နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကူဆာနော့ဗ်ကို အမှားတွေ ကနေ သင်ခန်းစာယူဖို့ အကြံပြုခဲ့တဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နောက်ခံလူသစ် အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ် ကတော့ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ကစားခွင့်ရခဲ့တဲ့ ဥဇဘက်ကစ္စတန် ကစားသမားလည်း ဖြစ်ပါတယ်။ ကူဆာနော့ဗ်က မန်စီးတီးကို ရောက်ရောက်ချင်းမှာပဲ ပွဲထွက် ကစားခွင့် ရရှိခဲ့ပေမယ့်လည်း ပွဲစပြီး မကြာခင်မှာပဲ အမှား နှစ်ကြိမ် ပြုလုပ်မိသူပါ။ 

ဒါကြောင့် မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက ပထဦးဆုံး ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ အမှားတွေ ကျူးလွန်မိခဲ့တဲ့ လူငယ် နောက်ခံလူ ကူဆာနော့ဗ်နဲ့ ပတ်သတ်လို့ အခုလိုပဲ မှတ်ချက်ပေး စကားတွေ ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာက ကူဆာနော့ဗ် အတွက် အကောင်းဆုံး စတင်မှု မဟုတ်ခဲ့သလို သူ့အနေနဲ့ အမှားတွေ ကနေ သင်ခန်းစာယူရမှာ ဖြစ်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဂွါဒီယိုလာက “ဒါက အကောင်းဆုံး စတင်မှု မဟုတ်ဘူးလို့ ကျွန်တော် တွေးမိပါတယ်။ ဟုတ်တယ်မလား။ ဒါကို သူသင်ခန်းစာယူရပါမယ်။ သူက အရမ်းလည်း ငယ်သေးတယ်။ နောက်ထပ် နှစ်တွေ အများကြီး ကစားရဦးမှာပါ။ ဒါက အကောင်းဆုံး စတင်မှုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဂျက်ဆန်၊ ကိုးလ် (ပါးလ်မာ) တို့လို အံ့အားသင့်စရာ ကစားသမားကောင်းတွေကို ထိန်းချုပ်ရတာ မလွယ်ပါဘူး။ သူသင်ယူရပါလိမ့်မယ်။ သူက ငယ်သေးတယ်။ သူသင်ယူမှုတွေ လုပ်မယ် ဆိုတာ သေချာပါတယ်။ အဲဒီကနေ သင်ခန်းစာယူပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာ ချဲလ်ဆီးကို နောက်ကနေ လိုက်ကစားပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ကူဆာနော့ဗ်ကို အမှားတွေကနေ သင်ယူဖို့ တိုက်တွန်း အားပေးလိုက်တဲ့ ပပ်

ဆက်လက်ပြီး ဂွါဒီယိုလာက သူ့ အနေနဲ့ ကူဆာနော့ဗ်နဲ့ စကား ပြောဆိုရတဲ့ အပိုင်းမှာ အနည်းငယ် အခက်အခဲ ရှိကြောင်းလည်း အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ “သူနဲ့ စကားပြောဖို့က ရုရှား ဒါမှမဟုတ် ဥဇဘက် ဘာသာစကား ကျွန်တော် သင်ရမယ့်ပုံပါပဲ။ သူက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး။ ဒီအခြေအနေမျိုးမှာ အများကြီး ပြောစရာမရှိပါဘူး။ အမှားလုပ်မိတယ် ဆိုတာကို သူသိပါတယ်။ ကျွန်တော် ဘာပြောရမလဲ။ အမှားမလုပ်နဲ့လို့ ပြောရမှာလား။ အဲဒီလို မလုပ်ချင်ဘူး ဆိုတာ သူသိပါတယ်။ ကျွန်တော် သူ့ကို လူစားလဲလိုက်တာက အမှားလုပ်လို့ မဟုတ်ပဲ အဝါကတ်ကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲအတွက်တော့ ကျွန်တော်တို့ ဂျွန် စတုန်းစ် ကို လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ မှာ ချဲလ်ဆီးကို နောက်ကနေ လိုက်ကစားပြီး ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီ ပွဲမှာ ကူဆာနော့ဗ် အပြင် ကစားသမားသစ် အိုမာ မာမွတ်ရှ်လည်း ပွဲထွက်ခွင့်ရခဲ့ပြီး အီဂျစ်သား ကတော့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ သွင်းဂိုး ၁ ဂိုးလည်း ရခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ပွဲမှာ မန်စီးတီး ခံစစ်က ရူဘင် ဒီးရာ့စ်နဲ့ နေသန် အေခီတို့ ပါဝင်နိုင်ခြင်း မရှိခဲ့ပဲ ဂျွန် စတုန်းစ် ကလည်း အရန် အဖြစ်သာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက အတွေ့အကြုံ နည်းတဲ့ လူငယ် ကစားသမားသစ်လေး ကူဆာနော့ဗ်ကို အာကန်ဂျီနဲ့ တွဲဖက် ကစားစေခဲ့ရတာ ဖြစ်ပါတယ်။  

ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာရပြီ ဖြစ်ပါတယ်။ မန်စီးတီးက ဒီနှစ် ချန်ပီယံလိဂ် မှာတော့ အခြေအနေ မကောင်းပဲ ရှုံးထွက် ပလေးအော့ဖ် ကစားခွင့်ရဖို့ ဆိုရင် ကလပ် ဘရုဂေးနဲ့ ပွဲမှာ အနိုင်ရဖို့ လိုအပ်ပြီး အခြား အသင်းတွေရဲ့ ပွဲရလဒ်တွေ ကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်