နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ရှင်နဲ့ ဂိုးပေါင်း အပေါ်ကို မျှော်လင့်ထားချင်တယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ခရစ္စတယ်ပဲလေ့စ် – ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ နောက်ထပ် တွေ့ဆုံမှု တစ်ခု အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်းတို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ တွေ့ဆုံမှုတိုင်းမှာ အပြန်အလှန် ရှိခဲ့ကြလို့ မထင်မှတ်ပဲ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့တော့ ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို အနိုင်ရပြီးနောက် စိတ်ဓာတ်ပိုင်း ပြန်လည် မြင့်တက်နေမှာပါ။ ကလော့ပ်ရဲ့ အသင်းကို ဒုက္ခပေးခဲ့တဲ့ ပဲလေ့စ်ရဲ့ ခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ ရပြီး အဲ့ဒီ နိုင်ပွဲကြောင့်လည်း ပဲလေ့စ်တို့ တန်းဆင်းဇုန်ဖိအားတွေနဲ့ ခပ်ဝေးဝေးကို ရောက်လာခဲ့တယ်လို့ ပြောရပါမယ်။ ပဲလေ့စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ လစ်ဗာပူးလ် တစ်သင်းတည်းကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ပဲလေ့စ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၄ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။

ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် အကြား ဗျာများခဲ့ရတဲ့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်း ကတော့ အခုဆိုရင် ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံ ပြန်စိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းက အပေါ်က နယူးကာဆယ်၊ ယူနိုက်တက် တို့နဲ့ ၂ မှတ်သာ ကွာဟနေပေမယ့် အဆင့် ၅ နေရာက စပါးနဲ့တော့ ၁၂ မှတ် အထိ ကွာဟနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းတို့ လာမယ့် ရာသီ ဥရောပ ဝင်ခွင့်ရဖို့ အတွက် ဆိုရင် လက်ကျန် ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၇ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် အကြား ဗျာများခဲ့ရတဲ့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်း ကတော့ အခုဆိုရင် ပရီးမီးယားလိဂ်ကို အပြည့်အဝ အာရုံ ပြန်စိုက်နိုင်တော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

အခုပွဲကို ပဲလေ့စ် ဘက်က ဆမ် ဂျွန်စတုန်းစ်၊ ဟိုးလ်ဒင်း၊ ဖာဂူဆန်၊ ဂေးဟီ၊ ရစ်ချက်၊ ချိတ်ခ်အိုမာ ဒူကိုရေးတို့ လွဲချော်ဖို့ ရှိပါတယ်။

ဝက်စ်ဟမ်း ဘက်မှာတော့ အဂူရတ်ဒ်နဲ့ ကယ်ဗင် ဖီးလစ် အပြင် အမ်ဗရိုပါးနို့စ်၊ ဘိုဝင်နဲ့ အာရီယိုလာ တို့လည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ခရစ္စတယ်ပဲလေ့စ် – ဟန်ဒါဆင်၊ တွမ်ကင်န်၊ အန်ဒါဆင်၊ ကလိုင်း၊ မူနော့ဇ်၊ ဟူ့ဂျ်၊ ဝှာတန်၊ မစ်ချဲလ်၊ အိုလစ်၊ မက်တေးတား၊ အီးဇီး

ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ကူဖယ်၊ ဇူးမား၊ အော့ဂ်ဘွန်နာ၊ အီမာဆင်၊ အဲလ်ဗာရက်ဇ်၊ ဆိုချက်ခ်၊ ပက်ကေးတား၊ ဝက်ဒ်ပရောက်စ်၊ ကူဒု့စ်၊ အန်တိုနီယို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ၂၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ တစ်သင်းကို ၇ ကြိမ်စီ အနိုင်ရပြီး ၉ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တွေ့ဆုံချိန်တိုင်းမှာ နှစ်သင်းပေါင်း သွင်းဂိုးတွေ များလေ့ ရှိတာ ကတော့ ထူးခြားချက် ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ဝက်စ်ဟမ်းကို ၂ ပွဲနိုင်၊ ၂ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ပဲလေ့စ်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၂.၁၁ ဆ၊ ဝက်စ်ဟမ်း နိုင်ရင်တော့ ၃.၁၁ ဆ၊ သရေ ဆိုရင်တော့ ၃.၂၇ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပဲလေ့စ်က သရေ တစ်ဝက် ရှုံး၊ သရေ အရှုံးနဲ့ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ ပဲလေ့စ်က ပြီးခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ရခဲ့လို့ စိတ်ဓာတ် မြင့်တက်နေပါလိမ့်မယ်။ ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ် ကစားထားရလို့ ပွဲပန်းနေနိုင်ပြီး အဓိက ကစားသမား တချို့လည်း ဒဏ်ရာရနေပါတယ်။ ဒီတစ်ကြိမ် ဆဲလ်ဟတ်စ်ပါ့ခ်မှာတော့ ပဲလေ့စ်ပဲ အသာရသွားဖို့ များပြီး အပြန်အလှန် သွင်းဂိုး တချို့လည်း ရှိလာနိုင်ပါတယ်။

ခန့်မှန်းရလဒ်

ခရစ္စတယ်ပဲလေ့စ် ၂-၁ ဝက်စ်ဟမ်း 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်