နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်လို့ ဂိုးပေါ်ပဲ ရွေးချယ်ထားသင့်တယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဘုန်းမောက်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ နောက်ထပ် ပွဲကျန် တစ်ပွဲ အဖြစ် ဝုဗ်နဲ့ ဘုန်းမောက်တို့ မိုလီနက်စ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ နှစ်သင်းမှာ ဘယ်အသင်း အသာရသွားပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝုဗ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရပေမယ့် ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဝုဗ်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေပြီးတော့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂယ်ရီ အိုနီးလ်ရဲ့ အသင်းက ကစားသမားတွေ ဒဏ်ရာရရှိနေခြင်းနဲ့ အတူ ရလဒ်တွေ ဆိုးနေခဲ့လို့ ဘုန်းမောက်လို မထင်ရင် မထင်သလို ခြေစွာတတ်တဲ့ အသင်း ဆီကနေ အမှတ်ယူနိုင်ပါ့မလား ဆိုတာ စိုးရိမ်စရာပါ။

ဘုန်းမောက် ကတော့ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ လူတန်ကို ရှုံးပြီးနောက် ယူနိုက်တက်ကို သရေကစားခဲ့သလို အနိုင်ရနိုင်တဲ့ အခြေအနေလည်း ရှိခဲ့ပေမယ့် သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ နောက်ဆုံး ပွဲမှာတော့ ဘုန်းမောက်က အက်စတွန်ဗီလာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အခုပွဲမှာ ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ဘုန်းမောက်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၈ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဘုန်းမောက် ကတော့ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့ပေမယ့် ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ ဘုန်းမောက်

အခုပွဲကိုတော့ ဝုဗ် ဘက်က နီတို၊ လီမီနာ၊ ဆီမီဒို၊ ကွန်ဟာ၊ ဘယ်လီဂရိတ်၊ ဒေါ်ဆင်တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဘုန်းမောက် ဘက်မှာလည်း ကစားသမား တချို့ လွဲချော်ဦးမှာ ဖြစ်ပြီး တိုင်လာ အဒမ်စ်၊ ဖရက်ဒရစ်ခ်၊ ဖိုင်ဗရီ၊ တာဗာနီယာ၊ ဆင်နီစတာရာ၊ မီဖမ်း တို့ လွဲချော်ကြဦးမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ တော့တီ ဂိုးမက်စ်၊ ကေးလ်မန်း၊ ဆန်တီယာဂို ဗျူနို၊ ထရာအိုရေး၊ ဂိုးမက်စ်၊ ဗျူနို၊ ဒိုဟာတီ၊ ချီရီဝါ၊ ဒွိုင်းလ်၊ ဟွမ်

ဘုန်းမောက် – နတ်တို၊ ဇဘာညီ၊ ဆီနက်စီ၊ စမစ်သ်၊ ကယ်လီ၊ ခရစ္စတီ၊ ကွတ်ခ်၊ ကလွိုင်ဗက်၊ ကာကက်ဇ်၊ အော့တာရာ၊ ဆိုလန်ကီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၉ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဝုဗ်က ၄ ကြိမ်နိုင်၊ ဘုန်းမောက်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဝုဗ်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘုန်းမောက်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဝုဗ်က ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပြီးတော့ ဘုန်းမောက်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် နိုင်ရင် ၂.၅၅ ဆ၊ ဘုန်းမောက် နိုင်ရင်တော့ ၂.၃၉ ဆ၊ သရေ ဆိုရင်တော့ ၃.၄၃ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘုန်းမောက် ကတောင် ကြေးကြော ပြန်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ထားလို့ ဂိုးပေါ်ဖို့ကို ဦးတည်နိုင်ပါတယ်။ ဝုဗ်ဟာ ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် လက်ရှိမှာတော့ ဒဏ်ရာရကစားသမား များနေပြီး Form လည်း ပျက်နေတာကြောင့် အသာရဖို့ မလွယ်ကူပါဘူး။ ဘွတ်ကီတွေ အနေနဲ့လည်း ဘုန်းမောက်ကို အားသာနေတာ တွေ့ရလို့ ဒီပွဲကိုတော့ ဂိုးပေါင်း အပေါ်ပဲ ရွေးချယ်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရမှာပါ။


ခန့်မှန်းရလဒ်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၂-၂ ဘုန်းမောက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်