ညက ကစားသွားတဲ့ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ် တို့ရဲ့ လန်ဒန် ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဖူလ်ဟမ်က ရာအူးလ် ဟင်မီနက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဟင်မီနက်ဇ် ကတော့ ဖူလ်ဟမ် အတွက် နှစ်ပွဲဆက် သူရဲကောင်း ဖြစ်ခဲ့ပြီး မာကို ဆေးလ်ဗားရဲ့ အသင်းက ဒီနိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၀ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံးရဲ့ အဓိက ကစားသမား တချို့ အာဖရိကဖလား သွားရောက် ကစားနေရလို့ ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ ဒီနေ့ပွဲမှာ ဧည့်သည် ဖူလ်ဟမ် အသင်းက ပိုမို ထိရောက်တဲ့ ကစားဟန်နဲ့ အတူ ဝက်စ်ဟမ်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဖူလ်ဟမ်က ဂိုးပေါက် ကန်ချက် ၁၇ ကြိမ် ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၅ ကြိမ် အထိ ရှိခဲ့ပေမယ့် သွင်းဂိုး ရဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဝက်စ်ဟမ်း ကလည်း ဒီနေပွဲမှာ သရေရလဒ်နဲ့ ပွဲပြီးဆုံးမယ်လို့ ထင်ခဲ့ရချိန် ၈၅ မိနစ် အရောက် မှာတော့ မက္ကဆီကို တိုက်စစ်မှူးက ခေါင်းတိုက် သွင်းဂိုးနဲ့ ဖူလ်ဟမ် အတွက် လန်ဒန်ကွင်းမှာ အဖိုးတန် အနိုင် ၃ မှတ် အရယူပေးခဲ့တာ ဖြစ်ပါတယ်။
ဟင်မီနက်ဇ်ရဲ့ သွင်းဂိုးက ဟမ်းမားတွေကို နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲ ဆက်တိုက် ရှုံးနိမ့်စေခဲ့တာ ဖြစ်ပါတယ်။ ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့ခြင်းနဲ့ အတူ ဇယား အလယ်ကို ပြန်ရောက်လာခဲ့ပြီး တန်းဆင်းဇုန်နဲ့လည်း အမှတ် ထက်ဝက် ကွာဟခဲ့ပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အတွက် ကတော့ ၂၀၂၅ ခုနှစ် အတွင်း ၁၁ ပွဲမြောက် ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ၁၉၆၇ ခုနှစ်နဲ့ တင်ထားခဲ့တဲ့ လိဂ် သမိုင်းတစ်လျှောက် အိမ်ကွင်း ရှုံးပွဲ အများဆုံး အသင်း စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။
နူနို ဆန်တိုရဲ့ အသင်းဟာ လန်ဒန်ဒါဘီ ၆ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၈-၂၀၁၉ မှာ လန်ဒန်ဒါဘီ ၁၀ ပွဲစလုံး ရှုံးခဲ့တဲ့ ဖူလ်ဟမ် ပြီးရင်တော့ ပထမဦးဆုံး ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဖူလ်ဟမ်က ပြိုင်ဘက် ဂိုးပေါက်ကို ၁၅ ကြိမ် ကန်သွင်းရာမှာ မျှော်လင့်ထားတဲ့ ဂိုးအရေအတွက် ၁.၂၇ ဂိုး (xG) ရရှိခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ၁၁ ကြိမ် ကန်သွင်းရာမှာ မျှော်လင့်ထားတဲ့ ဂိုးအရေအတွက် ၀.၈၇ ဂိုးသာ ရှိခဲ့ပါတယ်။
ဟင်မီနက်ဇ်ဟာ ဝက်စ်ဟမ်းကို နောက်ထပ် တစ်ကြိမ် ခြောက်လှန့်ခဲ့ပြီး မက္ကဆီကန်သားက ဟမ်းမားတွေကို ပရီးမီးယားလိဂ်မှာ တခြားသော ပြိုင်ဘက်တွေထက် ဂိုးပိုသွင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ် (၇ ဂိုး)။ ဒါပေမယ့်လည်း ဝုဗ်မှာ ကစားခဲ့စဉ် ၂၀၂၀ ခုနှစ် ဇွန်လ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ပြောစရာ ရှိတာက နိုင်ပွဲတွေ ဆက်လာတဲ့ ဖူလ်ဟမ် အကြောင်း ဖြစ်ပါတယ်။ ဖူလ်ဟမ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် တာထွက်က အားလုံး သိကြတဲ့ အတိုင်း ယိမ်းယိုင်လွန်းခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်က နောက်ပိုင်း ပွဲတွေ မှာတော့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ နဲ့ ရှုံးပွဲ အရေအတွက် သွားတူနေပြီး ၈ ပွဲစီ ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ဒီရာသီ အိမ်ကွင်းမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး အဝေးကွင်းမှာတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲ အထိ ရှုံးထားတာပါ။ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တာက သူတို့ အတွက် ဒီရာသီ တတိယမြောက် ပရီးမီးယားလိဂ် အဝေးကွင်း နိုင်ပွဲ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော မာကို ဆေးလ်ဗားရဲ့ အသင်းက ၃ ပွဲဆက် နိုင်လိုက်ခြင်းနဲ့ အတူ ဇယား အလယ်အထိ ပြန်ရောက်လာပြီး အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့တောင် ၃ မှတ်ပဲ ကွာဟနေလို့ အများကြီး မျှော်လင့်လို့ ရလာပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


