နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီမှာ ဂရီးလစ်ရှ် ပုံစံကောင်း တစ်ခုနဲ့ ပြန်လာမယ်လို့ ယုံကြည်နေတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ ဒီရာသီမှာလည်း ပုံမှန် ပွဲထွက်ခွင့် မရခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာ ကတော့ လာမယ့် ရာသီမှာ ဂရီးလစ်ရှ် ကို ပုံစံကောင်း တစ်ခုနဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ထားတာ တွေ့ရပါတယ်။

ဂရီးလစ်ရှ်ဟာ ရှေ့တစ်နှစ်တုန်းက မန်ချက်စတာစီးတီးတို့ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ရာမှာ အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် ဒီရာသီမှာတော့ ပုံမှန် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ဒီအင်္ဂလန် လက်ရွေးစင် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးရဲ့ အရန်လူစာရင်းမှာပဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါဝင်ခဲ့ရုံသာ ရှိပြီး အရန်ခုံ ထိုင်ခဲ့တဲ့ ဂရီးလစ်ရှ်ဟာ နောက်ဆုံး လေးပွဲမှာလည်း ပွဲထွက်ခွင့် လုံးဝမရခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လမှ ရန်းစ် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျရမီ ဒိုခုဟာ ဒီရာသီမှာ ဂရီးလစ်ရှ်ထက် ပိုမို ပွဲထွက်ခွင့် ရရှိခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲ အရန်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဒိုခု အနေနဲ့ ကိုဗာချစ်နဲ့ လူစားလဲခံရတဲ့ အချိန်မှာလည်း အသင်း အတွက် သွင်းဂိုး တစ်ဂိုးကို လှလှပပ ရယူပေးနိုင်ခဲ့ပါတယ်။


ဂွာဒီယိုလာ ကတော့ ၇ နှစ် အတွင်း ၆ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့ပြီး ခါးသီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တင်ထားတဲ့ စံချိန်တွေကို ကျော်ဖြတ်ပြခဲ့တာ ဖြစ်ပါတယ်။
ဂရီးလစ်ရှ်ကို နောက်ရာသီ ပြန်ကောင်းလာမယ်လို့ ယုံကြည်နေတဲ့ မန်စီးတီး

ဒါပေမယ့်လည်း ဂွာဒီယိုလာက မန်စီးတီးရဲ့ ကလပ် စံချိန်တင်ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ဂျက်ဂရီးလစ်ရှ် အနေနဲ့ လာမယ့် ရာသီမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ပြန်လည် ရရှိနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “သူပြန်လာမှာပါ။ သူဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး ဂျရမီဟာ အားလုံး မြင်တဲ့ အတိုင်းပဲ မယုံနိုင်လောက်အောင် ခြေစွမ်း တိုးတက်လာကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျက်က ပြီးခဲ့တဲ့ရာသီက အဆင့်ကို ပြန်ရောက်လာလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။” လို့ ဂရီးလစ်ရှ်နဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက အခုလိုပဲ ထောက်ခံ အားပေးသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား တစ်လုံးသာ ရရှိခဲ့ပေမယ့် စံချိန် မှတ်တမ်းကောင်း များစွာတော့ ပိုင်ဆိုင်ခဲ့ပါတယ်။ အဓိက ကတော့ အင်္ဂလိပ် ဘောလုံးလောကမှာ ပရီးမီးယားလိဂ် ဖလားကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂွာဒီယိုလာ ကတော့ ၇ နှစ် အတွင်း ၆ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့ပြီး ခါးသီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တင်ထားတဲ့ စံချိန်တွေကို ကျော်ဖြတ်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုတွေ ရယူထားခဲ့တဲ့ ဂွာဒီယိုလာ အနေနဲ့ လာမယ့် ရာသီအကုန်မှာတော့ မန်ချက်စတာစီးတီးကို စွန့်ခွာမယ်လို့ သတင်းတွေ ထွက်နေသလို လက်ရှိမှာ ကြယ်ပွင့် ကစားသမား တချို့လည်း အသင်းပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ ကီဗင်ဒီဘရွန်းနား ဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ များနေပြီး အီဒါဆင် ကလည်း ဆော်ဒီပရိုလိဂ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ လာမယ့် ရာသီမှာ သူတို့ရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒါနဲ့ ပတ်သတ်လို့လည်း ဂွာဒီယိုလာက “တချို့ ကစားသမားတွေက ကျွန်တော် တို့နဲ့ ဆက်နေမလား ဆက်မနေဘူးလား ဆိုတာ ဆုံးဖြတ်ချက်ချရမယ် ဆိုတာ သိပါတယ်၊ တချို့ ကစားသမားတွေလည်း ထပ်ပြီး ရောက်လာနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ အားကစားဒါရိုက်တာ ကတော့ လာမယ့်နှစ် အတွက် အားလုံး အဆင်ပြေလိမ့်မယ်လို့ ပြောထားပေမယ့် အခုအချိန်မှာတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ မသိသေးပါဘူး။” လို့ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်