နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဒါရာဘိုင်အိုယိုကို ဖြတ်ခုတ်ဖို့ ကြိုးစားနေပြီ ဖြစ်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်း ကတော့ လာမယ့် ရာသီ အတွက် ကြိုတင် ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ နည်းပြသစ်နဲ့ အတူ ကစားသမားသစ်တွေလည်း ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီး အခု လက်ရှိမှာတော့ မြိုခံ ပြိုင်ဘက် ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ တိုဆင် အဒါရာဘိုင်အိုယိုကို အလွတ်နဲ့ ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး အဒါရာဘိုင်အိုယိုဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး လူငယ် အကယ်ဒမီထွက် အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်။ သူက ၂၀၂၀ ခုနှစ်မှာ မန်ချက်စတာစီးတီး ကနေ ဖူလ်ဟမ်ကို ပြောင်းရွှေ့ကြေး ယူရို ၁.၆၅ သန်းထဲနဲ့ ပြောင်းရွှေ့လာခဲ့ ပြီးနောက် ဖူလ်ဟမ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

ဒီကစားသမားဟာ ခရေဗင်ကော့တေ့ဂျ်မှာ ၄ နှစ်တာ ကာလ အတွင်း ဖူလ်ဟမ် အတွက် ပြိုင်ပွဲစုံ ၁၃၂ ပွဲ ပါဝင်ကစားပေးထားပြီး ၅ ဂိုး သွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ သူ့ရဲ့ ထူးခြားချက် ကတော့ ပြိုင်ဘက် တိုက်စစ်မှူးတွေကို လူကပ် ကစားရာမှာ ထူးချွန်ပြီး အမြင့်ဘောတွေ ရှင်းထုတ်ရာမှာလည်း သေသပ်ကောင်းမွန်တာ တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ ဖူလ်ဟမ် ကစားသမား ဘဝမှာ အဝါကတ် ၁၀ ကတ်နဲ့ အနီကတ် ၁ ကြိမ်သာ ပြသခံထားရသူလည်း ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်လည်း အဒါရာဘိုင်အိုယိုဟ ပါးနပ်တဲ့ ခံစစ်မှူး တစ်ဦး ဖြစ်တယ် ဆိုတာ သိသာပါတယ်။


အသက် ၂၆ နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး အဒါရာဘိုင်အိုယိုဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး လူငယ် အကယ်ဒမီထွက် အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်။
ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းမယ့် ချဲလ်ဆီး

ဒီလို အရည်အသွေးမြင့် ဗဟိုခံစစ်မှူးကို လက်ရှိ ကလပ် ဖူလ်ဟမ်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အသင်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အဒါရာဘိုင်အိုယိုက သူ့ရဲ့ အရည်အသွေး အပေါ် ယုံကြည်မှု ရှိနေပြီး ကစားသမားဘဝ တစ်ဆင့် မြှင့်ရမယ့် အချိန်ကို ရောက်နေပြီလို့ ယူဆတာကြောင့် ဖူလ်ဟမ်ထက် ပိုမြင့်တဲ့ အသင်းတွေဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ နောက်ဆုံးရ သတင်းတွေအရ ဆိုရင် အဒါရာဘိုင်အိုယိုက ဖူလ်ဟမ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီး မတိုင်ခင် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က အဒါရာဘိုင်အိုယိုကို အလွတ်နဲ့ ခေါ်ယူဖို အတွက် ချိတ်ဆက်မှုတွွေ ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ လန်ဒန် ကလပ်ဟာ အဒါရာဘိုင်အိုယိုလုပွဲ ထဲမှာ ပါဝင်လာပြီး ဖြတ်ခုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်ကြတဲ့ Sky Sportsနဲ့ Daily Mail တို့ရဲ့ တူညီတဲ့ ဖော်ပြချက်တွေအရ ချဲလ်ဆီးက အဒါရာဘိုင်အိုယိုရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ထားကာ သူတို့ အသင်းဆီ ပြောင်းလာဖို စည်းရုံးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမား ဆီကိုလည်း စာချုပ်တစ်ရပ် ပေးပိ့်ကာ တရားဝင် ကမ်းလှမ်းထားကာ ပုဂ္ဂိုလ်ရေး အရ အရင်ဆုံး သဘောတူညီမှု ရဖို့ ကြိုးစားနေတယ်လို့လည်း ဖော်ပြပါတယ်။ ဒါကြောင့် ကစားသမား ကိုယ်တိုင် ကလည်း ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို အလေးအနက်ထား စဉ်းစားနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်