နော့တင်ဟမ်ဖောရက်စ် – မန်ချက်စတာစီးတီး
ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် မန်ချက်စတာစီးတီးက နော့တင်ဟမ်ဖောရက်စ်ကို စီးတီးဂရောင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးတီးဂရောင်းမှာ ဖောရက်စ်ကို အရေးနိမ့်ထားတဲ့ မန်စီးတီးတို့ ဒီရာသီမှာရော ရလဒ်ကောင်း တစ်ခု ပြန်လည် ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ ရှောင်ဒိုက်ချ် လက်ထက်မှာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ နိုင်၊ ၃ ပွဲ ရှုံးထားပါတယ်။ ဖောရက်စ်က ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၄ ပွဲ အထိ ရှိခဲ့ပါတယ်။ လက်ရှိမှာ ဖောရက်စ်က ခြေစွမ်းပိုင်း မတည်ငြိမ်သေးသလို ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက်မှာ ၅ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။ ဖောရက်စ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ ဖောရက်စ်က ပြီးခဲ့တဲ့ ပွဲမှာ ဆိုရင် ဖူလ်ဟမ်ကို ရှုံးနိမ့်ထားခဲ့ပြီး အပေါ်က အသင်းတွေနဲ့ အမှတ် ထပ်မပြတ်သွားဖို့ ပွဲတိုင်းကို သတိထား ကစားဖို့ လိုအပ်နေပါပြီ။
မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ဇယား ထိပ်က ဦးဆောင်သူ အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်ဖို့ အမှားမခံစတမ်း ကစားလာဦးမှာပါ။ လက်ရှိမှာ မန်စီးတီးက အာဆင်နယ်နဲ့ ၂ မှတ်သာ ကွာဟနေပြီး ဂိုးကွာခြားချက် ကလည်း အနည်းငယ် ပိုများနေတာကြောင့် ဂန်းနားတွေ ခြေချော်မယ့် အချိန်ကို အသင့်စောင့်နေပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ထားပြီး ပရီးမီးယားလိဂ် မှာတော့ ၅ ပွဲဆက် အနိုင်ရထားကာ အကောင်းဆုံး ပုံစံရနေပါတယ်။ တိုက်စစ်က ဟာလန်း ဂိုးမြူးနေသလို ချာကီ၊ ဖိုဒန် တို့လည်း ခြေစွမ်းပြနေပါတယ်။ ချာကီဟာ နိုဝင်ဘာလ နောက်ပိုင်း ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပြီး ဥရောပရဲ့ ထိပ်တန်း လိဂ် ၅ ခုမှာ အများဆုံး ဖြစ်ပါတယ်။ ရာယန် ချာကီဟာ ပရီးမီးယားလိဂ် မှာတော့ Big Chances ဖန်တီးပေးနိုင်မှု အများဆုံး ကစားသမား ဖြစ်ပြီး ၁၀ ကြိမ် ရှိထားပါတယ်။ ဒီရာသီမှာ မန်စီးတီးရဲ့ လိဂ်ဂိုး ၄၁ ဂိုးမှာ ဟာလန်းရဲ့ သွင်းဂိုးက ၁၉ ဂိုး ရှိပြီး ၄၆ ရာခိုင်နှုန်း အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက နောက်ဆုံး ၅ ပွဲ မှာ ၁၃ ဂိုး သွင်းယူထားပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဖောရက်စ် ဘက်က ဘိုလီ၊ ဆန်ဂါရေး တို့ အာဖရိကဖလားပြိုင်ပွဲ သွားကစားနေပြီး ရိတ်စ်၊ အိုင်နာ၊ ဝုဒ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
မန်စီးတီး မှာတော့ အိုမာ မာမွတ်ရှ်၊ အစ် နျူရီ တို့ အာဖရိကဖလား ပြိုင်ပွဲ သွားရောက် ကစားနေပြီး ကိုဗာချစ်၊ ရိုဒရီ၊ ဒိုကု၊ ဘော့ဘ် တို့ လွဲချော်မှာ ဖြစ်သလို ဂျွန်စတုန်းစ် ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နော့တင်ဟမ်ဖောရက်စ် – ဗစ်တာ၊ ဝီလီယမ်စ်၊ မူရီလို၊ မီလန်ကိုဗစ်၊ ဆဗိုနာ၊ လူးဝစ်ဇ်၊ အန်ဒါဆန်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ ဂစ်ဘ်-ဝှိုက်၊ ဟက်ချင်ဆန်၊ အီဂေါ ဂျေဇုစ်
မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ အိုရွိုင်လီ၊ ဂဗာဒီယိုလ်၊ ဒီးရာ့စ်၊ နူနက်စ်၊ ရိုင်ဒါးစ်၊ နီကို၊ ဆေးလ်ဗား၊ ဖိုဒန်၊ ချာကီ၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်မှာ ဖောရက်စ်က ၁ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး မန်စီးတီးက ၅ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ၆ ကြိမ် တွေ့ဆုံရာမှာ ဖောရက်စ်က ၁ ကြိမ် နိုင်ပြီး မန်စီးတီးက ၄ ကြိမ် နိုင်ထားပါတယ်။ စီးတီးဂရောင်းမှာ ၄ ကြိမ် တွေ့ဆုံရာ မှာတော့ မန်စီးတီးက ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဖောရက်စ်က ၁ ကြိမ် နိုင်ထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၅.၂၀ ဆ နီးပါး ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး နိုင်ရင်တော့ ၁.၅၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၀၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း မန်ချက်စတာစီးတီးက တစ်လုံး တစ်ဝက် ရှုံးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ ထုံးစံအတိုင်းပါပဲ။ မန်စီးတီးက အံ့မခန်း ခြေစွမ်းပြနေပြီး တည်ငြိမ်မှု မရှိတဲ့ နော်တင်ဟမ်ဖောရက်စ်က သူတို့ကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူဖို့ ရည်မှန်းထားတဲ့ မန်စီးတီးတို့ ပုံစံကောင်း တစ်ခုနဲ့ ရှေ့ဆက်ဖို့ ကြိုးပမ်းမှာပါ။ မန်စီးတီးတို့ ဂိုးပြတ် နိုင်ပွဲ ရမယ့် ပွဲပါ။
ခန့်မှန်းရလဒ်
နော့တင်ဟမ်ဖောရက်စ် ၁-၃ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


