နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်သင်းလုံး အတွက် သရေ ရလဒ် ကသာ အမျှတဆုံး အဖြေ ဖြစ်လိမ့်မယ် | ဘရိုက်တန် – လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘရိုက်တန် – လိဒ်စ်ယူနိုက်တက်

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်တို့ အစဉ်အလာအရ အမြဲတမ်း အသာမရခဲ့တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ကစားသမားကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားပေမယ့် ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ ဘရိုက်တန် ရော လိဒ်စ် အတွက်ပါ နိုင်ပွဲ ပြန်လည် ရရှိရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်နေလို့ ကျိန်းသေပေါက် အားစိုက် ကစားလာကြဖို့တော့ ရှိနေပါတယ်။

ဘရိုက်တန်တို့ ရာသီ အစမှာ တာထွက်လှခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ တွေ့ရပါတယ်။ ရှုံးပွဲ ၂ ပွဲသာ ရှိပြီး သရေ ၆ ပွဲ အထိ ရှိခဲ့တာကို ကြည့်ခြင်း အားဖြင့် ဘရိုက်တန်ရဲ့ ခြေစွမ်းဟာ အဆိုးဆုံး အနေအထားမှာ ရှိမနေသလို ပုံစံကောင်း တစ်ခု ရနေတယ် လို့လည်း ပြောလို့ မရပါဘူး။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက အသင်းနဲ့ ၂ မှတ်သာ ကွာဟနေလို့ အစဉ်အလာအရ အမြဲတမ်း အသာရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ကို အနိုင်ယူပြီး ၃ မှတ် အပြည့်ရဖို့ မျှော်လင့်လာပါလိမ့်မယ်။ ပြိုင်ဘက် အသင်းရဲ့ အခြေအနေ ပေါ်မူတည်ပြီး ကစားကွက် အခင်းအကျင်း အပြောင်းအလဲ လုပ်တတ်တဲ့ ဂရေဟမ် ပေါ်တာရဲ့ အသင်းက High Pressing ကစားလာမယ့် လိဒ်စ်ယူနိုက်တက်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာမလဲ ဆိုတာ ခန့်မှန်းရခက်ပေမယ့် ဒဏ်ရာ ပြသနာ ရှိနေတဲ့ မွီပူ၊ အဲလ်ဇိတ်၊ ဝဲလ်ဘတ် တို့ကလွဲလို့ လူစုံတက်စုံနဲ့ ပွဲထွက်လာဖို့တော့ ရှိနေပါတယ်။

ဘရိုက်တန်တို့ ရာသီ အစမှာ တာထွက်လှခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

လိဒ်စ်ယူနိုက်တက် ကတော့ မနှစ်က ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းခဲ့ပေမယ့် ဒီနှစ် မှာတော့ လုံးဝက အကျဘက် ရောက်နေတာ တွေ့ရပါတယ်။ နာမည်ကျော် နည်းပြ မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက ကစားပုံရော ရလဒ်ပိုင်း မှာပါ စွဲဆောင်မှု လုံးဝ မရှိတော့ပဲ ဒီပုံစံ အတိုင်းသာ ဆက်သွားနေဦးမယ် ဆိုရင် ကျိန်းသေပေါက် ရာသီကုန်မှာ ချန်ပီယံရှစ်ဆီ ပြန်ရဖို့ များနေပါတယ်။ ရာသီ အစမှာ ကယ်ဗင် ဖီးလစ်၊ ဘမ်းဖို့ဒ်၊ ကော့ချ် တို့လို အဓိက ကစားသမား တချို့ ဒဏ်ရာ ပြသနာ ရှိခဲ့လို့ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့တာ လက်ခံလို့ ရပေမယ့် လူပြန်စုံလာချိန်မှာ ခြေစွမ်းပိုင်း တက်မလာခဲ့တာ ကိုတော့ ဘီရဲယ်ဆာ အနေနဲ့ မဖြစ်မနေ ဖြေရှင်းသင့်နေပါပြီ။ လက်ရှိမှာ ယော်ယန်းတေး၊ ရာဖင်ညာ၊ ဖီးလစ်၊ ဒါးလက်စ်၊ ဂျက်ဟာရစ်ဆင် တို့လို ကစားသမား ကောင်းတွေ ပြန်လည် ပါဝင်လာတဲ့ လိဒ်စ်တို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကစားအား အနည်းငယ် ပြန်တက်လာပေမယ့် ပက်ထရစ် ဘမ်းဖို့ဒ်လို အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး ဒဏ်ရာ ရရှိနေတာက နိုင်ပွဲတွေနဲ့ နီးစပ်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေလို့ ပြောလို့ ရပါတယ်။ ဒန်ဂျိမ်းစ်ဟာ ကစားသမားကောင်း တစ်ဦး ဖြစ်ပေမယ့် ဘမ်းဖို့ဒ်ရဲ့ နေရာ အတွက် အစားထိုးဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုး ရှိမနေတာကိုလည်း လက်ခံရတော့ပါမယ်။ အဓိက ကတော့ နည်းပြကြီး ဘီရဲယ်ဆာ ခေါင်းမာတာကို လျှော့ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ဆုံး သတင်းတွေ အရတော့ လုခ်အေးလင်း၊ ဘမ်းဖို့ဒ်၊ ရော်ဘင်ကော့ချ်တို့ ဒဏ်ရာပြသနာ ရှိနေသေးလို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဦးမယ်လို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံ ကစားခဲ့တဲ့ ၅ ပွဲမှာတော့ လိဒ်စ်ယူနိုက်တက်တို့ ၁ ကြိမ်သာ အနိုင်ရထားခဲ့ပြီး ဘရိုက်တန် ကတော့ ၄ ကြိမ် အနိုင်ရထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာလည်း ဘရိုက်တန်တို့ ၀-၁၊ ၂-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။


ဘရိုက်တန် – လိဒ်စ်ယူနိုက်တက်

??
ဘရိုက်တန် vs လိဒ်စ်ယူနိုက်တက်အချိန်ပြည့် 1X2 သရေ @ ၃.၃၀
နိုဝင်ဘာလ ၂၈ ရက် , မနက် ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၂.၁၆ ဆ၊ ဧည့်သည် အတွက် ၃.၃၀ ဆ၊ သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အစဉ်အလာအရ ဆိုရင်တော့ ဘရိုက်တန် အသာရခဲ့တာ မှန်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်း အရ အနိုင်ကစားနိုင်ချေ ရှိ၊ မရှိ ဆိုတာတော့ သံသယ ဖြစ်စရာ ရှိနေပါတယ်။ လူပြန်စုံနေတဲ့ လိဒ်စ်ရဲ့ စုဖွဲ့မှုနဲ့ တန်းဆင်းဇုန် ဖိအားကြောင့် ဘရိုက်တန်တို့ ခက်ခက်ခဲခဲ ရဖို့ ရှိနေလို့ သရေ ရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်(၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်