နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ပြင်နေတဲ့ မက်ဂွိုင်းယား (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ ပြင်နေတဲ့ မက်ဂွိုင်းယား 

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ် မှာပဲ ဆက်နေသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

အသက် ၃၀ အရွယ် နောက်ခံကစားသမား အတွက် ဝက်စ်ဟမ်းရဲ့ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ အပတ်မှာ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းယားက သဘောတူညီမှု မပေးသေးတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပြီး ဝက်စ်ဟမ်းက နောက်ထပ် ကစားသမားသစ်ကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ 

မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပြီးနောက် လစာ အပြည့် ပြန်လည် ရရှိမှာ ဖြစ်ပြီး ဝက်စ်ဟမ်းကို ပြောင်းရွှေ့မယ် ဆိုရင် ပိုမိုနည်းပါးတဲ့ လုပ်ခလစာ ရရှိမှာ ဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာလိုခြင်း မရှိဘဲ ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ အင်္ဂလန် နောက်ခံလူဟာ အိုးထရက်ဖို့ဒ်မှာ အခြေကျနေပြီလို့ ခံစားနေရကြောင်း သိရပါတယ်။ 


လာဗီယာကို ခေါ်နိုင်မယ် ထင်တဲ့ အသင်းကို ပြောပြခဲ့တဲ့ ဆောက်သမ်တန် ဘောလုံးဒါရိုက်တာ 

ဆောက်သမ်တန် ဘောလုံးဒါရိုက်တာက လစ်ဗာပူးလ် ဆီကနေ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့်လည်း ရိုမီယို လာဗီယာ အတွက် အပြောင်းအရွှေ့ပြိုင်ပွဲမှာ ချဲလ်ဆီးက အနိုင်ရသွားမယ်လို့ မျှော်မှန်းထားပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး အသင်း ၂ သင်းဟာ ဆောက်သမ်တန်က တန်းဆင်းသွားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တဲ့ လာဗီယာကို ခေါ်ယူဖို့ အတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဘရိုက်တန် ကြယ်ပွင့် ကိုင်ဆေဒိုကို ချဲလ်ဆီးရဲ့ လက်ဦးမှုရယူခြင်း ခံခဲ့ရပြီး ဖြစ်ပြီး လာဗီယာ ကိုလည်း အလားတူပဲ ဆုံးရှုံးရတော့မယ့်ပုံပေါ်နေတာ ဖြစ်ပါတယ်။ 

ဆောက်သမ်တန် ဘောလုံးဒါရိုက်တာ ဂျေဆင် ဝီလ်ကော့စ်က လာဗီယာအတွက် လစ်ဗာပူးလ်က ကမ်းလှမ်းခဲ့ပေမယ့်လည်း ချဲလ်ဆီးက အသက် ၁၉ နှစ်အရွယ်ကစားသမားကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ဦးဆောင်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


ဒဏ်ရာရခဲ့ပြီးနောက် ပထမဆုံး အကြိမ် ပရိသတ်တွေကို သတင်းစကားပါးခဲ့တဲ့ အန်ကွန်ကူ 

ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူက ပရီးမီးယားလိဂ် ရာသီအစကို လွဲချော်ခဲ့တဲ့ အတွက် အရမ်း စိတ်ပျက်ခဲ့ပေမယ့်လည်း ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။
ရာသီ အစမှာတင်ပဲ ဒဏ်ရာကြောင့် အနားယူရတော့မယ့် အန်ကွန်ကူ

ချဲလ်ဆီး တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူက ပရီးမီးယားလိဂ် ရာသီအစကို လွဲချော်ခဲ့တဲ့ အတွက် အရမ်း စိတ်ပျက်ခဲ့ပေမယ့်လည်း ပိုပြီး သန်မာတဲ့ ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။ 

အန်ကွန်ကူဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် မူလမျှော်မှန်းထားတာထက် အချိန်ပိုကြာကြာ အနားယူရမှာ ဖြစ်တယ်လို့ ချဲလ်ဆီးက ပြီးခဲ့တဲ့ အပတ်မှာ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် ကနေ ယခုနွေရာသီ အစောပိုင်းမှာ ပေါင် ၅၂ သန်းနဲ့ ပြောင်းလာတဲ့ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ဒေါ့မန်နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ 

အန်ကွန်ကူဟာ ရာသီကြို ၅ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် ဒီဇင်ဘာလ အထိ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်