ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အသင်း ရုန်းကန်နေရခြင်းနဲ့ အတူ သွင်းဂိုးတွေလည်း ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဟာလန်းရဲ့ ခြေစွမ်းပိုင်းကို ဝေဖန်မှုတွေ ပြုလုပ်လာခဲ့တာကြောင့် နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက သူ့အသင်းရဲ့ တိုက်စစ်မှူး ဘက်ကနေ ကာကွယ် ပြောဆိုလာခဲ့ပါတယ်။
ဂွာဒီယိုလာက လက်ရှိ အသင်း ရလဒ်တွေ ဆိုးရွှားနေတာက ကစားသမား တစ်ဦး တည်းနဲ့သာ သက်ဆိုင်နေတာ မဟုတ်ဘူးကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရသလို အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း ကလည်း ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်နဲ့ ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် တစ်ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းက နောက်ပိုင်း ပွဲစဉ်တွေမှာ စွမ်းဆောင်ပိုင်း တော်တော်လေး ကျဆင်းနေပြီး သူ့ရဲ့ ခြေစွမ်းပိုင်းကို မေးခွန်းထုတ်စရာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ဂွါဒီယိုလာက “ပြဿနာက ကစားသမား တစ်ဦးတည်း မှာတင် မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဟာလန်းက ပိုမို တိုးတက်နေချိန် မှာတော့ ဒါဟာ ကျွန်တော်တို့ အတွက်ရော အသင်း အတွက်ပါ အကျိုးရှိပါတယ်။ ဟာလန်းက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်နေသလို ဒီအတိုင်းက အမြဲတမ်း ရှိနေမှာပါ။ ကျွန်တော် တို့က သူ့ကို ပိုကောင်းလာအောင်ပဲ အသုံးပြုသွားရပါမယ်။ ဒါကြောင့် ကစားသမား တစ်ဦးတည်း ကိုပဲ မေးခွန်းထုတ်ရမှာ မဟုတ်ဘဲ တစ်သင်းလုံးကို မေးခွန်းထုတ်ရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အာလင်း ဟာလန်း ကတော့ ပြီးခဲ့တဲ့ ပဲလေ့စ်၊ ဘရိုက်တန် တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် မန်စီးတီးက နိုင်ပွဲတော့ မရခဲ့ပါဘူး။ အသက် ၂၄ နှစ် အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၃ ဂိုး အထိ ရရှိထားခဲ့ပေမယ့်လည်း ပွဲစဉ် ၆ နောက်ပိုင်းက စပြီး လက်ရှိအချိန်ထိ ၃ ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ပြန်လည် ကစားနိုင်ချိန်မှာတောင် ဂိုးသွင်း စွမ်းဆောင်ရည် ကျဆင်းနေတာကြောင့် အသင်း ပရိသတ်တွေက အားမလို အားမရ ဖြစ်လာခဲ့တာပါ။
လက်ရှိမှာ မန်စီးတီး ကလည်း အောက်တိုဘာလ လကုန်ခါနီးက စပြီး လက်ရှိအချိန်ထိ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ကျန်ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်း ကိုသာ အနိုင်ရခဲ့ပြီး ၂ ပွဲ သရေ၊ ၉ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.