နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြမ်းစား စံချိန်တွေကို အဆက်မပြတ် ချိုးဖျက်ပြနေတဲ့ ဟာလန်း၊ နိုင်ပွဲ မရလည်း လေမလျှော့တဲ့ ပေါ်တာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

အကြမ်းစား စံချိန်တွေကို အဆက်မပြတ် ချိုးဖျက်ပြနေတဲ့ ဟာလန်း၊ နိုင်ပွဲ မရလည်း လေမလျှော့တဲ့ ပေါ်တာ စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် ကစားသမား အားလုံး ပေါင်းရင်တောင် မမှီနိုင်တဲ့ စံချိန် ရထားတဲ့ ဟာလန်း

မန်ချက်စတာစီတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ဘန်လေနဲ့ ကစားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲမှာ အသင်း အတွက် ဟက်ထရစ် သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကို ၅ ဂိုးသွင်းထားတဲ့ ဟာလန်းက နောက်ထပ် တစ်ပွဲမှာ ဟက်ထရစ် ထပ်ရခဲ့ပြီး ပြိုင်ပွဲစုံ ၂ ပွဲ ဆက်တိုက် ဟက်ထရစ် ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ဟာလန်းရဲ့ ဟက်ထရစ် အကြိမ် အရေအတွက်က ၆ ကြိမ် အထိ ရှိလာခဲ့ပါပြီ။ ဒါဟာ ပရီးမီးယားလိဂ်က ကျန်ကစားသမား အားလုံးပေါင်း ရရှိထားတဲ့ ဟက်ထရစ် အရေအတွက်ထက်တောင်မှ ၁ ကြိမ် ပိုများနေတာပါ။ ကျန်ကစားသမားတွေက အားလုံးပေါင်းမှ ၅ ကြိမ် တည်းသာ ရှိပြီး ဟာလန်း တစ်ဦးတည်းရဲ့ အရေအတွက်ကို လိုက်မမီသေးတာ ဖြစ်ပါတယ်။

နော်ဝေ တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ သွင်းဂိုး ၄၂ ဂိုး အထိ ရရှိသွားခဲ့ပြီ ဖြစ်ပြီး မန်စီးတီး အသင်း သမိုင်းမှာ ကစားသမားသစ် တစ်ဦးက ပထမဆုံး ရာသီ မှာပဲ ဂိုးအများဆုံး သွင်းယူနိုင်တာ ဖြစ်လာခဲ့ပါတယ်။ ဟာလန်း အနေနဲ့ လက်ရှိ အတိုင်းသာ ဆိုရင် ပြိုင်ပွဲစုံ သွင်းဂိုး ၆၀ အထိ ရရှိနိုင်ဖွယ် ရှိနေပြီး ပရီးမီးယားလိဂ် သမိုင်းမှာ မှတ်တမ်းသစ်တောင် စိုက်ထူနိုင်ဖွယ်လည်း ရှိနေပါတယ်။


မနိုင်ပေမယ့် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ဆိုပြီး အရှက်ပြေ ပြောခဲ့ရတဲ့ ပေါ်တာ

ဒီပွဲ မတိုင်ခင် မှာလည်း အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ အနိုင် ကစားပြီးရင် ချန်ပီယံလိဂ် ဖလားကို အရယူဖို့ အတွက် ကြိုးစားသွားမယ်လို့ ပေါ်တာက ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာမှာပဲ ဆက်လက် ရပ်တည်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ ၂-၂ ဂိုးစီ သရေကျခဲ့ပြီးနောက်မှာ ပြန်လည် ဝေဖန်ခံနေရပါပြီ။ ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေ ကောင်းလာလို့ အသက်ရှူချောင်ခဲ့တဲ့ ပေါ်တာဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ကို အနိုင်မကစားနိုင်ခဲ့ သလို သူ့ရဲ့ လူထုတ်ပုံ၊ လူစားလဲပုံ အမှားတွေကြောင့် နောက်ကျ ချေပဂိုးတွေ ပေးခဲ့ရတာ လို့ ပြစ်တင်ခံနေရတာပါ။

ဒီပွဲ မတိုင်ခင် မှာလည်း အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ အနိုင် ကစားပြီးရင် ချန်ပီယံလိဂ် ဖလားကို အရယူဖို့ အတွက် ကြိုးစားသွားမယ်လို့ ပေါ်တာက ပြောဆိုခဲ့ပါတယ်။ အခုအခါ မှာတော့ သူ့ပြောဆိုမှုက ဟာသ ဖြစ်နေပြီး အဲဗာတန် ကိုတောင် အနိုင်မရပါလားလို့ လှောင်ခံနေရပါတယ်။

“ ဒီနေ့ည ပေးလိုက်ရတဲ့ ဂိုးတွေ အတွက်တော့ ကျနော်တို့ စိတ်ပျက်ခဲ့ရပါတယ်၊ ၃ မှတ် ရဖို့ လုံလောက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းက ကောင်းကောင်း မလုပ်နိုင်ဘူး ဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ပါဘူး၊ ဧရိယာထဲမှာ တစ်ဦးချင်း အသာမရခဲ့ဘဲ အဲဒီလိုတွေ ဖြစ်နေတာက အန္တရာယ်ပါပဲ၊ အဲဗာတန်က အသင်းကောင်းပါ၊ ဒါပေမယ့် ကျနော် တို့လည်း ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်” လို့ ပေါ်တာက ပြောသွားခဲ့ပါတယ်။


အဝေးကွင်းမှာ ဝံပုလွေတွေကို ချေမှုန်းပြီး တန်းဆင်းဇုန် ပြင်ပကို ရောက်လာတဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက် ကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲမှာ ၀ုလ်ဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ရအောင် ကစားပြီး အဖိုးတန် နိုင်ပွဲ ရခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲက လွတ်အောင် ရုန်းကန်နေတဲ့ လိဒ်စ် အတွက် ဒီပွဲက ရတဲ့ အနိုင် ၃ မှတ်က အဖိုးတန်လွန်းခဲ့ပြီး အခုဆိုရင် တန်းဆင်းဇုန်နဲ့ ၂ မှတ် အကွာ အဆင့် ၁၄ နေရာကို ရောက်သွားခဲ့ပါပြီ။

ပထမပိုင်းမှာ ကတည်းက လိဒ်က ဂျက်ခ် ဟာရစ်ဆန်ရဲ့ တလုံးတည်းသော ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ အေးလင်း၊ ခရစတန်ဆန်တို့က ဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ကာ နိုင်ပွဲ ရဖို့ သေချာစေခဲ့တာပါ။ ဒါပေမယ့် ၀ုဗ် ကလည်း ကက်စထရိုနဲ့ ကွန်ဟာ တို့ရဲ့ ဂိုးတွေကြောင့် ၂-၃ ဆိုတဲ့ အနေအထားကို ပြန်လိုက်နိုင်ခဲ့ပြီး အဲဒီနောက်မှာ ဆက်တိုက် ကြိုးပမ်းခဲ့ပေမယ့် ချေပဂိုး မရတော့တာပါ။

လိဒ်စ် အတွက် ရိုဒရီဂိုက ပွဲချိန် ၉၇ မိနစ်မှာ နောက် တစ်ဂိုး ထပ်သွင်းပြီး ပွဲကို ပြတ်ပြတ်သားသား ဖြစ်သွားစေခဲ့ပါတယ်။ လိဒ်စ်ရဲ့ ပုံစံ အမှန် ဖြစ်တဲ့ တိုက်စစ်ကို အားပြုမယ်၊ မြန်မြန်ဆန်ဆန် ကစားမယ်ဆိုတဲ့ ဟန်ကို ဒီပွဲမှာ ပြန်လည် တွေ့ရှိခဲ့ရပြီး အရေးကြီးတဲ့ အချိန်မှာ ကစားသမားတွေ အားလုံး ခြေစွမ်းပြနိုင်ခဲ့လို့ အဖိုးတန် နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်