နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး နည်းပြ လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

countdown banner

လက်စတာစီးတီး အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းပြန်တင်ပေးခဲ့တဲ့ နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ ချဲလ်ဆီးကို ကိုင်တွယ်ဖို့ စိတ်အားထက်သန်လျက် ရှိတယ်လို့ သိရပါတယ်။ သတင်းဖော်ပြချက်တွေ အရ အန်ဇို မာရက်စ်ကာဟာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး နည်းပြသစ် ဖြစ်လာဖွယ် ရှိတယ်လို့လည်း ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ် အရွယ် အီတလီလူမျိုး နည်းပြ မာရက်စ်ကာဟာ စပိန် ကလပ် ဆီဗီလာမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို မန်ချက်စတာစီးတီး ယူ ၂၃ အသင်း၊ မန်ချက်စတာစီးတီး အကယ်ဒမီ နည်းပြ၊ စီးရီးအေ ကလပ် ပါးမား နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ လက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့တဲ့ မာရက်စ်ကာဟာ သူ့လက်ထက်မှာ လက်စတာက ၅၃ ပွဲ ကစား၊ ၃၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၃ ပွဲရှုံး၊ ရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။

မြေခွေးတွေကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ တန်းပြန်တက်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ မာရက်စ်ကာဟာ လက်ရှိမှာ ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြလုပ်ထားပြီး အပေါင်းလက္ခဏာဆောင်လျက် ရှိကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။ ဒီလို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ အခြေအနေကောင်းနေတဲ့ မာရက်စ်ကာက သူကိုယ်တိုင်လည်း ချဲလ်ဆီးကို ကိုင်တွယ်ခွင့်ရဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ပိုချက်တီနိုကို တစ်ရာသီ အကြာမှာပဲ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် တစ်ဦး အသည်းအသန် ရှာဖွေနေပေမယ့် လက်ရှိအချိန်ထိတော့ ဘယ်သူနဲ့မှ သဘောတူညီမှု မရရှိသေးပါဘူး။ ပိုချက်တီနို လက်ထက်မှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့ပြီး အက်ဖ်အေဖလားမှာ ယူနိုက်တက် ဗိုလ်စွဲခဲ့တာကြောင့်လည်း လန်ဒန် ကလပ်က ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ အဆင့်တွေ အထိ ရောက်အောင် ထမ်းတင်ပေးခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေ ကတော့ ဒီနည်းပြရဲ့ စွဲဆောင်မှု မရှိတဲ့ ကစားဟန်၊ Risk များတဲ့ နည်းစနစ်ပိုင်းတွေ အတွက် ဘဝင်မကျ ဖြစ်ပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားပြီး နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၅၂ ရာခိုင်နှုန်း ရှိပါတယ်။

အစောပိုင်းမှာ ချဲလ်ဆီးဟာ ဘေယန်မြူးနစ်နဲ့ လမ်းခွဲခဲ့တဲ့ သူတို့ အသင်းရဲ့ သောမက်စ် တူချယ်နဲ့ ပြန်လည် လက်တွဲချင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလေ ကတော့ နည်းပြဟောင်းတွေကို ပြန်လည် ခေါ်ယူသွားမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသားပဲ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီး နည်းပြ ရာထူး အတွက် ရေပန်းစားနေသူ ၃ ဦးသာ ကျန်ရှိတော့ပြီး ဒီထဲမှာ မာရက်စ်ကာ၊ ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီနဲ့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်တို့ ပါဝင်နေပါတယ်။ ဒီဇာဘီဟာ ဘရိုက်တန် ကနေ ထွက်ခွာထားခဲ့ပေမယ့် ဘယ်အသင်းနဲ့မှ မချိတ်ဆက်ထားကြောင်း ပြောဆိုထားပြီး သောမက်စ် ဖရန့်ခ် ကလည်း ဘရန့်ဖို့ဒ်မှာပဲ ဆက်နေဖို့ များတာကြောင့် မာရက်စ်ကာ က ချဲလ်ဆီး နည်းပြ ဖြစ်လာဖို့ တော်တော်လေး အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။ အကယ်၍ ချဲလ်ဆီးသာ မာရက်စ်ကာကို အရခေါ်ယူချင်တယ် ဆိုရင်တော့ လက်စတာစီးတီး အသင်းထံ လျော်ကြေးငွေ ပေါင် ၇ သန်း ဝန်းကျင် ပေးချေရဖွယ် ရှိတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်