နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း၊ ယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဟန်ဒါဆန် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း၊ ယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဟန်ဒါဆန် စတဲ့ သတင်းတွေ အပါအဝင် မေလ ၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ဂိုးသွင်း စံချိန်သစ် တင်လိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဝက်စ်ဟမ်းကို ၃-၀ နဲ့ အနိင်ရရှိခဲ့တဲ့ ပွဲမှာ ပရီးမီးယားလိဂ် ဂိုးသွင်း စံချိန်သစ်ကို ရယူသွားခဲ့ပါပြီ။ ဒီရာသီ လိဂ်ဂိုး ၃၅ ဂိုးမြောက် အဖြစ် ဟာလန်းက သွင်းယူခဲ့တာ ဖြစ်ပြီး တစ်ရာသီ အတွင်း လိဂ်ဂိုး အများဆုံး သွင်းယူနိုင်သူ အဖြစ် ပရီးမီးယားလိဂ်မှာ မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ အန်ဒီကိုးလ်နဲ့ အလန်ရှီးယား တို့က ၃၄ ဂိုးစီ သွင်းယူကာ စံချိန်တင်ထားတာ ဖြစ်ပြီး သူတို့ ခေတ်တုန်း ကတော့ လိဂ်ပွဲ ၄၂ ပွဲ အထိ ကစားခဲ့ရတာပါ။ လက်ရှိမှာ ဟာလန်းက လိဂ်ပွဲ ၅ ပွဲ ကစားဖို့ ကျန်နေသေးပြီး ၃၈ ပွဲသာ ကစားရချိန်မှာ ၃၅ ဂိုး အထိ သွင်းယူပြနိုင်ခဲ့လို့ ပိုမို ဂုဏ်ယူဖွယ်ရာ ကောင်းခဲ့ပါတယ်။

လက်ရှိအတိုင်း ဆိုရင် ဟာလန်းက ရာသီကုန်မှာ ဂိုးပေါင်း ၄၀ နဲ့ အထက် ရရှိသွားနိုင်ပြီး သူ့ရဲ့ ဂိုးသွင်း စံချိန်ကို လိုက်မီဖို့ အတွက် ဆိုရင် နှစ်ပေါင်းများစွာ ကြာတဲ့ အထိ စောင့်ဆိုင်းရဖွယ် ရှိလာမှာပါ။ ဒီလို စံချိန်မျိုးကို ရယူနိုင်ဖို့လည်း နော်ဝေသားက အားခဲထားမှာ ဖြစ်ပြီး ဘယ်နှစ်ဂိုး ထပ်ရမလဲ ဆိုတာပဲ စောင့်ကြည့်ရပါတော့မယ်။


ယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဟန်ဒါဆန်

အိမ်ကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲရခဲ့တဲ့နောက် လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ချန်ပီယံလိဂ် ဝင်ခွင့် နေရာ အတွက် မန်ချက်စတာယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ညက နိုင်ပွဲကြောင့် လစ်ဗာပူးလ်ဟာ ယူနိုက်တက်ရဲ့ နောက် ၄ မှတ် အကွာမှာ ရှိနေပြီး ၂ပွဲပို ကစားထားတာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲရခဲ့တဲ့နောက် လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ချန်ပီယံလိဂ် ဝင်ခွင့် နေရာ အတွက် မန်ချက်စတာယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယူနိုက်တက်ကို အမှီလိုက်နိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ ဟန်ဒါဆန်

ဒါကြောင့် ယူနိုက်တက် ကသာ အဆိုပါ နှစ်ပွဲစလုံးကို အနိုင်ရခဲ့မယ် ဆိုရင် ၁၀ မှတ် အထိ ကွာဟသွားမှာ ဖြစ်ပြီး လိုက်မီဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါပေမယ့် ဟန်ဒါဆန် ကတော့ လိုက်မီနိုင်သေးတယ်လို့ ယုံကြည်ထားပြီး ပြိုင်ဘက် အသင်းရဲ့ ခြေချော်မှုကို မျှော်လင့်ထားဖွယ် ရှိကာ လစ်ဗာပူးလ် ကလည်း နိုင်ပွဲတွေ ဆက်လက် ရယူနိုင်မယ်လို့ အားခဲထားပါတယ်။

ဟန်ဒါဆန်က “ ဖိအားတွေတော့ ပေးနိုင်ပါသေးတယ်၊ ကျနော်တို့ အထက်မှာ ဘယ်အသင်းတွေ ရှိလဲ ဆိုတာကို ကြည့်မယ် ဆိုရင် အရမ်းကောင်းတဲ့ အသင်းတွေ ဖြစ်ပြီး အမှတ်လည်း ကွာဟနေပါတယ်၊ ကိုယ့်အကြောင်း ကိုယ်ပဲ စဉ်းစားပြီး ကစားရမှာပါ၊ ကျနော်တို့က ဒီထက်မက တည်ငြိမ်ပြီးတော့ လုပ်နိုင်ပါသေးတယ်၊ ရာသီကုန် အထိ ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


ဘာမှ ကျေနပ်စရာ မရှိသေးဘူးလို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က လက်ရှိ ဘောလုံးရာသီနဲ့ ပတ်သက်လို့ ဘယ်အရာကမှ စိတ်ကျေနပ်စရာ မရှိသေးဘဲ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ကစားရခက်တဲ့ ပြိုင်ဘက် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲ မှာတော့ တန်ဟက်ဂ်က သူ့အသင်းနဲ့ ပတ်သက်လို့ အခုလိုမျိုးပဲ ပြောကြားခဲ့တာပါ။ တန်ဟက်ခ် တာဝန်ယူ ကိုင်တွယ်တဲ့ ပထမဆုံး ရာသီမှာ ယူနိုက်တက်က ခရာဘောင် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက်လည်း အခြေအနေ ကောင်းနေပါတယ်။

ဒါပေမယ့် တန်ဟက်ဂ် ကတော့ “ဒီရာသီက ဂုဏ်ယူဖို့ ကောင်းတယ် ဒါမှမဟုတ် ကျေနပ်ဖို့ ကောင်းတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ စိတ်ကျေနပ်မှုက အသင်းကို ပျင်းရိသွားစေနိုင်ပါတယ်၊ “ကျွန်တော်တို့ နောက်ထပ် (၆) ပွဲ ကစားဖို့ ကျန်သေးပြီး ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်။ ဒီအတွက် အပြည့်အဝ အာရုံစိုက်ဖို့၊ ခွန်အား အပြည့်သုံးဖို့၊ သေချာ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါတွေက တိုက်ပွဲတွေ ဖြစ်လာဖို့ ရှိပြီး ကျွန်တော်တို့ရဲ့ ရမှတ်တွေ အတွက် တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့က ပွဲတိုင်းကို နိုင်ချင်တယ်၊ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲချင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်