နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့်ရရင်တောင် ကစားရဖို့ မသေချာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ရင်တောင် ပါဝင်ယှဉ်ပြိုင်ခွင့် ရဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဓိက အကြောင်းရင်း ကတော့ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ဝယ်ယူထားတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ ပြင်သစ် လီဂူးဝမ်း ကလပ် နိုက်စ်ကို ပိုင်ဆိုင်ထားမှုကြောင့် ဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ပေါင် (၁) ဘီလျံနဲ့ ဝယ်ယူကာ အသင်းရဲ့ အားကစားရေးရာ ကိစ္စရပ်တွေကို ချုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ပြင်သစ် လီဂူးဝမ်း ကလပ် နိုက်စ်ကိုလည်း ပိုင်ဆိုင်ထားပြီး ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းနဲ့ ငြိစွန်းနေခဲ့တာပါ။ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ပိုင်ရှင်တူတဲ့ အသင်းနှစ်သင်းဟာ တူညီတဲ့ ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကစားခွင့် မရှိပါဘူး။ လက်ရှိမှာ နိုက်စ်ရော၊ ယူနိုက်တက်ရောက လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပစ်မှတ်ထား ကြိုးစားလျက် ရှိပါတယ်။ အဲ့ဒါကြောင့် သူတို့ နှစ်သင်းစလုံး ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ရင်တော့ တစ်သင်း မဟုတ် တစ်သင်းက လျှော်ပေးရမှာပါ။

ကနဦးမှာတော့ ရက်ကလစ်ဖ်က ဒီကိစ္စ အတွက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ယူအီးအက်ဖ်အေ ကတော့ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ချွင်းချက်မျိုးမှ မထားဖို့ စီစဉ်ထားပုံ ရပါတယ်။ လက်ရှိမှာ နိုက်စ်က ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက လိုင်လီနဲ့ ရမှတ်တူနေပါတယ်။ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၆) မှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက အက်စတွန်ဗီလာနဲ့ (၉) မှတ် အထိ ကွာဟနေပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေရဲ့ အဆင့် သတ်မှတ်ချက်အရ ပရီးမီးယားလိဂ် (၅) သင်း အထိ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ပေမယ့် အဆင့် (၅) နေရာက စပါးနဲ့လည်း ယူနိုက်တက်က (၆) မှတ် ကွာဟနေပြန်ပါတယ်။

ယူနိုက်တက်က ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၁၀ ပွဲ ကစားဖို့ ကျန်နေချိန်မှာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၉ မှတ် အထိ ပြတ်နေသလို တောက်လျောက် ပွဲကြပ်တွေ ဖြတ်သန်းရဦးမှာပါ။
ချန်ပီယံလိဂ် ဝင်ခွင့်ရရင်တောင် ကစားရဖို့ မသေချာ ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်

အခုလို သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူနိုက်တက်ရဲ့ လက်ကျန် ပွဲစဉ် အခြေအနေတွေ အရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဆိုတာ ရာခိုင်နှုန်း တော်တော်လေး နည်းနေပြီး တချို့ကတော့ ဒီသတင်းတွေကို ဟာသလုပ်နေကြပါတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၁၀ ပွဲ ကစားဖို့ ကျန်နေချိန်မှာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၉ မှတ် အထိ ပြတ်နေသလို တောက်လျောက် ပွဲကြပ်တွေ ဖြတ်သန်းရဦးမှာပါ။

နောက်တစ်ချက်က တန်ဟက်ဂ်ရဲ့ မထင်ရင် မထင်သလို ထထဖောက်တတ်တဲ့ နည်းစနစ်ပိုင်း ဖြစ်ပြီး ကစားသမားတွေရဲ့ ပုံမှန် မဟုတ်တဲ့ ခြေစွမ်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ၅ ပွဲမှာ ဆိုရင် ရှုံးပွဲ ၂ ပွဲ ရှိခဲ့ပြီး မန်စီးတီးကို ရှုံးခဲ့တာက လက်ခံလို့ ရနိုင်ပေမယ့် ဖူလ်ဟမ်လို အသင်းကို အိမ်ကွင်းမှာ ရှုံးခဲ့တာ ကတော့ မဖြစ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာ တချို့ပွဲတွေမှာ ဆိုရင် နိုင်ပွဲ ဆာလောင်စိတ် တော်တော်လေး ပျောက်ဆုံးနေခဲ့တာ တွေ့ရပြီး ပရိသတ် တချို့ကတော့ တန်ဟက်ဂ်ရဲ့ ကိုင်တွယ်မှု ညံ့ဖျင်းမှုကြောင့်လို့ သုံးသပ် ဝေဖန်နေကြပါတယ်။ ဒါကလည်း တချို့ တစ်ဝက်တော့ မှန်နိုင်ပြီး ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့ ကိစ္စတွေက သက်သေပါပဲ။

ဆိုတော့က ယူအီးအက်ဖ်အေ စည်းမျည်းတွေကို နောက်ထား ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေနဲ့တင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ခက်ခဲဦးမယ်လို့ ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်