နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကူကာရယ်လာရဲ့ စွမ်းဆောင်ရည်ကို ချီးမွမ်းလိုက်တဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာက သူတို့ရဲ့ အသင်းမှာ ကူကူရယ်လာ လိုမျိုး ကစားသမား ၇ ဦးခန့် အထိ လိုအပ်နေတယ် ဆိုပြီးပါ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လာမာဆီယာ အကယ်ဒမီထွက် စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ ကူကူရယ်လာ ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ဘရိုက်တန် ကနေ ချဲလ်ဆီး အသင်းထံ ပေါင် ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ကူကာရယ်လာဟာ ချဲလ်ဆီး ကစားသမားဘဝ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် စပိန်နဲ့ အတူ ယူရို ၂၀၂၄ မှာ အံ့အားသင့်ဖွယ် ပြန်လည် တောက်ပလာခဲ့တာ ဖြစ်ပါတယ်။ စပိန်နဲ့ အတူ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့ပြီးတော့ အရေးပါတဲ့ နေရာ ကနေ ပါဝင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကူကူရယ်လာက ဒီရာသီမှာ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲစလုံးကို ပွဲထွက် ကစားသမား အဖြစ် ဆက်တိုက် ပါဝင်ကစားခွင့် ရထားခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ကူကူရယ်လာက ချဲလ်ဆီးရဲ့ ဘယ်ခြမ်း ခံစစ်မှာ နေရာ တစ်နေရာ အခိုင်အမာ ရရှိထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ မာရက်စ်ကာက အခုလိုပဲ ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မာရက်စ်ကာက ကူကူရယ်လာကြောင့် သူ့ရဲ့ အသင်းဖော်တွေပါ ပိုမို တိုးတက်လာခဲ့တယ် ဆိုပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။

အန်ဇို မာရက်စ်ကာက“မာ့ခ် (ကူကူရယ်လာ)က ကျွန်တော်တို့ အသင်း အတွက် အရမ်းကို အရေးကြီးပါတယ်။ တခြား ကစားသမားတွေ ဆီမှာ ရှာဖွေဖို့ ခက်ခဲတဲ့ တချို့သော အရာတွေ မာ့ခ်မှာ ရှိနေပါတယ်။ သူက ကောင်းမွန်ပြီးတော့ သူ့အနားမှာ ရှိနေတဲ့ ကစားသမားတွေ ကိုလည်း ကောင်းမွန်လာအောင် လုပ်နိုင်တယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက “ဘာကြောင့်လဲ ဆိုတော့ သူက အသင်းဖော်တွေကို အမြဲတမ်း စကားတွေ ပြောနေတက်တယ်။ အမြဲတမ်း ညွှန်ကြားမှုတွေ လုပ်ဆောင်နေတတ်ပါတယ်။ အသင်း တစ်သင်းမှာ မာ့ခ်လို ကစားသမားမျိုး ၅ ယောက် ၆ ယောက် ၇ ယောက်လောက်သာ ရှိနေမယ် ဆိုရင်တော့ ကျန်တဲ့ ကစားသမားတွေလည်း တိုးတက်လာပါလိမ့်မယ်။ ဒါက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မာ့ခ်လို ကစားသမားမျိုး ရှိနေတာ ပျော်ရွှင်မိပါတယ်။” ဆိုပြီး နည်းပြ မာရက်စ်ကာက ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်း ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ် မှာ ၅ ပွဲ ကစား၊ ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် ကထက် ပိုကောင်းတဲ့ ပုံစံတစ်ခု ပြသထားနိုင်တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်