နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုချက်တီနိုကို ထုတ်ပြီး နည်းပြဟောင်း တူချယ်နဲ့ အံ့အားသင့်ဖွင့် အစားထိုးချင်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လက်ရှိ နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်ကို အားရကျေနပ်မှု မရှိတာကြောင့် လမ်းခွဲဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တဆက်တည်းမှာပဲ ပိုချက်တီနိုရဲ့ နေရာမှာ နည်းပြဟောင်း သောမက်စ် တူချယ်နဲ့ အံ့အားသင့်ဖွယ် အစားထိုးဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ကို အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး ဥရောပဝင်ခွင့်လည်း ရရှိခဲ့ပေမယ့် အသင်းပိုင်ရှင်က ပိုချက်တီနိုကို သဘောမကျတော့ကြောင်း သတင်းတွေက ဖော်ပြနေခဲ့ပါတယ်။ ချဲလ်ဆီးဟာ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုကို ပြီးခဲ့တဲ့ ရာသီ အစကမှ နှစ်နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို ရောက်ရောက်ချင်းမှာ အပြောင်းအလဲ များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ ရာသီကုန်ခါနီးမှ ဥရောပဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တူချယ်ကို ဘေယန်မြူးနစ်က အသင်းမှာ ဆက်ရှိနေဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူကိုယ်တိုင် ကတော့ သူအောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကိုပဲ ပြန်ချင်နေပုံ ရပြီး အစောပိုင်းမှာတော့ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။
ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်ကို သဘောမကျတဲ့ တော့ဒ် ဘိုလေ

ပိုချက်တီနိုဟာ ချဲလ်ဆီးကို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ အဆင့်တွေ အထိ ရောက်အောင် ထမ်းတင်ပေးခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေ ကတော့ ဒီနည်းပြရဲ့ စွဲဆောင်မှု မရှိတဲ့ ကစားဟန်၊ Risk များတဲ့ နည်းစနစ်ပိုင်းတွေ အတွက် ဘဝင်မကျ ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဓိက က‌တော့ အသင်းပိုင်ရှင် တော့ဒ် ဘိုလေနဲ့ အဂ်ဘာလီ တို့က ပိုချက်တီနိုကို ထုတ်ပယ်ချင်နေတာ ဖြစ်ကြောင်း သိရပြီး ဘေယန်နဲ့ လမ်းခွဲခဲ့တဲ့ တူချယ်နဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားပြီး နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၅၂ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့်လည်း အရင်က ကိုင်တွယ်ခဲ့တဲ့ စပါး၊ ပီအက်စ်ဂျီ တို့နဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် နိမ့်နေတာ တွေ့ရပါတယ်။

ဘေယန်မြူးနစ်နဲ့ လမ်းခွဲခဲ့တဲ့ သောမက်စ် တူချယ် ကတော့ ၂၀၂၁ ကနေ ၂၀၂၂ ခုနှစ် အထိ ချဲလ်ဆီးကို တစ်နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပြီး အချိန်တိုတွင်းမှာ ဆုဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။ တူချယ်ဟာ ချဲလ်ဆီး အတွက် ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားတွေ ရယူပေးခဲ့ပြီး ပြည်တွင်း အောင်မြင်မှုထက် ပြည်ပ အောင်မြင်မှုတွေ ပိုမို ရရှိခဲ့သူ ဖြစ်ပါတယ်။ တူချယ်ဟာ ဘေယန်မြူးနစ် မှာတော့ အဘက်ဘက်မှာ အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရသလို ဘွန်ဒက်စ်လီဂါ ကလပ် ကလည်း သူရောက်ရှိလာချိန်မှာ ဖလား လက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။

တူချယ်ကို ဘေယန်မြူးနစ်က အသင်းမှာ ဆက်ရှိနေဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူကိုယ်တိုင် ကတော့ သူအောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကိုပဲ ပြန်ချင်နေပုံ ရပြီး အစောပိုင်းမှာတော့ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

သတင်းတွေ မှာတော့ တူချယ်ဟာ ပရီးမီးယားလိဂ် ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် ချဲလ်ဆီး သို့မဟုတ် ယူနိုက်တက်ကို နည်းပြသွားဖွယ် ရှိနေပြီး အကယ်၍ နှစ်သင်းစလုံးကို မရွေးချယ် ဖြစ်ရင်တော့ အချိန်ကာလ တစ်ခု အကြာ အနားယူသွားဖွယ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်