နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာကြောင့် နော်ဝေ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဟာလန်း၊ ယူနိုက်တက်ကို ရူးနှမ်းတဲ့ စျေးတော့ ပေးပြီး ဝယ်မှာ မဟုတ်ဘူး ဆိုတဲ့ ဆာဂျင် ရက်ကလစ်ဖ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဒဏ်ရာကြောင့် နော်ဝေ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဟာလန်း၊ ယူနိုက်တက်ကို ရူးနှမ်းတဲ့ စျေးတော့ ပေးပြီး ဝယ်မှာ မဟုတ်ဘူး ဆိုတဲ့ ဆာဂျင် ရက်ကလစ်ဖ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၁ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် နော်ဝေ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ ဟာလန်း

နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပေါင်ခြံ ဒဏ်ရာကြောင့် စပိန်၊ ဂျော်ဂျီယာ တို့နဲ့ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ် ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ဘဲ လူစာရင်း ကနေ နှုတ်ထွက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဟာလန်းက ဘန်လေကို ဟက်ထရစ် သွင်းခဲ့တဲ့ ပွဲပြီးခါနီးမှာ အနည်းငယ် နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရတယ်လို့ သိရပြီး တချို့ သတင်းတွေ မှာတော့ နိုင်ငံ အသင်း အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။

နော်ဝေ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ အသင်း ဆရာဝန်တွေက ဟာလန်းကို သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ထံ ပြန်လည် စေလွှတ်ပြီး ကုသမှု ခံယူဖို့ အကြံပြုထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ နော်ဝေ နည်းပြ ဆိုလ်ဘာကန်က “ဟာလန်းဟာ အသင်း အတွက် တိုက်ပွဲ မဝင်နိုင်ဘူး ဆိုတာကို သိတဲ့အချိန်မှာ သူ့ အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော် တို့ဟာ လာမယ့် ပွဲတွေမှာ အနိုင်ရဖို့ အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ အရည်အသွေးတွေနဲ့ စည်းလုံးမှုတွေ အများကြီး ရှိပါသေးတယ်။

လက်ရွေးစင် အသင်း အတွက် ၂၃ ပွဲ ကစားပြီးချိန်မှာ ၂၁ ဂိုး အထိ သွင်းယူထားတဲ့ ဟာလန်း မပါဝင်နိုင်တာက နော်ဝေ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာဖို့ ရှိနေပါတယ်။ ဟာလန်းဟာ ကလပ် အသင်းတွေနဲ့ အောင်မြင်မှုတွေ ရယူနိုင်ပေမယ့် နိုင်ငံ အသင်းနဲ့ အဓိက ပြိုင်ပွဲတွေကို လွဲချော်ထားတာကြောင့် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ မှာတော့ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ရူးနှမ်းတဲ့ စျေးပေးပြီးတော့ ဝယ်မှာ မဟုတ်ဘူး ဆိုတဲ့ ဗြိတိန် ဘီလျံနာ

မန်ချက်စတာယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာ ဂျင်မ် ရက်ကလစ်ဖ်က သူ့အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆန္ဒပြင်းပြနေပေမယ့် ရူးနှမ်းတဲ့ စျေးမျိုးတော့ ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဗြိတိန် ဘီလျံနာကြီးက ကာတာ အုပ်စုနဲ့ အပြိုင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကို ဝယ်ယူဖို့ အဆိုပြုထားပြီး သူပေးနိုင်တဲ့ စျေးနဲ့လည်း ပြောဆို ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။
ဂလေဇာ မိသားစုရဲ့ လောဘကြောင့် မလိုအပ်ပဲ ကြန့်ကြာနေရတဲ့ ယူနိုက်တက်ရဲ့ အရောင်းအဝယ် ကိစ္စ

ဗြိတိန် ဘီလျံနာကြီးက ကာတာ အုပ်စုနဲ့ အပြိုင် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကို ဝယ်ယူဖို့ အဆိုပြုထားပြီး သူပေးနိုင်တဲ့ စျေးနဲ့လည်း ပြောဆို ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်း ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာ မိသားစု ကတော့ ထိုက်သင့်တဲ့ စျေးထက် ပိုမို အလိုရှိနေပြီး ရရင် ရသလောက် တိုးယူချင်နေတာကြောင့် အရောင်းအဝယ် ကိစ္စတွေက နှေးကွေးလျက် ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ မှာတော့ ဆာဂျင်မ် ရက်ကလစ်ဖ်က ဂလေဇာတို့ တောင်းတဲ့စျေး အတိုင်း မပေးဘူးလို့ ပြတ်ပြတ်သားသား တုန့်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

Wall Street Journalနဲ့ အင်တာဗျူးမှာ ရက်ကလစ်ဖ်က “ ပန်းချီကား တစ်ချပ်ရဲ့ စျေးနှုန်းကို ခင်ဗျား ဘယ်လို ဆုံးဖြတ်မလဲ၊ အိမ် တစ်လုံးရဲ့ စျေးနှုန်းကို ဘယ်လို ဆုံးဖြတ်မလဲ၊ ဆောက်လုပ်ဖို့ ကုန်ကျစရိတ် ဒါမှမဟုတ် ဆေးသုတ်ဖို့ ကုန်ကျစရိတ်က ဘယ်လောက် ကုန်ကျသလဲ ဆိုတာနဲ့ မသက်ဆိုင်ဘူးလေ၊ မိုက်မဲတဲ့စျေး ပေးပြီးတော့ နောင်တတော့ မရချင်ဘူး” လို့ ဆိုပါတယ်။


စီနီယာတွေကို ကျော်ပြီး ပြင်သစ် အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အမ်ဘာပေး

ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ဟာ လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးကို ရွေးချယ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အသင်းခေါင်းဆောင် ဟူဂို လိုရစ်နဲ့ ဒုတိယ အသင်းခေါင်းဆောင် ဗာရန်း တို့ဟာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူခဲ့တာကြောင့် ပြင်သစ် အသင်းဟာ ယူရို ခြေစစ်ပွဲ မတိုင်ခင် အသင်းခေါင်းဆောင်သစ် တစ်ဦး မဖြစ်မနေ ခန့်အပ်ရတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ပြင်သစ် လက်ရွေးစင် အသင်း မှာလည်း ကြယ်ပွင့် ကစားသမားတွေ အများအပြား ရှိနေပြီး နည်းပြ ဒက်စ်ရွှမ့်စ် ကတော့ အသင်းရဲ့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အတွက် အမ်ဘာပေးကို ရွေးချယ်ခဲ့တယ်လို့ L’Equipe က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် အသင်းဟာ ခြေစစ်ပွဲတွေ အဖြစ် နယ်သာလန်၊ အိုင်ယာလန် တို့နဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိမှာ အမ်ဘာပေးဟာ အသင်းဖော်တွေ ရှိရာကို လာရောက် ပူးပေါင်းခဲ့ပြီး ဖြစ်ကြာင်း သိရပါတယ်။

အမ်ဘာပေးဟာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပေမယ့် သွင်းဂိုး အများအပြား သွင်းယူထားပြီး လက်ရွေးစင် အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယ ရရှိအောင် စွမ်းဆောင် ပေးထားတာ ဖြစ်ပါတယ်။ ဒက်စ်ရွှမ့်စ်ဟာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ အမ်ဘာပေးနဲ့ ဂရစ်ဇ်မန်းတို့ ၂ ဦး ထဲက ၁ ဦးကို ရွေးချယ်ခဲ့တာပါ။ အမ်ဘာပေးနဲ့ ဒက်စ်ရွှမ့်စ် တို့ဟာ လက်ရှိမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ကြာသပတေးနေ့မှာ ပြင်သစ် အသင်းခေါင်းဆောင် အသစ်က ဘယ်သူ ဖြစ်မလဲ ဆိုတာ သိရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်