နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို အိမ်ကွင်း အမ်းမရိတ်စ်မှ တွေ့မယ်လို့ ကြိမ်းဝါးလိုက်တဲ့ ဂါဘရီရယ် | ပရီးမီးယားလိဂ်

အာဆင်နယ် အသင်း ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို အက်တီဟတ်မှာ အနိုင်ရလုနီးပါး ဖြစ်ခဲ့ပြီးမှာ ဂျွန်စတုန်းစ်ရဲ့ နောက်ကျ ချေပဂိုးကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို မန်စီးတီးရဲ့ နောက်ကျ ချေပဂိုးကြောင့် နိုင်ပွဲ ရမယ့် အခွင့်အရေး ကနေ လက်လွတ်ခဲ့ရပေမယ့်လည်း အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် ကတော့ သူတို့ အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာ မန်စီးတီးကို စောင့်နေမယ် ဆိုပြီး သတိပေးစကား ပြောဆိုသွားခဲ့ပါတယ်။

အခုနှစ် ဘောလုံးရာသီ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ထိပ်တိုက် တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ ဟာလန်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ရိုဒရီ ဒဏ်ရာရပြီးနောက် ကာလာဖီအိုရီက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂါဘရီရယ်က ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ လီအန်ဒရို ထရော့ဆက်ဒ် အနီကတ်ကြောင့် ထွက်ခဲ့ရပြီး အာဆင်နယ်တို့ လက်ကျန် ပွဲချိန်တွေမှာ ခံစစ်ကို လုံးဝ ပိတ်ကစားရင်း နိုင်ပွဲ ယူဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ ဂျွန် စတုန်းစ်က အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ အသဲကွဲခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၅) အပြီးမှာတော့ မန်စီးတီးရော အာဆင်နယ်ပါ ရှုံးပွဲ မရှိထားခြင်းနဲ့ အတူ မန်စီးတီးက အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပြီး အာဆင်နယ်က အဆင့် ၄ နေရာမှာ ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရှုံးပွဲ မရှိသေးတဲ့ မန်စီးတီး

အာဆင်နယ်ဟာ အက်တီဟတ် ကွင်းမှာ မန်ချက်စတာစီးတီးကို အနိုင်မရခဲ့တာ နှစ်အတန်ကြာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဒီအစဉ်အလာဆိုးကို ချိုးဖျက်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင် မိုင်ကယ် အိုလီဗာရဲ့ ဆုံးဖြတ်ချက်က ပွဲရဲ့ ရသကို ဖျက်စီးခဲ့ပြီး ပွဲပြီးခါနီး ချေပဂိုး ကတော့ အာဆင်နယ်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်က “ကျွန်တော် တို့တွေ မန်စီးတီးကို အိမ်ကွင်း ကနေ စောင့်နေပါတယ်‌။ ဟာလန်း ကျွန်တော့်ကို လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လား သူ ဘာလုပ်ခဲ့လဲ ဆိုတာ ကိုတောင် ကျွန်တော် မမှတ်မိတော့ဘူး။ ဒါက သာမန်ကိစ္စပါပဲ။ နောက်ဆုံး မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တာ ဆိုတော့ သူတို့တွေ ပျော်ရွှင်နေကြမှာ။ သူတို့က အိမ်ကွင်းမှာ ကစားရတယ်။ နိုင်ပွဲ အတွက် ဦးတည်လာတယ်။ ကျွန်တော်တို့ အသင်း ကလည်း အကောင်းဆုံး ခုခံကစားနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂါဘရီရယ်က“တိုက်ပွဲ တစ်ပွဲလို စစ်ပွဲ တစ်ပွဲလို ပြင်းထန်တဲ့ ဘောလုံးပွဲ ထဲမှာ ရန်စတဲ့ အပြုအမှုတွေ ရှိနေတာက ဖြစ်ရိုး ဖြစ်စဉ်ပါပဲ။ ဒါက ဘောလုံးပွဲ တစ်ပွဲရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အခုတော့ အားလုံးက ပြီးသွားပါပြီ။ ကျွန်တော် တို့ရဲ့ အိမ်ကွင်းမှာ သူတို့ အသင်းကို စောင့်မျှော်နေပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် (၅) အပြီးမှာတော့ မန်စီးတီးရော အာဆင်နယ်ပါ ရှုံးပွဲ မရှိထားခြင်းနဲ့ အတူ မန်စီးတီးက အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပြီး အာဆင်နယ်က အဆင့် ၄ နေရာမှာ ရှိနေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်