နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုချက်တီနို အတွက် စိတ်မကောင်း ဖြစ်ရတယ် ဆိုတဲ့ ဟာဇက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကစားသမားဟောင်း အီဒင် ဟာဇက်က သူ့ရဲ့ အသင်း အနေနဲ့ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုဟာ ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်ပြီး သူ့ အတွက် ကံကောင်းပါစေကြောင်းလည်း ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်က talkSPORT နဲ့ အင်တာဗျူးမှာ “ကျွန်တော် ပိုချက်တီနိုနဲ့ ပတ်သတ်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ သူက ချဲလ်ဆီး အတွက် အကောင်းဆုံးတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတွေက ချဲလ်ဆီးကို ထိပ်ဆုံး ၄ သင်းနေရာမှာ ရှိနေစေချင်ကြတယ် ဆိုတာ သိပေမယ့်လည်း လက်ရှိက အကူးအပြောင်း တစ်ခုမှာ ရှိနေပါတယ်။ သူက ထိပ်တန်း နည်းပြကောင်း တစ်ဦး ဖြစ်ပါတယ်။ သူကံကောင်းပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ရာသီကမှ ချဲလ်ဆီးကို စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် မှာ အဆင့် ၆ နေရာ ရရှိအောင်သာ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် လန်ဒန် ကလပ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ပဲ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား လူမျိုး နည်းပြဟာ ချဲလ်ဆီးကို ခရာဘောင်ဖလား ဗိုလ်လုပွဲ၊ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်တွေ အထိ ပို့ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။


မာရက်စ်ကာဟာ လက်စတာစီးတီး အသင်း ကိုလည်း ပရီးမီးယားလိဂ် ဆီ ပြန်လည် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
ဖာဘရီဂတ်စ်ကို ချဲလ်ဆီး မန်နေဂျာ ဖြစ်စေချင်နေတဲ့ ဟာဇက်

ဆက်လက်ပြီး ဟာဇက်က ချဲလ်ဆီး နည်းပြသစ် ဘယ်သူ ဖြစ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ “ဒီဇာဘီလည်း ချဲလ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုမို အသင်းမှာ နည်းပြ လုပ်နေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းလည်း ရှိနေပါသေးတယ်။ သူလည်း ချဲလ်ဆီးရဲ့ နည်းပြသစ် ဖြစ်လာနိုင်ပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။

လက်ရှိ စီးရီးဘီ ကလပ် ကိုမို အသင်းကို နည်းပြနေသူ ကတော့ တခြားသူ မဟုတ်ပဲ ချဲလ်ဆီး ကစားသမားဟောင်း တစ်ဦးပဲ ဖြစ်တဲ့ ဖာဘရီဂတ်စ်ပါ။ ဖာဘရီဂတ်စ်ဟာ ချဲလ်ဆီး အသင်း လျာထားတဲ့ နည်းပြ စာရင်းမှာ မပါဝင်ပေမယ့် ဟာဇက် ကတော့ သူ့ရဲ့ သူငယ်ချင်း အတွက် ယုံကြည်မှု ရှိရှိ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ဟာ ကိုမို အသင်းကို စီးရီးဘီ ကနေ စီးရီးအေကို တန်းတက်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ လူငယ်နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

ဟာဇက်နဲ့ ဖာဘရီဂတ်စ် တို့ဟာ ၂၀၁၄ ကနေ ၂၀၁၉ ခုနှစ် အထိ ချဲလ်ဆီးမှာ အတူတကွ တွဲဖက် ကစားခဲ့ဖူးပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီး အတွက် ပွဲပေါင်း ၂၅၀ နီးပါး ကစားပေးခဲ့ပြီး ဖာဘရီဂတ်စ် ကတော့ ပွဲပေါင်း ၂၀၀ နီးပါး ကစားပေးခဲ့သူ ဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ အသက် ၃၃ နှစ် အရွယ်သာ ရှိသေးပေမယ့် ဒဏ်ရာပြသနာတွေရဲ့ နှိပ်စက်မှုကြောင့် ကစားသမားဘဝ ကနေ စောစောစီးစီး အနားယူသွားခဲ့သူ ဖြစ်ပါတယ်။ ဟာဇက်ထက် ၄ နှစ်ကြီးတဲ့ ဖာဘရီဂတ်စ် ကတော့ လက်ရှိ စီးရီးအေ တန်းတက် ကလပ် ကိုမို အသင်းကို ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ပေးနေသူ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လက်ရှိမှာ အစ်ပ်ဆွစ်ချ် နည်းပြ မက်ကန်နာကို ခေါ်ယူဖို့ လက်လျှော့ခဲ့ပြီးနောက် လက်စတာစီးတီး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ လက်တွဲဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။ ဒီနည်းပြဟာ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား လိုပဲ ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပြီး အရည်အသွေး ရှိတဲ့ နည်းပြ တစ်ဦး ဖြစ်တာကြောင့် ချဲလ်ဆီးတို့ အရခေါ်ယူဖို့ ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။ မာရက်စ်ကာဟာ လက်စတာစီးတီး အသင်း ကိုလည်း ပရီးမီးယားလိဂ် ဆီ ပြန်လည် တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်