နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါင် ၂၅ သန်းတန် ချဲလ်ဆီး နောက်ခံလူ ချာလိုဘာကို စိတ်ဝင်စားနေတဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

countdown banner

ဖူလ်ဟမ် အသင်း ကတော့ ပရီးမီးယားလိဂ် လန်ဒန် မြို့ခံ ပြိုင်ဘက် အသင်း ချဲလ်ဆီးရဲ့ နောက်ခံလူ ထရီဗော့ ချာလိုဘာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဖူလ်ဟမ်ဟာ မကြာသေးခင်က ချဲလ်ဆီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တဲ့ ဗဟိုခံစစ်မှူး တိုဆင် အဒါရာဘိုင်အိုယို နေရာမှာ အစားထိုးဖို့ အတွက် ကစားသမား တစ်ဦး ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

ဖူလ်ဟမ်မှာ လေးနှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် ဒီကစားသမားဟာ ချဲလ်ဆီးနဲ့ လေးနှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တင်မ် ရင်းမ် ကလည်း အခုလာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ ရှိနေတာကြောင့် ဖူလ်ဟမ်တို့ ဗဟိုခံစစ်မှူး တစ်ဦး မဖြစ်မနေ ရှာဖွေနေခဲ့ရပြီး ချာလိုဘာကို ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း Evening Standard က ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဖူလ်ဟမ် ကတော့ ချာလိုဘာကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အသက် ၂၄ နှစ် အရွယ် ကစားသမားကို လာမယ့် အပြောင်းအရွှေ့မှာ အရ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ချာလိုဘာကို ပေါင် ၂၅ သန်း စျေးသတ်မှတ်ထားပြီး ပရီးမီးယားလိဂ် အမြတ်အစွန်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု စည်းမျဉ်းများကို လိုက်နာဖို့ အတွက် ကစားသမားတွေ ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ချာလိုဘာဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေပြီး အသင်း ဘက်က ရောင်းထုတ်ဖို့ အသင့် ရှိနေပေမယ့်လည်း ကစားသမား ဘက်ကတော့ အလျင်စလို ထွက်ခွာလို့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ချာလိုဘာ အနေနဲ့ ဖူလ်ဟမ် ထက်စာရင် သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ ကိုက်ညီနဲ့ ထိပ်တန်း အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ ပိုမို လိုလားလျက် ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာ ပြဿနာတွေနဲ့ ကာလရှည်ကြာ ရုန်းကန်နေရတဲ့ ချာလိုဘာဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ သူ့ရဲ့ ပုံစံကောင်း တစ်ခုကို ပြသနိုင်ခဲ့တာကြောင့် နည်းပြဟောင်း ပိုချက်တီနိုရဲ့ စိတ်ကြိုက် အဓိက ကစားသမား ဖြစ်လာခဲ့ပြီး ရာသီကုန်ချိန် အထိ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ ဗဟိုခံစစ်ပိုင်း မှာတေ့ ချာလိုဘာ အပါအဝင် ဒီယာဆီ၊ ဘာဒီယာရှီးလ်၊ ဖိုဖာနာနဲ့ လီဗီ ကိုးလ်ဝဲလ် တို့ ရှိနေပြီဂ အခုဆိုရင် တိုဆင် အဒါရာဘိုင်အိုယိုပါ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ဖို့ ရှိနေသလို မလိုအပ်တဲ့ ကစားသမားတွေ ကိုလည်း ရောင်းထုတ်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းဟာ အခုနွေရာသီမှာ ကစားသမားတွေကို အလောတကြီး ရောင်းချဖို့ ဖိအားမရှိဘူးလို့ သိရပေမယ့်လည်း အီရန် မတ်ဆန်ကို အက်စတွန်ဗီလာ အသင်းထံ ပေါင် ၃၇.၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို အတိုင်းအတာ တစ်ခု အထိ ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်