နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပဲလေ့စ်ရဲ့ နိုင်ပွဲ ဆက်နေမှုကို ရပ်တန့်ပေးလိုက်တဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဖူလ်ဟမ် ၁-၁ ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့ကြပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့ ဖူလ်ဟမ်တို့ အမြင့်ပျံနေတဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ နိုင်ပွဲ ဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် ဖူလ်ဟမ်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ အတူ လန်နို၊ ဒီယော့ပ်၊ ဘက်ဆေး၊ ကတ်စတန်ဂ်ညီ၊ ရော်ဘင်ဆင်၊ ရိဒ်၊ ပေါ်လင်ဟာ၊ ပါရဲရား၊ ဘော်ဘီ ရိဒ်၊ အီဝိုဘီ၊ မူနစ်ဇ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တစ်ဖက်မှာ ပုံစံကောင်းရနေတဲ့ ပဲလေ့စ် ကတော့ ပြီးခဲ့တဲ့ ပွဲတွေက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ခဲ့ပဲ ဟန်ဒါဆင်၊ အန်ဒါဆန်၊ ကလိုင်း၊ ရစ်ချက်ဒ်၊ ဟူ့ဂျ်၊ ဝှာတန်၊ မစ်ချဲလ်၊ မူနော့ဇ်၊ အာယူး၊ အိုလစ်ဆီ၊ မက်တေးတား တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပဲလေ့စ်ဟာ ပုံစံကောင်း ရနေတဲ့ အသင်းပီပီ အဝေးကွင်းမှာပေမယ့် ဖူလ်ဟမ်ကို ပွဲစကတည်းက တရစပ် ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း အကြိမ်ကြိမ် ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သိမ်းငှက်တွေဟာ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့တဲ့ အထိ တိုက်စစ်က အဆုံးသတ် အားနည်းခဲ့ပြီး လန်နိုရဲ့ ကာကွယ်မှုတွေကြောင့်လည်း ပဲလေ့စ်တို့ ဂိုးမရခဲ့တာပါ။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ဖူလ်ဟမ်တို့ ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ လိုအပ်နေတဲ့ သွင်းဂိုးကို ဘရာဇီးလ် တိုက်စစ်မှူး မူနစ်ဇ်က ကတ်စတန်ဂ်ညီရဲ့ တိကျ သေသပ်တဲ့ ပေးပို့မှုက တစ်ဆင့် ခေါင်းတိုက် အဆုံးသတ်ပေးခဲ့ပါတယ်။ အဲ့နောက် ပါရဲရားက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး အကောင်းဆုံး ဖန်တီးပေးခဲ့တာကို ရိဒ် အပိုင်ကန်သွင်းခွင့် ရခဲ့ပေမယ့်လည်း တိုင်ဘေးက ထွက်သွားလို့ ဖူလ်ဟမ်တို့ နစ်နာခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်ဖို့ ၃ မိနစ် အလိုမှာတော့ ပဲလေ့စ်တို့ လိုအပ်နေတဲ့ ချေပဂိုး ရရှိသွားခဲ့ပြီး လူစားဝင် တောင်ပံ ကစားသမား ရှလက်ပ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘီးကုပ် စက်ဝိုင်းထိပ် ကနေ အားပါ ပြင်းထန်တဲ့ ကန်ချက်နဲ့ အမှတ်မထင် ကန်သွင်းသွားခဲ့တာ ဖြစ်ပြီး ဂိုးသမားရဲ့ ညာဘက် အပေါ်ထောင့်ထဲကို သပ်သပ်ရပ်ရပ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် လက်ကျန် မိနစ်တွေမှာ အပြန်အလှန် ကစားကြရင်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြလို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ၁-၃ ရလဒ်နဲ့ ဂိုးပြတ် ရှုံးထားတဲ့ ဖူလ်ဟမ်က ဒီနေ့ပွဲမှာတော့ တိုးတက်လာတဲ့ ကစားပုံနဲ့ ပဲလေ့စ် ဆီကနေ သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ ပဲလေ့စ် ကတော့ ဒီနေ့ပွဲမှာ အနည်းငယ် ခြေစွမ်းကျဆင်းနေခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံး တိုက်စစ်က ဂိုးပေါက် တစ်ကြိမ်သာ တည့်ခဲ့ပါတယ်။ အဓိက ကတော့ အီးဇီး မပါတဲ့ ကွင်းလယ် တိုက်စစ်က ပြီးခဲ့တဲ့ ပွဲတွေကထက် အနည်းငယ် အားနည်းခဲ့ပြီး Form မိနေတဲ့ တိုက်စစ်မှူး မက်တေးတားလည်း ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။

ပွဲအပြီးမှာ ဖူလ်ဟမ်က ၃၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၃ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ပဲလေ့စ် ကလည်း အဆင့် ၁၄ နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။ လာမယ့် ပွဲစဉ်တွေ အဖြစ် မာကို ဆေးလ်ဗားရဲ့ အသင်းက စနေနေ့မှာ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီးတော့ ပဲလေ့စ် ကတော့ ယူနိုက်တက်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်