အီတလီ တိုက်စစ် ကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာလိုနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ် အရွယ် အီတလီ လက်ရွေးစင် ကစားသမား ခီယေဇာဟာ လက်ရှိ ရာသီမှာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၂၃ မိနစ်သာ ပါဝင် ကစားခွင့်ရထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ခီယေဇာက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ လစ်ဗာပူးလ် အတွက် နောက်ဆုံး ကစားထားခဲ့ပြီး အဲဒီ နောက်ပိုင်း အရန်ခုံမှာသာ ထိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ခီယေဆာက လစ်ဗာပူးလ်မှာ ပွဲထွက် ကစားခွင့် မရ ဖြစ်နေတဲ့ အပေါ် စိတ်ပျက်လျက် ရှိပြီး လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာပဲ အသင်း ပြောင်းဖို့ အလိုရှိနေကြောင်း သိရပါတယ်။
ခီယေဇာဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ခီယေဇာဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် လစ်ဗာပူးလ်ရဲ့ ဒုတိယမြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် လစ်ဗာပူးလ်ဟာ ခီယေဇာ ကို ခေါ်ယူနိုင်ဖို့ ရက်ပိုင်းလောက်ပဲ ကြိုးပမ်းခဲ့ရပြီး ခပ်မြန်မြန်ပဲ အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် နည်းပြ သီယာဂို မော့တာက ခီယေဇာဟာ သူ့ရဲ့ အစီအစဉ်မှာ မပါဝင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ကစားသမားဟာ ကလပ် အသစ် ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။
ခီယေဇာဟာ မနှစ်က စီးရီးအေမှာ သွင်းဂိုး ၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးတော့ ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ် မော့တာ ကတော့ မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်တဲ့ အီတလီသားကို အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းလိုခြင်း မရှိခဲ့ပဲ ရောင်းထုတ်ဖို့သာ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ခီယေဇာဟာ ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနိုင်ခဲ့သလို ဂျူဗင်တပ်စ် ကစားသမား ဘဝ အစပိုင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောရိုး အရွတ် ဒဏ်ရာရရှိခဲ့ချိန်မှာတော့ ခီယေဇာ တစ်ယောက် ရုန်းကန်ခဲ့ရပြီး ဘောလုံး ပြန်ကစားနိုင်ချိန်မှာလည်း ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကလည်း ခီယေဆာအနေနဲ့ အသင်း အတွက် ပွဲထွက် ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝသေးဘူးလို့ ယူဆနေကြောင်း သိရပါတယ်။ လက်ရှိမှာ ခီယေဇာကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်၊ နာပိုလီနဲ့ ရိုးမား တို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခီယေဇာရဲ့ အသင်းဟောင်း ဖီအိုရင်တီးနား ကလည်း သူ့ကို အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင် စီးရီးအေ ကလပ်တွေ အနေနဲ့ ခီယေဇာကို အငှားနဲ့ ခေါ်ယူလိုနေကြပေမယ့်လည်း လစ်ဗာပူးလ်မှာ ရရှိနေတဲ့ တစ်နှစ် လုပ်ခ လစာ ပေါင် ၆ သန်း ကိုတော့ အပြည့်အဝ ပေးချေလိုခြင်း မရှိကြောင်းတော့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.