နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နော်ဝေ ဆိပ်ကမ်းမြို့လေးမှသည် အနီရောင် မြောက်လန်ဒန် ရပ်ဝန်း ဆီသို့ (ပရီးမီးယားလိဂ်

countdown banner

မာတင် အိုဒီဂတ်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဆိုတာ အာလုံး လက်ခံကြလိမ့်မယ် ထင်ပါတယ်။

ဘောလုံးကို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် ကစားနိုင်မှု၊ ပါးနပ်မှု၊ မှော်ဆန်တဲ့ ဖန်တီးမှုတွေနဲ့ အတူ ပွဲတိုင်းကို နိုင်လိုစိတ် အပြည့်နဲ့ အားထည့် ကစားမှုတွေကြောင့် ကပ္ပတိန် အိုဒီက ဂန်းနား ပရိသတ်တွေ အတွက် ချစ်စရာကောင်းတဲ့ အသဲကျော် ဖြစ်နေရတာ မထူးတော့ မထူးဆန်းပါဘူး။

မာတင် အိုဒီဂတ်ဟာ ၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလတွေတုန်းက နော်ဝေနိုင်ငံ ဒရန်မန် ဆိပ်ကမ်းမြို့လေးက အံ့အားသင့်စရာ လူငယ်ခြေတက်လေး ဖြစ်ခဲ့ပါတယ်။ အိုဒီဂတ်ဟာ လက်ရှိမှာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပေမယ့် ပြောစရာ ဇာတ်လမ်းတွေ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။

နည်းစနစ်ပိုင်း ပါရမီပါမှုကြောင့် အိုဒီဂတ်ဟာ ၂၀၁၂ ခုနှစ်မှာ ၁၃ နှစ်သား အရွယ်နဲ့ စီနီယာ ပရော်ဖက်ရှင်နယ် ကစားသမားတွေနဲ့ စတင် လေ့ကျင့်ခွင့်ရခဲ့ပြီး ၁၅ နှစ် ပြည့်ချိန်မှာ ဇာတိမြို့ ကလပ် စထရွန်ဂေါ့ဆက် ပထမအသင်း အတွက် ပွဲဦးထွက် ပါဝင်ကစားပေးပြီး သမိုင်းမှတ်တမ်း စတင် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သိပ်မကြာခင်မှာပဲ ဒီလူငယ်လေးက ဘောလုံးလောက တစ်ခုလုံးကို သတိပြုမိစေမယ့် ခြေလှမ်းကို လှမ်းခဲ့ပြီး စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ချိန်မှာ အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ အဲဒီအပြောင်းအရွှေ့ဟာ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက် သန်မာသင့်သလောက် သန်မာတဲ့ အိုဒီဂတ်လို ကစားသမားမျိုး အတွက်တောင်မှ မျှော်လင့်ချက်တွေက ကြီးလွန်းနေခဲ့တာ ဖြစ်ပါတယ်။ 

လာလီဂါ
ရီးယဲလ်မက်ဒရစ်
လာ့စ်ပါးလ်မာ့စ်
1X2 သရေ (Draw) @ 6.40
ဂိုးပေါ် 3.25 @ 1.97
ဂိုးပေါင်း 2-3 @ 2.23
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဒီဂတ်ဟာ ဘာနေဗျူးရဲ့ အဝေးမှာ အငှားကစားသမား အဖြစ် ထွက်ကစားခဲ့ပြီး အသက် ၂၁ နှစ်ပြည့်ချိန်မှာ အသင်း ၄ သင်း အတွက် ကိုယ်စားပြု ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။ ပထမဆုံး အငှားထွက်တာက နယ်သာလန် ကလပ် ဟီရန်ဗင်း ဖြစ်ပြီး ပြီးတဲ့နောက် ဗိတက်စ် အာဟန်၊ ပြီးတဲ့တဲ့နောက် ၂၀၁၉-၂၀၂၀ ရာသီမှာ ရီးရဲလ် ဆိုစီဒက်ကို အငှားထွက်ခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေဟာ အိုဒီဂတ်ကို တူညီတဲ့ လိဂ်မှာပဲ အငှားချခဲ့တာပါ။ ဒါပေမယ့် လာလီဂါရဲ့ လူသိများမှုကြောင့်ရော အိုဒီဂတ်ရဲ့ အရည်အသွေးကြောင့်ပါ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ နောက်ပိုင်း အိမ်တစ်ခု ဖြစ်လာမယ့် အမ်းမရိတ်စ်ကို ရောက်ရှိခဲ့ပြီး အဲဒီနောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက အထူးတလည် ပြောနေစရာ မလိုတော့ဘူးလို့တောင် ထင်ပါတယ်။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ သူ အပါအဝင် အာဆင်နယ် တစ်သင်းလုံး မျှော်လင့်ခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ တေ့လွဲခဲ့တယ် ဆိုပေမယ့် အပေါင်း လက္ခဏာဆောင်တဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တာ ကတော့ ငြင်းလို့ မရပါဘူး။ ဒါကြောင့် အာဆင်နယ် ဘက်က နော်ဝေ ကြယ်ပွင့်ရဲ့ သွင်းဂိုးတွေနဲ့ ခေါင်းဆောင်နိုင်စွမ်းကို ဆုချတဲ့ အနေနဲ့ မကြာသေးမီက ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ 

စာချုပ်သစ်ကြောင့်လည်း အိုဒီဂတ်ဟာ အသင်းရဲ့ လစာ အမြင့်မားဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ နော်ဝေ ကနေ ထွက်ခွာလာခဲ့တာ ၁၀ နှစ် နီးပါး အကြာမှာ လူငယ် ပါရမီရှင်လေး အိုဒီဂတ် တစ်ယောက် သူ့ အတွက် နွေးထွေးတဲ့ အိမ်ကို ရှာတွေ့သွားခဲ့ပြီ ဆိုရင်လည်း မမှားပါဘူး။ သူ့ အတွက် လိုအပ်နေတာက ဆုဖလား အောင်မြင်မှုတွေ ဖြစ်ပြီး ဒါကလည်း မဝေးတော့တဲ့ အနေအထားမှာ စောင့်မျှော်နေပြီလို့ပဲ ဆိုရတော့မှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်