နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာတဲ့ အစ္စမေလာ ဆား | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် ကတော့ ဆီနီဂေါ ညာတောင်ပံ ကစားသမား အစ္စမေလာ ဆားကို မာဆေးလ် ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဆားဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ဝက်ဖို့ဒ် အသင်းမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ ဆားကို ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ မိုက်ကယ် အိုလစ်ဆီ နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ဝက်ဖို့ဒ်မှာ နှစ်ရာသီကြာ ကစားခဲ့ဖူးတဲ့ ဆားဟာ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း (ပေါင် ၁၂.၅သန်း) နဲ့ ဆဲလ်ဟတ်စ်ပါ့ခ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ၅ နှစ် စာချုပ်လည်း ချုပ်ဆိုသွားမှာပါ။ 

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားက မာဆေးလ် အတွက် ပြီးခဲ့တဲ့ ရာသီက ၃၅ ပွဲ ကစားပေးခဲ့ပြီး ၅ ဂိုး သွင်းကာ၊ ၅ ဂိုး ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ဆားက ဝက်ဖို့ဒ်မှာတော့ ၂၀၁၉ ကနေ ၂၀၂၃ ခုနှစ် အထိ ၄ ရာသီ အတွင်း ၁၃၁ ပွဲ ကစားကာ ၃၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ဟာ မနေ့ကပဲ အစ္စမေလာ ဆားရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ် ကစားသမားသစ် ဖြစ်လာတဲ့ ဆားက သူ့ရဲ့ ပထမဦးဆုံး အင်တာဗျူးမှာတော့ “ခရစ္စတယ်ပဲလေ့စ်က အရမ်းကောင်းတဲ့ အသင်း ဖြစ်လို့ ဒီမှာ ရှိရတာ အရမ်း ပျော်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဆားက “နည်းပြနဲ့ အားကစားဒါရိုက်တာကို ကျေးဇူးတင်ပါတယ်။ သူတို့က သူတို့ရဲ့ ပရောဂျက် အကြောင်းတွေကို ပြောပြခဲ့ပြီးတော့ ဒါဟာ ကောင်းမွန်တဲ့ ပရောဂျက် တစ်ခု ဖြစ်တာကြောင့် ကျွန်တော် လက်ခံခဲ့တာပါ။ ကျွန်တော် အသင်းနဲ့ ပရိသတ်တွေ အတွက်ရော ကွင်းတွင်းနဲ့ ကွင်းပြင်ပ မှာပါ ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ အိုလီဗာ ဂလက်စနာ က‌တော့ ဆားရဲ့ အပြောင်းအရွှေ့ အပေါ် အခုလိုပဲ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ “အစ္စမေလာက ဝက်ဖို့ဒ်မှာ ကစားတုန်းက ပရီးမီးယားလိဂ် အကြောင်း သိခဲ့သူပါ။ အင်္ဂလန်မှာ ဘယ်လို နေထိုင်ရမယ် ဆိုတာ သိသူပါ။ ပြီးခဲ့တဲ့ ရာသီက မာဆေးလ်နဲ့လည်း ပွဲတော်တော်များများ ကစားခဲ့ဖူးပြီး ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကို ဝမ်းသာမိပါတယ်။ သူ ကစားခဲ့ဖူးတဲ့ ကလပ်တိုင်းမှာ နှစ်တိုင်း ဂိုးတွေ သွင်းနိုင်ကြောင်း ပြသခဲ့ပါတယ်။ ဆီနီဂေါ အတွက် နိုင်ငံ့လက်ရွေးစင် အသင်း မှာလည်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျွန်တော်တို့ အဖွဲ့မှာ ပါဝင်လာတဲ့ အတွက် တကယ်ကို ဝမ်းသာမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ဒီနွေရာသီမှာ သူတို့ရဲ့ အဓိက ကစားသမား မိုက်ကယ် အိုလစ်ဆီကို ဘေယန်မြူးနစ် အသင်းထံ ပေါင် သန်း ၅၀ နဲ့ လက်လွှတ်ခဲ့ရပြီးနောက် ကစားသမား ၃ ဦး ပြန်လည် ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ခေါ်ယူမှု ကတော့ ရီးရဲလ်ဘက်တစ်က မော်ရိုကို ဗဟိုခံစစ်မှူး ချက်ဒီ ရီရတ်ဒ်ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒုတိယ တစ်ယောက် ကတော့ လာဇီယိုက ဒိုင်ချီ ကာမာဒါကို အလွတ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်