော့အသင်းလိုက်ကစားပုံကောင်းကောင်းနဲ့ခရီးဆက်နေခဲ့ပြီးပရီးမီးယားလိဂ်အပါအဝင်ပြိုင်ပွဲစုံနောက်ဆုံး၁၀ပွဲဆက်ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ အသင်းလိုက် ကစားပုံ ကောင်းကောင်းနဲ့ ခရီးဆက်နေခဲ့ပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အဲ့ထဲကမှ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ် တို့နဲ့ပဲ သရေကျထားတဲ့ အာဆင်နယ်တို့ ကျန်ပွဲစဉ် အားလုံး ကိုတော့ အနိုင်ကစားထားတာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိထားတဲ့ အာဆင်နယ်တို့ ခံစစ်ပိုင်း ကလည်း ကောင်းမွန်နေပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် ကစားသမားဟောင်း ခန့်မှန်းသုံးသပ်သူ မိုက်ကယ် အိုဝင် ကတော့ အာဆင်နယ်ရဲ့ ခံစစ်ကို မယုံဘူးလို့ သုံးသပ် ပြောကြားထားပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရတော့ ကွင်းလယ်က ဂရန်းနစ် ချာကာ၊ ကိုလာဆီနက်ချ် တို့ကလွဲလို့ ကျန် အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်လာဖို့ များနေပြီး ၄-၄-၂ သို့မဟုတ် ၄-၂-၃-၁ ကစားကွက်ကို မီခယ် အာတေးတား စိတ်ကြိုက် ရွေးချယ် အသုံးပြုလာဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အခုပွဲ မတိုင်ခင် လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ ၂၃၃ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ပြီး လစ်ဗာပူးလ်က ၉၁ ကြိမ် အနိုင်ရကာ အာဆင်နယ်က ၈၁ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ လစ်ဗာပူးလ်တို့ အပြတ်အသတ် အသာရခဲ့တယ်လို့ ပြောလို့ ရပြီး သွင်းဂိုး စုစုပေါင်း ၁၈ ဂိုးအထိ ရရှိထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လစ်ဗာပူးလ် – အာဆင်နယ် အချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၁.၇၇
နိုဝင်ဘာလ၂၁ ရက် , မနက် ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၁.၄၉ ဆ၊ ဧည့်သည် အတွက် ၅.၆၀ ဆ၊ သရေအတွက် ၄.၅၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ဆိုရင် မီခယ် အာတေးတားရဲ့ အသင်း ဘယ်လောက်အထိ ပုံစံကောင်း ရနေပါစေ အိမ်ရှင် လစ်ဗာပူးလ် ဘက်မှာ ရပ်တည်တာကပဲ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။ တစ်ဦး တစ်ယောက်ချင်း ရွေးချယ်မှု အရ ဆိုရင်တော့ ပိုသေချာနိုင်မယ့် နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက်ကို ပိုပြီး သဘောကျနေပါတယ်။

ခန့်မှန်းရလဒ်(၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်