နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်အသင်းနဲ့မှ ချိတ်ဆက်ထားခြင်း မရှိသေးဘူး ဆိုတဲ့ ဒီဇာဘီ | ပရီးမီးယားလိဂ်

countdown banner

မနေ့ညက ယူနိုက်တက်ကို ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲဟာ ရော်ဘတ်တို ဒီဇာဘီ အတွက် ဘရိုက်တန် နည်းပြ ဘဝ နောက်ဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၄၄ နှစ် အရွယ် အီတလီ နည်းပြဟာ ရာသီအကုန်မှာ ဘရိုက်တန် ကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် အခြားအသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ မရှိသေးကြောင်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

ဘရိုက်တန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သိသိသာသာ ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့လို့ ယူရိုပါလိဂ် ကစားခွင့် ရခဲ့သလို ၁၆ သင်း အဆင့်ထိလည်း တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ဒီဇာဘီရဲ့ အသင်းက တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ဗီလာ တစ်သင်းတည်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရာသီပိတ်ပွဲမှာလည်း ဘရိုက်တန်ဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် ရလဒ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ဒီဇာဘီရဲ့ အသင်းက တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ ဗီလာ တစ်သင်းတည်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဥရောပ အသင်းကြီးတွေက မျက်စိကျခြင်း ခံနေရတဲ့ ရော်ဘတ်တို ဒီဇာဘီ

ဒီပွဲမတိုင်ခင် ကတည်းက ရော်ဘတ်တို ဒီဇာဘီဟာ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာဘီ ကိုတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်၊ အေစီမီလန်နဲ့ နာပိုလီ တို့က စိတ်ဝင်စားနေခဲ့ပြီး ချိတ်ဆက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဆာဆူအိုလို၊ ရှက်တာဒိုးနတ်တို့နဲ့ အတိုင်းအတာ တစ်ခု အထိ အောင်မြင်ခဲ့တဲ့ ဒီဇာဘီဟာ ဘရိုက်တန်လို အသင်းကို အတိုင်းအတာ တစ်ခု အထိ ဆွဲတင်ပေးနိုင်ခဲ့တာကြောင့် နည်းပြ လက်မဲ့ ဖြစ်နေတဲ့ ဘေယန်မြူးနစ် အပြင် ပီအိုလီနဲ့ လမ်းခွဲဖွယ် ရှိတဲ့ အေစီမီလန်၊ နည်းပြ ရေရေရာရာ မရှိသေးတဲ့ နာပိုလီ တို့က စိတ်ဝင်စားနေတာ မထူးဆန်းပါဘူး။ ရော်ဘတ်တို ဒီဇာဘီဟာ ဘရိုက်တန်ကို ၈၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၃၈ ပွဲနိုင်၊ ပွဲ ၂၀ သရေ၊ ပွဲ ၃၀ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဥရောပပြိုင်ပွဲ တစ်ခုရဲ့ ရှုံးထွက် အဆင့်ထိ ရောက်အောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီဇာဘီက တခြား ကလပ် အသင်းတွေနဲ့ သဘောတူညီမှု ရှိထားပြီလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ “ဘယ်အသင်းမှ မရှိပါဘူး၊ ဘယ်သူကမှ ကျွန်တော့်ကို ဘာမှ ကမ်းလှမ်းထားတာ မရှိပါဘူး။ လောလောဆယ်တော့ ဘာမှ မရှိပါဘူး။” လို့ ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီဇာဘီက “ကျွန်တော် ပရီးမီးယားလိဂ်မှာ ပြန်ပြီး အလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။ ဘယ်အချိန်၊ ဘယ်အချိန်က စရမလဲ မသိပေမယ့် ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာ ဂုဏ်ယူမိပါတယ်။”

ဘရိုက်တန် ကနေ ဘာကြောင့် ထွက်ခွာခဲ့ရသလဲ ဆိုတဲ့ မေးခွန်း ကိုတော့ ဒီဇာဘီက “ကျွန်တော်တို့ ရှေ့ဆက်ဖို့ သဘောတူညီမှု မတွေ့ခဲ့ရပါဘူး။ ကျွန်တော့် လမ်းကြောင်း အတိုင်း ကျွန်တော် ဆက်သွားချင်ပါတယ်။

“ကျွန်တော် ဘာလုပ်ချင်တာလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ကျွန်တော်ဟာ နည်းပြ တစ်ယောက် ဖြစ်ပြီး ကလပ်ရဲ့ မူဝါဒတွေကို လက်ခံရပါမယ်။ သူတို့က ကျွန်တော့်ကို မယုံနိုင်လောက်အောင် အခွင့်အရေးတွေ ပေးခဲ့တယ်။ မယုံနိုင်လောက်စရာ လူတွေနဲ့ သိခွင့် ရဖို့၊ ပရီးမီးယားလိဂ်မှာ ကစားဖို့၊ အလုပ်လုပ်ဖို့၊ ယူရိုပါလိဂ်မှာ ကစားခွင့်ရဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်။ ဒီကလပ်၊ ဒီမြို့၊ ဒီပရိသတ်တွေနဲ့လည်း သိခွင့်ရစေခဲ့တယ်။ ကျွန်တော် မေ့လို့ ရနိုင်မှာ မဟုတ်ဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်ဘတ်တို ဒီဇာဘီရဲ့ နေရာမှာ အစားထိုးရန် ဖြစ်နိုင်ချေရှိတဲ့ နည်းပြတွေ အဖြစ် အစ်ပ်ဆွစ်ချ် နည်းပြ ကီရန် မက်ကန်နာ၊ နိစ် နည်းပြ ဖရန်ဆက်စကို ဖာရီအိုလီ တို့ ရှိနေပြီး ဘရိုက်တန် ပိုင်ရှင် တိုနီ ဘလွန်း ကတော့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

တိုနီ ဘလွန်းက “ကျွန်တော် တို့မှာ အစီအစဉ် တစ်ခု ရှိပါတယ်။ အခု ဒီအစီအစဉ်ကို အကောင်အထည် ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်