နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာ ပြောပြတဲ့ ဟာလန်းကို လူစားလဲရခြင်း အကြောင်းရင်း၊ ချန်ပီယံလိဂ်မှာ မန်စီးတီး ကြောက်ရမယ့် ၂ သင်းပဲ ကျန်တယ်လို့ သုံးသပ်လိုက်တဲ့ ဖာဒီနန်နဲ့ ဟားဂရေ့ဗ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဂွာဒီယိုလာ ပြောပြတဲ့ ဟာလန်းကို လူစားလဲရခြင်း အကြောင်းရင်း၊ ချန်ပီယံလိဂ်မှာ မန်စီးတီး ကြောက်ရမယ့် ၂ သင်းပဲ ကျန်တယ်လို့ သုံးသပ်လိုက်တဲ့ ဖာဒီနန်နဲ့ ဟားဂရေ့ဗ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟာလန်း ဘ၀ကြီး ပျင်းစရာ ကောင်းနေမှာ ဆိုးလို့ လူစားလဲလိုက်တာပါ ဆိုတဲ့ ဂွာဒီယိုလာ

မန်ချက်စတာစီးတီးက လိုက်ပ်ဇစ်ကို ၇ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အာလင်း ဟာလန်းက ၅ ဂိုး သွင်းပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့ပေမယ့် ဘယ်သူမှ မလုပ်နိုင်သေးတဲ့ နောက်ထပ် စံချိန် ထပ်ရဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် နည်းပြ ပပ် ဂွာဒီယိုလာရဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ်။

ဒါကတော့ ချန်ပီယံလိဂ် သမိုင်းမှာ ဘယ်ကစားသမား ကမှ တစ်ပွဲတည်း ၆ ဂိုး သွင်းယူထားနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လိုက်ပ်ဇစ်နဲ့ ပွဲမှာ ဟာလန်း အနေနဲ့ ကွင်းထဲမှာ ဆက်ရှိနေရင် စံချိန်သစ် တင်နိုင်ဖို့ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ ဒီမှတ်တိုင် ကိုသာ သူအောင်မြင်သွားမယ် ဆိုရင် အသက် ၂၂ နှစ် အရွယ်နဲ့ စံချိန်တင်နိုင်တော့မှာပါ။ ဒါဆိုရင် သူ့ဘဝကြီးက ပျင်းစရာ သိပ်ကောင်းသွားပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ လုပ်နိုင်ဖို့ ရည်မှန်းထားရမှာပါ။ ဒီနေရာမှာရော၊ နေရာတိုင်းမှာပါ ကြိုးစားရပါမယ်။ ဒါကြောင့်လည်း လူစားလဲလိုက်တာပါ” လို့ ဆိုခဲ့ပါတယ်။

ဟာလန်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မက်ဆီ၊ အက်ဒရီယာနိုတို့ ပြီးရင် တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်တဲ့ ၃ ဦးမြောက် ကစားသမား ဖြစ်ခဲ့သလို ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၁၀ ဂိုး အထိ ရှိသွားပြီ ဖြစ်ပါတယ်။ ကစားသမား ဘဝမှာတော့ ချန်ပီယံလိဂ် သွင်းဂိုး ၃၃ ဂိုး အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဟာလန်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် အတွက် ၃၆ ပွဲ ကစားထားပြီး ၃၉ ဂိုး သွင်းယူထားကာ နောက်ထပ် သွင်းဂိုးတွေကို ထပ်ပြီး ရေတွက် ရဖို့တော့ ရှိနေပါတယ်။


မန်စီးတီး ကြောက်ရမယ့် ၂ သင်းပဲ ကျန်တယ်လို့ ပြောလာတဲ့ သရဲနီ ကစားသမားဟောင်း နှစ်ဦး

လိုက်ပ်ဇစ်ကို မန်ချက်စတာစီးတီးတို့ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး နောက်မှာ ရီယို ဖာဒီနန်နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က မန်စီးတီး အနေနဲ့ ဘေယန်မြူးနစ်နဲ့ နာပိုလီ တို့က လွဲရင် ဘယ်အသင်း ကိုမှ ကြောက်ရွံ့စရာ မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၆ နှစ် ဆက်တိုက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ မန်စီးတီး ကြောက်ရမှာ ဘေယန်နဲ့ နာပိုလီပဲ ရှိတယ် ဆိုတဲ့ ဖာဒီနန်နဲ့ ဟားဂရေ့ဗ်

ဖာဒီနန်က “ ဘေယန်၊ နာပိုလီတို့နဲ့ သူတို့ မတွေ့ရင် ရပါပြီ၊ ကျန်တဲ့ ဘယ်အသင်းနဲ့ပဲ ကစားရ၊ ကစားရ ဆိုပြီး သူတို့ တွေးနေမှာပါ၊ သူတို့က အဲလောက်အထိ ကောင်းမွန်နေပါတယ်၊ ဒီလိုအဆင့် မှာလည်း အတွေ့အကြုံတွေ ရှိထားပြီး မန်စီးတီး ကစားသမားတွေက ဘယ်လို ပြိုင်ဘက်ကို မဆို ထိုးနှက်နိုင်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

အိုဝင် ဟားဂရေ့ဗ် ကလည်း “ ဒီခြေစွမ်း ကိုသာ ထိန်းထားနိုင်မယ် ဆိုရင် သူတို့က ဘင်ဖီကာ၊ အေစီမီလန်နဲ့ အင်တာမီလန်ကို ကြောက်စရာ မရှိပါဘူး၊ နာပိုလီ ကပဲ သူတို့ကို ခြိမ်းခြောက်နိုင်မှာပါ၊ နာပိုလီ ကတော့ သူတို့ကို တကယ် အန္တရာယ်ပေးနိုင်ပြီး ချန်ပီယံလိဂ် ဖလား ကိုတောင် ရယူနိုင်စွမ်း ရှိနေတဲ့ အသင်းပါ” လို့ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၆ နှစ် ဆက်တိုက် တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


လိုက်ဇစ်ကို ၅ ဂိုး သွင်းပြီး စံချိန် မှတ်တမ်းကောင်းတွေ ရခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ လိုက်ပ်ဇစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့မှာ တစ်ပွဲတည်း ၅ ဂိုး သွင်းပြလိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ၇-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၈-၁နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ဟာလန်း ကလည်း ထူးခြားတဲ့ စံချိန် မှတ်တမ်းတွေ ရယူနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 7.00
ဂိုးပေါ် 2.75 @ 2.42
ဂိုးပေါင်း 0-1 @ 2.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မက်ဆီက ဘာစီလိုနာ ကစားသမား ဘ၀ မှာတုန်းက လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ၅ ဂိုး သွင်းယူခဲ့ပြီး ၈၄ မိနစ် အချိန်ယူခဲ့ရပါတယ်။ အက်ဒရီယာနို ကလည်း ဘိတ် ဘိုရီဆော့ဗ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ရှက်တာဒိုးနတ်စ် အတွက် ခြေစွမ်းပြခဲ့ကာ ၈၂ မိနစ် အတွင်း ၅ ဂိုး ရရှိခဲ့တာပါ။ ဒါပေမယ့် ဟာလန်း ကတော့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ ၅၇ မိနစ်အတွင်း ၅ ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ စံချိန် မှတ်တမ်းက ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။

ဟာာလန်းက အမ်ဘာပေးရဲ့ ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် ဂိုးပေါင်း ၃၀ ပြည့်ခဲ့တဲ့ မှတ်တမ်း ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါသေးတယ်။ ဟာလန်းက ပွဲချိန် ၂၂ မိနစ်၊ ၂၄ မိနစ်၊ ၄၅ မိနစ်၊ ၅၄ မိနစ်နဲ့ ၅၇ မိနစ်တွေမှာ ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပြီး လိုက်ပ်ဇစ် အတွက်တော့ ဒီရှုံးပွဲဟာ တော်တော်လေး အကျဉ်းတန်ခဲ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်