နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ် ကနေ အလျင်စလို ထွက်ခွာဖို့ အစီအစဉ် မရှိတဲ့ ဂီမာရေးစ် | ပရီးမီးယားလိဂ်

ဘရာဇီးလ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ကတော့ အခုနွေရာသီမှာ နယူးကာဆယ် ကနေ အလျင်စလို ထွက်ခွာမှာ မဟုတ်ကြောင်း အခိုင်အမား ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ရဲ့ Financial Fair Play အရ ငှက်ကြားတွေကို ဘယ်လိုမျိုး သက်ရောက်မှု ရှိလာမလဲ ဆိုတာတော့ သူ့ အနေနဲ့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းမှ ရှောင်ရှားရန် အတွက် နယူးကာဆယ်က ဒီနွေရာသီမှာ ကစားသမား ရောင်းချမှု ကနေ ပေါင်သန်း ၃၀ ကျော် ရရှိဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အလက်ဇန္တား အိဆက်ခ်နဲ့ ဂီမာရေးစ် တို့ကို ပြိုင်ဘက် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

လက်တလောမှာ နယူးကာဆယ်ရဲ့ အဓိက ကွင်းလယ်လူ ဂီမာရေးစ်နဲ့ တိုက်စစ်မှူး အိဆက်ခ် တို့ကို ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးနဲ့ အာဆင်နယ် တို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ငှက်ကြားတွေဟာ ဒီနှစ်ယောက်ထဲကမှ ဂီမာရေးစ်ကို ဆက်လက်ထိန်းထားလိုပေမယ့်လည်း အိဆက်ခ် ကိုတော့ အဓိက ဦးစားပေး အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း ဂီမာရေးစ် ကတော့ သူဟာ အခုနွေရာသီမှာ နယူးကာဆယ် ကနေ ထွက်ခွာဖို့ လုံးဝ အစီအစဉ်မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပါတယ်။ ဂီမာရေးစ်က TNT Sports နဲ့ အင်တာဗျူးမှာ “ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ရဲ့ အနာဂတ်က ဘုရားလက်ထဲမှာပဲ ရှိပါတယ်။ ကျွန်တော့်မှာ နယူးကာဆယ်နဲ့ စာချုပ်ရှိနေပြီး ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်၊ သူတို့က ကျွန်တော့်ကို ဘယ်လောက် ချစ်တယ် ဆိုတာ သိပါတယ်၊ ကလပ် အတွက် ကျွန်တော် လုပ်ပေးခဲ့သမျှကို ကျွန်တော် သိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂီမာရေးစ်ရဲ့ စာချုပ်ပါ အချက်အလက်တွေအရ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် သန်း ၁၀၀ တန်ကြေး ရှိနေပြီး အာဆင်နယ်နဲ့ မန်စီးတီး ကတော့ ပေါင် သန်း ၈၀ လောက်နဲ့ ရရင် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ဘက်ကတော့ သူတို့ရဲ့ အရေးပါတဲ့ ကွင်းလယ်လူကို အနည်းဆုံး ပေါင်သန်း ၁၀၀ မှ မရရင် ရောင်းထုတ်မယ့် သဘောတော့ မရှိပါဘူး။

ကစားသမား အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်လို့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ “အပြောင်းအရွှေ့တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သတ်လို့ ကလပ်က ကောင်းမွန်စွာ စီမံထားပါတယ်။” လို့ ပြောကြားထားပါတယ်။ 

ဆက်လက်ပြီး ဂီမာရေးစ်နဲ့ ပတ်သတ်လို့ အက်ဒီဟောင်းဝ် က “ကျွန်တော်တို့ စဉ်ဆက်မပြတ် ထင်မြင်ချက်တွေကို မလိုချင်ပါဘူး၊ ဒါက ကစားသမား အတွက် ဒါမှမဟုတ် ကျွန်တော်တို့ အတွက် မကောင်းပါဘူး။ ကျွန်တော်တို့ သူ့ကို ဆက်ထားချင်တယ် ဆိုတာ ပြောစရာတောင် မလိုပါဘူး။ ကျွန်တော်တို့ အသင်းကို အကောင်းဆုံး တည်ဆောက်ထားပါတယ်။ သူ့ရဲ့ ပုံစံက အရမ်းကောင်းနေပြီး သူ အရမ်းလည်း ပျော်နေပုံပေါ်ပါတယ်။ သူ့အနေနဲ့ အရမ်း အလုပ်များရမယ့် နွေရာသီကို ကြိုတွေးနေမှာပါ။ အသင်း အတွက် ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုကို သူနဲ့ အတူ ရယူနိုင်ဖို့ မျှော်လင့်ထားပေမယ့် ကျွန်တော် တို့က ထိန်းချုပ်ထားလို့ မရပါဘူး။ အဲ့ဒါကြောင့် ဆက်ကြည့်ရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်