နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတုဂတ် ဗဟိုခံစစ်မှူးကို စိတ်ဝင်စားနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ ဝါတာရု အန်ဒိုရဲ့ အသင်းဖော်ဟောင်း ဖြစ်တဲ့ စတုဂတ် နောက်ခံလူ ဝဲလ်ဒီမာ အန်တွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် ပထမဦးဆုံး ရာသီမှာတင် အောင်မြင်မှုတွေ ရရှိရေး အတွက် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အခုလမှာ ထွက်ခွာသွားခဲ့တဲ့ မက်တစ်ပ် နေရာမှာ အစားထိုးဖို့ ဗဟိုနောက်ခံလူသစ် တစ်ဦးကို ရှာဖွေနေတာ ဖြစ်ပါတယ်။

ဂျာမန် အခြေစိုက် Sport BILD ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ မကြာသေးမီခင် ဘွန်ဒက်စ်လီဂါမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့တဲ့ အန်တန်ကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အန်တွန်ရဲ့ စတုဂတ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ အထက်ကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ ကလည်း စတုဂတ်ရဲ့ အသင်းခေါင်းဆောင်ဟောင်း အန်ဒိုကို ခေါ်ယူထားနိုင်ခဲ့ပြီး အသင်း အတွက်လည်း အကျိုးရှိတဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ်။ ဂျပန် လက်ရွေးစင် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗားပူးလ်မှာ အလျင်အမြန် အသားကျခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ပွဲ ကစားကာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သတင်းတွေ အရ ဆိုရင် လက်ရှိမှာ အန်တွန်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မဆုံးဖြတ်ရသေးပဲ ဂျာမနီနဲ့ အတူ ယူရို ၂၀၂၄ မှာ တိုက်ပွဲဝင်ဖို့သာ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဗဟိုခံစစ်မှူးဟာ စကော့တလန်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ဂျာမနီ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း အရန်ခုံသာ ထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ် ခံစစ်ကို ဗာဂျယ် ဗန်ဒိုက်ခ်က ဆက်လက် ဦးဆောင်မှာ ဖြစ်ပေမယ့်လည်း အသက်အရွယ် အားဖြင့်တော့ ၃၂ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ကြိုးကြာနီတို့ဟာ အနာဂတ် အတွက် ခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာပါ။ အီဘရာဟီမာ ကိုနာတေး ကတော့ လစ်ဗာပူးလ် နောက်တန်းရဲ့ အဓိက အစိတ်အပိုင်း တစ်ခု အဖြစ် ဆက်လက် တည်ရှိနေပေမယ့် လိုက်ပ်ဇစ် ကနေ ပြောင်းရွှေ့လာပြီးနောက် မကြာခဏ ဆိုသလို ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလော့ပ် အနေနဲ့ ဗဟိုခံစစ်နေရာမှာ ဂျိုး ဂိုးမက်ဇ်ကို ရာနှုန်းပြည့် အဓိက အသုံးပြုခဲ့ရပါတယ်။ ဒါ့အပြင် လူငယ်ကစားသမား ဂျရဲလ် ကွမ်ဆာ့ ကတော့ ပြီးခဲ့တဲ့ရာသီက တည်ငြိမ်တဲ့ တိုးတက်မှုတွေကို ပြသနိုင်ခဲ့ပြီး အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ယာယီ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ် လူစာရင်းမှာတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်